Latest News

Saturday, June 2, 2018

တာချီလိတ်မြို့ ချစ်ကြည်ရေးတံတားအမှတ်(၂)တွင် ဆိုဒီယမ်ဆိုင်ရာနိုက်များ သိမ်းဆည်းရမိ

တာချီလိတ်မြို့ ချစ်ကြည်ရေးတံတားအမှတ်(၂)တွင် ဆိုဒီယမ်ဆိုင်ရာနိုက်များ သိမ်းဆည်းရမိ

တာချီလိတ်   ဇွန်    ၂

မြန်မာ-ထိုင်း      နှစ်နိုင်ငံနယ်စပ် တာချီလိတ်-မယ်ဆိုင်မြို့ရှိ အမှတ်(၂)ချစ်ကြည်ရေးတံတား မြန်မာဘက်ခြမ်း တွင် ဇွန် ၂ ရက် နံနက်ပိုင်းက ထိုင်း နိုင်ငံသားတစ်ဦး မော်တော်ယာဉ်ဖြင့် သယ်ဆောင်လာသည့် ငွေကျပ်သိန်း ၉ဝဝ ခန့်တန်ဖိုးရှိ  ဆိုဒီယမ်ဆိုင်ရာ နိုက်များ သိမ်းဆည်းရမိကြောင်း သိရ သည်။

ဖြစ်စဉ်မှာ   ထိုင်းနိုင်ငံ   မူးယစ် ဆေးဝါးထိန်းချုပ်ရေးအဖွဲ့  (ONCB) ၏   သတင်းဖလှယ်ဆက်သွယ် ဆောင်ရွက်ချက်အရ  မူးယစ်ဆေးဝါး တားဆီးနှိမ်နင်းရေးရဲတပ်ဖွဲ့   တပ်ဖွဲ့စု (၃ဝ)တာချီလိတ်မှ   တပ်ဖွဲ့ဝင်များ၊ အကောက်ခွန်ဦးစီးဌာနမှ တာဝန်ရှိသူ များ   ပါဝင်သော  ပူးပေါင်းအဖွဲ့သည်  တာချီလိတ်မြို့   မယ်ခေါင်ရပ်ကွက်ရှိ  အမှတ်(၂)   ချစ်ကြည်ရေးတံတား မြန်မာဘက်ခြမ်းတွင်    ထိုင်းနိုင်ငံ မယ်ဆိုင်မြို့မှတစ်ဆင့်   တာချီလိတ်သို့ ထိုင်းနိုင်ငံသား   Mr.Sawat Kaeodam   မောင်းနှင်လာသည့်  ထိုင်းနံပါတ်-၇ဝ-၇၁၆၂   နံပါတ်ပါMESA FL အမျိုးအစား  အဖြူရောင် ဆယ်ဘီးယာဉ်အား   စစ်ဆေးရှာဖွေရာ     ယာဉ်နောက်ခန်းတွင်    အနက်ရောင် မိုးကာဖြင့်အုပ်လျက်  မသင်္ကာဖွယ်ရာ    သံပုံးများတွေ့ရှိရသဖြင့်    မူးယစ် တပ်ဖွဲ့စု(၃ဝ)     တာချီလိတ်သို့ မောင်းနှင်ခေါ်ဆောင်၍   ဖွင့်ဖောက် စစ်ဆေးသည်။  ယင်းသို့ စစ်ဆေးရာမှ     အမြင့် လက်မ ၂ဝ၊ အချင်း ၁၄ လက်မရှိ အနက်ရောင်သံပုံးများဖြင့် ထည့်လျက်      ဆိုဒီယမ်ဆိုင်ရာနိုက်  အလေးချိန် ၅ဝ      ကီလိုခန့်စီပါ ပုံး ၃ဝဝ    (စုစုပေါင်း အလေးချိန် ကီလို ၁၅ဝဝဝ ခန့်)      ဒေသ တန်ဖိုးငွေကျပ်သိန်း ၉ဝဝ ခန့်နှင့်အတူ မော်တော်ယာဉ်ရှေ့ခန်းမှ  Mr.Sawat Kaeodamအမည်ပါID  ကတ် တစ်ခု၊ ယာဉ်မောင်းလိုင်စင် တစ်ခု၊ Visaကတ်တစ်ခု၊   ထိုင်းဘဏ်ငွေစု    စာအုပ်တစ်အုပ်၊   နိုင်ငံကူးစာအုပ် တစ်အုပ်၊   Vivo   အမျိုးအစား      လက်ကိုင်ဖုန်းတစ်လုံးတို့ကို   တွေ့ရှိ သိမ်းဆည်းရမိကြောင်း      သိရ သည်။ အဆိုပါ  ဆိုဒီယမ်ဆိုင်ရာ နိုက်များနှင့်အတူ   ဖမ်းဆီးရမိသော ထိုင်းနိုင်ငံသား       Mr.Sawat Kaeodam အား   တာချီလိတ်မြို့မ ရဲစခန်းက       အမှုဖွင့်အရေးယူ ထားကြောင်း သိရသည်။

ဝေယံလင်း(ပြန်/ဆက်)

No comments:

Post a Comment