Latest News

Wednesday, June 13, 2018

ချောင်းရေတိုးမှုကြောင့် စာသင်ကျောင်းများခေတ္တပိတ်ထား

ချောင်းရေတိုးမှုကြောင့် စာသင်ကျောင်းများခေတ္တပိတ်ထား

ကြံခင်း                     ဇွန်                      ၁၃

ဧရာဝတီတိုင်းဒေသကြီး၊ ကြံခင်းမြို့နယ်တွင် ဇွန်(၁၁)ရက်နေ့ မိုးသည်းထန်စွာ ရွာသွန်းမှုကြောင့် မြို့နယ်ရှိဖားတစ်ရှဉ်းချောင်းမှရေများတိုးလျှံလာပြီး ၎င်းချောင်းပတ်ဝန်း ကျင်ရှိအမှတ်(၂)ရပ်ကွက်၊ ကိုးအင်း၊ ခုံကြီး၊ အုတ်တွင်း၊ရွှေပန်းတော၊ သဲဖြူနှင့်အလုံ၊ ကြံတော၊ ကွေးမ၊ ရှောက်ခုံ၊ ကြို့ပင်စု၊ ကလို့ကွင်း၊ ကြာအင်း စသည့်အုပ်စုများရှိ အခြေခံပညာကျောင်းများဖြစ်သော အထက်တန်းကျောင်း(၂)ကျောင်း၊ အလယ်တန်းကျောင်း (၃)ကျောင်းနှင့် မူလတန်းကျောင်း(၂၄)ကျောင်း တို့အားကျောင်းတွင်းရေကြီးနှစ်မြုပ်မှုများ ဖြစ်နေ၍ ဇွန်လ(၁၂) ရက်နေ့မှစ၍ ခေတ္တပိတ်ထားရကြောင်း သိရသည်။

မြို့နယ် ပြန်/ဆက်

No comments:

Post a Comment