ကြံခင်းနှင့်ဟသာင်္သို့ဆက်သွယ်ထားသော ကားလမ်းမပေါ်ရေကျော်မှုများဖြစ်ပွား
အင်္ဂပူ ဇွန် ၁၂
အင်္ဂပူမြို့နယ်၊မဲဇလီကုန်းမြို့တွင် ဇွန် ၁၂ရက်နေ့ နံနက် ၂နာရီအချိန်ခန့်က မိုးသည်းထန်စွာရွာသွန်းမှုကြောင့် ကညင်ချောင်းရေ မြင့်တက်ပြီး မဲဇလီကုန်းမြို့ပေါ်အတွင်းရှိ ရပ်ကွက်များ၊ ကျေးရွာများတွင် လူနေအိမ်အချို့ ရေဝင် ရောက်ခဲ့ကြောင်းသိရသည်။
အဆိုပါ ကညင်ချောင်ရေမြင့်တက်မှုကြောင့် မဲဇလီကုန်းမြို့ပေါ်ရှိ မြို့မရပ်ကွက် ၊ဈေးကြီးရပ်ကွက်၊သဖန်းပင် ရပ်ကွက် စသော ရပ်ကွက် (၁၇)ခုအတွင်းရှိ လူနေအိမ် (၁၃၃၁)လုံး ချောင်းရေများဝင်ရောက်ခဲ့ပြီး လယ်မြေဧက၁၂၆၇ ဧကခန့် ရေဝင်နစ်မြုပ်လျှက်ရှိကြောင်း၊ မဲဇလီကုန်းဒေသအတွင်းရှိ စာသင်ကျောင်း (၁၈)ကျောင်းခန့် ချောင်းရေဝင် ရောက်မှုကြောင့် ခတ္တပိတ်ထားကြောင်းနှင့် ကြံခင်းမြို့နှင့် ဟသာင်္တမြို့သို့ ဆက်သွယ်ထားသော ကားလမ်းမပေါ်ရှိ မဲဇလီကုန်းနှင့်ချင်းချောင်ကျေးရွာအကြား မိုင်တိုင်အမှတ်၁၃၉/၁၇နှင့်၁၃၉/၁၈တွင် ကားလမ်းမပေါ်သို့ရေကျော်မှု များ ဖြစ်ပေါ်ခဲ့ကြောင်းသိရသည်။
မန်းကျော်(ပြန်/ဆက်)
Subscribe to:
Post Comments (Atom)
No comments:
Post a Comment