" ပုသိမ် မုံရွာကားလမ်းရေတိုက်စား၍ကတ္တရာလမ်းကျောပြတ်"
မကွေးတိုင်းဒေသကြီး စလင်းမြို့နယ် ကန်ပြားကျေးရွာ မှ ၂ ဖာလုံခန့်အကွာ ပုသိမ်မုံရွာအဝေးပြေးကားလမ်း မိုင်တိုင် ၁/၃၁၁ နှင့် ၂/၃၁၁. ၃၁၄ နေရာ ကတ္တရာလမ်းသည် ဇွန်လ ၁၂ ရက်နေ့ ညနေ သုံးနာရီခွဲ့ ခန့်က စလင်းမြို့နယ်တွင် အဆက်မပြတ်ရွာသွန်းနေသောမိုးကြောင့် ရေများတိုက်စားပြီး ပေ ၂၀ ခန့်စတင်ပျက်စီးခဲ့သည်။
အဆိုပါကတ္တရာလမ်းရေတိုက်စာ၍ ကားလမ်းပြတ်ပျက်စီး
သည်ကိုသိလျင်သိခြင်းစလင်းမြို့နယ်ဆောက်လုပ်ရေးဦးစီး
ဌာနမှ SAE ဒေါ်သက်နှင်းဝါနှင့် အဖွဲ့ မှသွားရောက်၍ ခရီးသွားယာဉ်များအန္တရာယ်မဖြစ်ရေးအတွက်ကြိုတင်ကာကွယ်ရေးလုပ်ငန်းများလုပ်ဆောင်ပေးခဲ့ သည် ။
အဆိုပါကားလမ်းမှမိုးရေများဆက်တိုက်တိုက်စားနေမှု့ ကြောင့်
ပေ ၅၀ ခန့် ကတ္တရာလမ်းများပိုင်းပြတ်သွားခဲ့ ရာ လမ်းပန်း
ဆက်သွယ်ရေးမပြတ်တောက်စေရန် ဆောက်လုပ်ရေးလုပ်ငန်းဦးစီးဌာနမှ အချိန်နှင့်တပြေးညီပြုပြင်သွားမည်ဖြစ်ကြောင်းသိရသည်။
စစ်ကြည်(စလင်း)
Subscribe to:
Post Comments (Atom)
No comments:
Post a Comment