Latest News

Thursday, June 7, 2018

အိန္ဒိယအကူအညီဖြင့် မုံရွာတွင် စက်မှု သင်တန်းကျောင်း ဖွင့်မည်

အိန္ဒိယအကူအညီဖြင့် မုံရွာတွင် စက်မှု သင်တန်းကျောင်း ဖွင့်မည်


အိန္ဒိယသမ္မတနိုင်ငံ အကူအညီဖြင့် မုံရွာမြို့တွင် စက်မှု သင်တန်းကျောင်း ဖွင့်ရန် ယခု ဘဏ္ဍာရေးနှစ်မှ စ၍  ပြင်ဆင်နေပြီဖြစ်ကြောင်း  စက်မှုဝန်ကြီးဌာန သင်တန်းကျောင်းများဌာန ညွန်ကြားရေးမှူး ဦးစောမှတ်ကျော် ကပြောသည်။
 
     မုံရွာ နှင့် သထုံမြို့တို့တွင် တည်ဆောက်မည့်  စက်မှုသင်တန်းကျောင်းသစ်အပါအ၀င်  အမှတ် ၆ စက်မှုသင်တန်းကျောင်း (မြင်းခြံ)တို့အား ဘက်စုံပြုပြင်ထိန်းသိမ်းရေး စီမံကိန်းဆောင်ရွက်ရန်  အိန္ဒိယ-မြန်မာ နားလည်မှု စာချွန်လွှာ နှင့် အပြန်အလှန်သဘောတူညီချက်များ ကို  မေလ၁၁ ရက်နေ့က နှစ်နိုင်ငံအကြီးအကဲများရှေ့မှောက်တွင် လက်မှတ်ရေးထိုးခဲ့ကြခြင်းဖြစ်သည်။

   “ တည်ဆောက်ရေးတွေ၊စက်ပစ္စည်းတွေရောက်ရှိဖို့တွေ၊ နည်းပြဆရာ၊ဆရာမတွေကို အိန္ဒိယနိုင်ငံမှာခေါ်ပြီး သင်တန်းပေးဖို့တွေ အဲဒီအစီအစဉ်တွေ အများကြီးကျန်သေးတာပေါ့နော်၊အကြမ်းမျဉ်းတော့ ပရောဂျက်ကာလ ၂ နှစ်လောက် ကြာဦးမယ်၊ “ဟု ဦးစောမှတ်ကျော်ကပြောသည်။
 
      မုံရွာစက်မှု သင်တန်းကျောင်းကို မုံရွာမြို့ကျောက္ကာလမ်း ရွှေဇလုပ်ရပ်ကွက် ရှိစက်မှုဝန်ကြီး
 ဌာန အမှတ် ၆ အထည်ချုပ်စက်ရခွဲကို အကြီးစားပြင်ဆင်၍ သင်တန်းကျောင်းပုံစံပြုလုပ်အသုးံပြုသွားမည်ဖြစ်သည်။သင်တန်းကျောင်းတည်ဆောက်ပြင်ဆင်မှုများကာလအတွင်း သင်တန်းအတွက် သင်ကြားပေးမည့်ဆရာ၊ဆရာမများကိုအိန္ဒိယနိုင်ငံသို့ခေါ်ယူသင်တန်းပေးခြင်း၊သင်တန်းတွင် လိုအပ်သော သင်ထောက်ကူ စက်ကိရိယာများကို အိန္ဒိယမှ သယ်ယူတပ်ဆင်ခြင်းများ ဆောင်ရွက်သွားမည်ဖြစ်သည်။ သင်တန်းတွင် စက်မှု ဘာသာရပ်များအား စာတွေ့ ၃၀ ရာခိုင်နှုန်း၊လက်တွေ့ ၇၀ ရာခိုင်နှုန်းဖြင့်သင်ကြားပေးမည်ဖြစ်သည်။
 

 မုံရွာသင်တန်းကျောင်းတွင်   စက်မှုအခြေခံသာသာ ရပ် ၁၀ မျိုးသင်ကြားမည်ဖြစ်ပြီး အခြားသော ပြည်တွင်းသင်တန်းကျောင်းများ၌ သင်ကြားခြင်းမရှိသေးသော အထည်လိပ်ပန်းဒီဇိုင်းထွင်ခြင်း နှင့်ပတ်သက်သည့်ဘာသာရပ် ကိုလည်း ထည့်သွင်းသင်ကြားပေးမည်ဖြစ်သည်။

ကိုသစ္စာ-မုံရွာ

No comments:

Post a Comment