Latest News

Monday, June 11, 2018

ဖားကန့်မြို့နယ်၌ တောင်ကမ်းပါးယံပြိုကျ၍ လူတစ်ဦးသေဆုံး

ဖားကန့်မြို့နယ်၌ တောင်ကမ်းပါးယံပြိုကျ၍ လူတစ်ဦးသေဆုံး

ဖားကန့်    ဇွန် ၁၁

ကချင်ပြည်နယ်၊ မိုးညှင်းခရိုင်၊ ဖားကန့်မြို့နယ်၊ဆိပ်မူကျေးရွာအုပ်စု ဘစံချောက်ကျေးရွာနှင့် စပေါ့ကျေးရွာကြားရှိအကျိုးတူကျောက် မျက်ကုမ္ပဏီတခု၌ ရုတ်တရက် မြေပြိုကျလာသောကြောင့် ရေမဆေးကျောက်ရှာဖွေနေသူများဒဏ်ရာရရှိကာသေဆုံးသူရှိကြောင်း
သိရသည်။

ဖြစ်စဉ်မှာဆိပ်မူကျေးရွာအုပ်စုဘစံချောက်ကျေးရွာနှင့် စပေါ့ကျေးရွာကြားရှိယွန်းရွှေရည်အကျိုးတူကျောက်မျက်ကုမ္ပဏီလုပ်ကွက်အတွင်း၌(နိုင်ငံတော်နှင့်အကျိုးတူ) ရုတ်တရက်မြေပြိုကျ၍ ရေမဆေးကျောက်ရှာဖွေသူတဦးဒဏ်ရာရရှိကြောင်းသတင်းအရဇွန် ၁၁ ရက် မွန်းလွဲ ၁၂နာရီခွဲခန့်တွင် ဖားကန့်မြို့မရဲစခန်းမှူး ၀င်းဇော်ဦး၊ ဆပ်မူရဲကင်းစခန်းမှူး ရဲအုပ်အောင်ဇင်ကျော်၊ ဖားကန့်နယ်ထိန်းခေါင်းဆောင်၊ ရဲအုပ်ဇော်ဇော် တို့အဖွဲ့ သွားရောက် စစ်ဆေးရာယွန်းရွှေရည်ကုမ္ပဏီလုပ်ကွက်အတွင်းရေမဆေးကျောက်ရှာဖွေသူစပေါ့ကျေးရွာနေစိုးလှိုင်(၃၈)နှစ်ပေါ်သို့ ရုတ်တရက်မြေပြိုကျလာသောကြောင့် မြေပိ၍ နေရာတွင်ပင် သေဆုံးပြီးမောင်ကျော်ထွေး(၂၇)(ယာလက်ဖျံပွန်းပဲဒဏ်ရာ) ရရှိကြောင်းသိရသည်။

သို့ဖြစ်၍ မြေပိသေဆုံးသူစိုးလှိုင် အားဥပဒေအရစုံစမ်းစစ်ဆေးပေးပါရန် ဆိပ်မူရဲကင်းစခန်းမှူး ရဲအုပ်အောင်ဇင်ကျော်မှ တရားလိုပြုလုပ်တိုင်တန်း၍ ဖားကန့်မြို့မရဲစခန်းမှ အမှုဖွင့်ပြီးဖားကန့်မြို့မစခန်းမှူး ဒုတိယရဲမှူး ၀င်းဇော်ဦးက အမှုအားစစ်ဆေးဆောင်ရွက် လျက်ရှိကြောင်းသိရှိရသည်။   ။

စိုးနိုင်ဦး(ဖားကန့်)

No comments:

Post a Comment