Latest News

Tuesday, June 12, 2018

ကင်း ဂျုန် အန်း စင်္ကာပူ ည အလှ ခံစား၊ မစင်များ ရန်သူလက် မရောက်ရှိအောင် ကာကွယ်

ကင်း ဂျုန် အန်း စင်္ကာပူ ည အလှ ခံစား၊ မစင်များ ရန်သူလက်
မရောက်ရှိအောင် ကာကွယ်

မြောက်ကိုရီးယား ခေါင်းဆောင် ကင် ဂျုန်း အန်းသည် ကိုယ်ရံတော် တလှေကြီးနှင့်အတူ မနေ့ ည စင်္ကာပူ စံတော်ချိန် ဆယ်နာရီ ခွဲက တည်းခိုရာ St. Regis ဟိုတယ်မှ ထွက်ခွာပြီး စင်္ကာပူ ည အလှကို လှည့်လည် ကြည့်ရှု့ပြီး ကမ္ဘာလှည့် ခရီးသည်များ အား နှုတ်ဆက်ခြင်း။ ဆယ်လ်ဖီ ဆွဲခြင်းများ ပြုလုပ်ခဲ့ကြောင်း Fox News က Live ထုတ်လွှင့်သွားတာ တွေ့လိုက်ရပါတယ်။ (ပုံတွင် တွေ့ရစဉ်)

သူ လမ်းလျောက်  သွားခဲ့တဲ့နေရာတွေကတော့ Gardens by the Bay ဖြစ်ပြီး စင်္ကာပူ နိုင်ငံခြားရေး ၀န်ကြီး နဲ့ ပညာရေး ၀န်ကြီး ပါ အတူ လိုက်ပါခဲ့ပါတယ်။ ၎င်းနှင့်အတူ ညီမဖြစ်သူ ကင် ယို ဂျောင်း လည်း အတူ လိုက်ပါခဲ့ပါတယ်။ Marina Bay Sand ကိုလည်း ရောက်ခဲ့တယ်လို့ ဆိုပါတယ်။ နေ့လည်ပိုင်းမှာ စင်္ကာပူ ၀န်ကြီးချုပ် လီဆင်လုံး နဲ့ တွေ့ဆုံခဲ့ပြီးလည်း ဖြစ်ပါတယ်။

ကင်ဂျုန်အန်း ရဲ့ အယုံကြည်ဆုံး ဖြစ်သူ ညီမဖြစ်သူ ကင် ယို ဂျောင်းက သီးခြား လေယာဉ် နဲ့ ရောက်ရှိလာတာ လည်း ဖြစ်ပါတယ်။ (ပုံတွင် တွေ့ရစဉ်)

၎င်းရဲ့ ခရီးစဉ်နဲ့ ပါတ်သက်ပြီး မြောက်ကိုရီယား မှ အထူးလျိ့ဝှက်ထားခဲ့ပြီး ၎င်း၏ လေယာဉ်ကို ပြစ်ချရန် ကြံစည်နိုင်တဲ့ ရန်သူများ အား အာရုံလွှဲနိုင်အောင် တရုတ် လေကြောင်းလိုင်းမှ ငှားထားတဲ့ ပုံစံတူ ဘိုအင်း ၇၄၇ လေယာဉ် သုံးစီး တနာရီ အတွင်းမှာ အတူ ထွက်ခွာလာတာ ဖြစ်ပါတယ်။ မြောက်ကိုရီယား ခေါင်းဆောင်အနေနဲ့ ၎င်း ဘယ်လို လေယာဉ်မျိး နဲ့ ခရီးထွက်တယ်ဆိုတာ အခုလို ထုတ်ပြောတာ အင်မတန် မှ ဖြစ်တောင့် ဖြစ်ခဲဟု လေ့လာသူတွေက သုံးသပ်ခဲ့ကြပါတယ်။ သူနဲ့ အတူ အဖွဲ့ဝင် တရာနီးပါး လိုက်ပါလာခဲ့ပါတယ်။

နောက်တကြောင်း က တရုတ် လေယာဉ်ကို သုံးသည်ဟု လူသိရှင်ကြား ပြောကြားလိုက်ခြင်းဖြင့် ၎င်း၏ ထိပ်သီး တွေ့ဆုံပွဲအတွက် တရုတ် မှ တက်တက်ကြွကြွ ထောက်ခံမှု ပေးနေကြောင် သိစေလို၍လည်း ဖြစ်နိုင်ပါတယ်။

ပျံသန်းမှု လမ်းကြောင်း ကို ပုံမှန် ပင်လယ်ပြင်ပေါ် ဖြတ်ကျော် ပျံသန်းခြင်း မရှိပဲ ကုန်းတွင်းပိုင်း ကနေ ရွေးချယ် ပျံသန်းခဲ့ကြောင်းလည်း စင်္ကာပူ သတင်းစာ The Straits Times မှာ ဖတ်ရပါတယ်။ ကင်ဂျောင်အန်း နဲ့ တထေရာတည်း တူအောင် အယောင်ဆောင်လာသူ ဟောင်ကောင်မှ Howard X လို့ အမည်ပေးထားတဲ့ လီ ဟိုးဝပ် ဟို ၀မ် ဆိုသူအား ချန်ဂီလေဆိပ်မှာ လုံခြုံရေး အဖွဲ့တွေက နှစ်နာရီကြာ ခေါ်ယူစစ်ဆေးပြီး ၀င်ခွင့်ပြုခဲ့ကြောင်းလည်း သိရပါတယ်။ (ပုံတွင် ၎င်းနှင့်အတူ ဒေါ်နယ်ထရန် ပုံတူ ပြုလုပ်လာသူ အမေရိကန်မှ ဒင်းနစ် အလန် ဆိုသူအား မား လိုင်ယွန် ရင်ပြင်တွင် အတူ တွေ့ရစဉ်)

မြောက်ကိုရီယား ခေါင်းဆောင် စီးဖို့ ကျည်ကာ လီမောဆင်း တစီး နဲ့ အလွယ်တကူ အသုံးပြုနိုင်မယ် ခရီးဆောင် ရေအိမ်သာ တလုံးကိုလည်း မြောက်ကိုရီယား သယ်ယူပို့ဆောင်ရေး လေယာဉ် ဖြစ်တဲ့ IL-76 နဲ့ သယ်ယူလာခဲ့ပါတယ်။ ခရီးရှည်ထွက်ဖြစ်ရင် အခုလို ကိုယ်ပိုင် အိမ်သာ ကို ယူလေ့ရှိတယ်လို့ ကိုရီယား သတင်းစာ Chosun Ilbo က ဖေါ်ပြထားခဲ့ပါတယ်။ အဓိက အကြောင်းကတော့ ၎င်းရဲ့ မစင်မှ တဆင့် ကျန်းမာရေး အခြေအနေကို ရန်သူ သိသွားမှာ စိုးတဲ့ အတွက် ဖြစ်တယ်လို့ မြောက်ကိုရီယား သမ္မတ အစောင့်တပ်ရင်းမှ မှ ထွက်ပြေးခိုလှုံလာသူတဦး က The Washington Post သတင်းစာကို ပြောပြခဲ့ပါတယ်။ ကင် ဂျုံ အန်း စားဖို့သောက်ဖို့ အတွက် ကိုယ်ပိုင် စားဖိုမှုးကိုပါ တပါတည်း ခေါ်ယူလာခဲ့ပါတယ်။

ဒီနေ့မှာ ကင် နဲ့ ထရန့်တို့ စင်္ကာပူ ရှိ အပန်းဖြေစခန်း ဖြစ်တဲ့ စင်တိုစာ ကျွန်းပေါ်ရှိ Capella Hotel မှာ နှစ်နာရီ နီးပါး တွေ့ဆုံဖို့ စီစဉ်ထားပါတယ်။ လိုအပ်ရင် ခေါင်းဆောင်နှစ်ဦး အတူ ဂေါက်သီးကစားနိုင်ဖို့စင်္ကာပူ ရှိ အထင်ကရ ဂေါက်ကွင်းနဲ့ လည်း နီးပါတယ်။

ထရန်ကတော့ ကင် တည်းခိုနေသည့် နေရာနှင့် တမိုင်ခန့်ပင် မဝေးသော ရှန် ဂရီလား ဟိုတယ်မှာ တည်းခိုးနေကာ  နေ့ချင်းပြီး ၀ါရှင်တန် ကို ပြန်ဖို့ ရှိနေပါတယ်။ ကင် ဂျုံးအန်းက အခုလို စိတ်အေးလက်အေး လျှောက်သွားနေချိန်တွင် ဒေါ်နယ်ထရန့်က ဟိုတယ်မှ ဘယ်မှ မထွက်ပဲ လက်ထောက်များ နဲ့ ခေါင်းချင်းရိုက်နေတယ်လို့ လန်ဒန်ထုတ် ဒေလီမေးလ် သတင်းစာမှာ ဖေါ်ပြထားပြန်ပါတယ်။

စင်္ကာပူသည် ယခုအခါ ၎င်း၏ နဂိုမူလ တင်းကျပ်သော လုံခြုံရေး အစီအစဉ်များ နဲ့ ဆန္ဒပြပွဲများကို ခွင့်မပြုတဲ့ အနေအထားကြောင့် အာဏာရှင်များ ထိပ်သီး ဆွေးနွေးပွဲ လုပ်ဖို့ မျက်စိကျတဲ့ နေရာတခု ဖြစ်လာနေပါတယ်။

၂၀၁၅ မှာလည်း တရုတ် သမ္မတ စီရှင်ပင့် နဲ့ တိုင်ဝမ် သမ္မတ မာ ရင် ဂျောင်းတို့ စင်္ကာပူ တွင် တွေ့ဆုံ ရန် ရွေးချယ်ခဲ့ကြပြန်ပါတယ်။

ယခု ပြုလုပ်မည့် ထိပ်သီး ဆွေးနွေးပွဲ အတွက် လုံခြုံရေး အပါအ၀င် ကုန်ကျစရိတ် အားလုံးကို စင်္ကာပူ က ပဲ ကျခံ ခဲ့တယ်လို့ စင်္ကာပူ ကာကွယ်ရေး ၀န်ကြီးဌာန သတင်းအရ သိရပါတယ်။

လှစိုး​ဝေ

No comments:

Post a Comment