Latest News

Saturday, June 16, 2018

ဆရာ

ဆရာ

မဟာဘုန်းလွှာ အကြင်နာတရားရယ်နှင့်
နာသုံးနာ ရင်မှာထားပါလို့
မင်္ဂလာတရားနှင့် ကျေးဇူးရှင်။

အလှအပြုံးချို ညီအစ်ကိုသွေးလိုပ
ဝလုံးကို ဒီလိုရေးပါဟု
သင်ပေးသည့် နည်းအတတ်တွေကြောင့်
ကြီးမြတ်သူပင်။

စေတနာ ဝါဒတရားရယ်က
မြေကမ္ဘာမှာ ရှာမှရှားပါဘိ
ဆရာဘဝတစ်ပါးခင်ဗျာ အနစ်နာလမ်းတွင်ဖြင့်
ပကာသနမထားပါ ချစ်သဒ္ဓါလွှမ်းကာပေါ့
မေတ္တာအစွမ်းကြောင့် အတတ်သင်
အမြတ်တွင်လည်း သူမကြည့်။

အနန္တဂုဏ်
စံပြပုံ တုကာနှိုင်းပြန်တော့
တစ်ဖန်အလှစုံ လူ့ရွာသမိုင်းတွင်ဖြင့်
မရိုင်းသည့် ဂုဏ်အင်တရားပေမို့
စုံလင်များ၍ ရှေးရှုဖွေ
ကျေးဇူးတွေ နဖူးတိုက်ကာ
ဦးခိုက်ပါ၏။   ။

ဘုန်းထက်ကျော်

No comments:

Post a Comment