Latest News

Wednesday, June 13, 2018

မပြီးဆုံးနိုင်သေးတဲ့ ရာမို့စ်နဲ့ ဆာလာကြားက စကားစစ်ထိုးမှုများ

မပြီးဆုံးနိုင်သေးတဲ့ ရာမို့စ်နဲ့  ဆာလာကြားက စကားစစ်ထိုးမှုများ


လီဗာပူးရဲ့ ချန်ပီယံလိဂ်ဗိုလ်လုပွဲ အရေးနိမ့်မှုမှာ  ရီးယဲလ်အသင်းခေါင်းဆောင်   ရာမို့စ်က ဗီလိန် ဖြစ်ခဲ့ရပြီး သူဟာ လီဗာပူးတိုက်စစ်မှူး ဆာလာ ကို ကွင်းထဲက ထွက်ခွာရအောင် ဒဏ်ရာရစေခဲ့သူ လို့ စွပ်စွဲမှုတွေရှိနေသလို အမှားတွေ ကျူးလွန်ခဲ့တဲ့ ကားရီးယက်စ်ကလည်း ရာမို့စ်ရဲ့ တံတောင်နဲ့ ရိုက်မိခဲ့လို့ အမြင်ပိုင်းပြဿနာတွေကြောင့် အခု လိုဆိုးရွားတဲ့ အမှားအချို့ကျူးလွန်ခဲ့တာဆိုတဲ့ ဆေးပညာရှင်အချို့ရဲ့ ပြောကြားချက်တွေက လည်း မီးလောင်ရာလေပင့် ဆိုသလိုပါပဲ။

ရာမို့စ်ကတော့ ဆာလာအနေနဲ့ ဆေးထိုးပြီး ဗိုလ်လုပွဲကို ဆက်ကစားသင့်တယ်၊ သူ့ကို တရားခံချနေသူ များနေတာကြောင့် ဖာမီနိုလည်း  သူ့ချွေးစက်ကျကာ အအေးမိပြီး ဖျားတာမျိုးဖြစ်လာနိုင် သေးတယ်လို့ မခံချိမခံသာ တုံ့ပြန် ခဲ့တာဟာ အားကစားသတင်း တွေရဲ့ ခေါင်းစီးသတင်းတွေ အဖြစ် နေရာယူနိုင်ခဲ့ပါတယ်။

ဆာလာဟာ အစောပိုင်းက အချိန်အတော်ကြာ နှုတ်ဆိတ်နေ ခဲ့ပေမယ့် သူ့ကိုဆေးထိုးပြီး ပြိုင်ပွဲကို ဆက်ကစားသင့်တယ်လို့   ဆိုခဲ့တဲ့  ရာမို့စ်ရဲ့ စကားအပေါ် ဒေါသထွက်သွားတဲ့ ပုံပေါ်ပါတယ်။ အဲဒီနောက်တော့ ရာမို့စ်က သူ့ကို မက်ဆေ့ခ်ျပို့ပေမယ့် သူကတော့ အိုကေပါတယ်လို့ ပြန်မပြောကြောင်း၊ သူသာဆေးထိုးပြီးပြိုင်ပွဲကို ဆက်ကစားရင် ကမ္ဘာ့ဖလားနဲ့ သေချာပေါက်လွဲချော်မှာဖြစ်ကြောင်းစသဖြင့်  တောက်လျှောက်ချေပသွားခဲ့သလို သူ့ရဲ့ကြံ့ခိုင်မှု ကောင်းမွန်ရေးအတွက်လည်း လေ့ကျင့်နေပုံတွေကို လူမှုကွန်ရက်တွေပေါ်မှာ တောက်လျှောက်တင် ခဲ့တာကို တွေ့ရပါတယ်။

ကာယကံရှင်တွေရဲ့ အပြန်အလှန်ပြောဆိုမှုတွေ ရှိနေသလို တစ်ဖက်မှာလည်း ဘောလုံးလောကကျွမ်းကျင်သူတွေရဲ့ ထင်မြင်ချက်တွေ၊ အီဂျစ်က ရှေ့နေတစ်ဦးရဲ့ အဓိပ္ပာယ်မဲ့ ရာမို့စ်ကို လျော်ကြေးတောင်းမယ်ဆိုတဲ့ သတင်းတွေကို မီဒီယာတွေက တောက်လျှောက်ဖော်ပြခဲ့ကြတာကြောင့်လည်း သာမန်ဒဏ်ရာရတဲ့ဖြစ်ရပ်က  မပြီးဆုံးနိုင်ဖြစ်နေ တာပါ။ တကယ်တော့ ရာမို့စ်ပြောတာ မှန်ပါတယ်၊ အခြားကစားသမားတွေလည်းပဲ ပခုံးဒဏ်ရာလောက်ကို ဆေးထိုးပြီးပြိုင်ပွဲကို ဆက်လက်ယှဉ်ပြိုင်တတ်ကြပြီး  ဆာလာဟာ ရာမို့စ်ကို လက်စချိတ်ခဲ့တာဖြစ်သလို ရာမို့စ်ကလည်း သူ့အလုပ်သူအတိုင်း ဘောလုံးကို ဖျက်ထုတ်ရယူဖို့ ကြိုးစားခဲ့တာသာဖြစ်ပါတယ်။

ကစားသမားတစ်ဦး ပခုံးဒဏ်ရာ ရသွားတယ်ဆိုတာ သာမန်ဒဏ်ရာသာဖြစ်ပြီး လပေါင်းများစွာကြာအောင် အနားယူရတဲ့ ခြေထောက်ကျိုးသွားတာ၊ အရွတ်ကြောပျက်စီးသွားတာလည်း မဟုတ်တာကြောင့် သူတို့နှစ်ဦးကြား ပြောလို့မပြီးဖြစ်အောင် ဖန်တီးနေတာက ဘောလုံးဆို သဲသဲလှုပ်အားပေးတဲ့ လီဗာပူးပရိသတ်တွေအကြိုက်လိုက် ရေးသားနေတဲ့ မီဒီယာတွေကိုသာ ဖြစ်တယ်လို့ လက်ညှိုးထိုး အပြစ်တင်ရတော့မှာ ဖြစ်ပါတယ်။

The Mirror

No comments:

Post a Comment