တစ်ကိုယ်တော်ဖျော်ဖြေပွဲနှင့် အခွေအတွက် ကြိုးစားနေတဲ့ တင်ဇာမော်
လက်ရှိ Myanmar Idol Season-3 တွင် ဒိုင်တစ်ဦးအဖြစ် ပါဝင်ဆောင်ရွက်နေပြီး ယနေ့တိုင် သူမ၏ သီချင်းများကို ပရိသတ်အကြိုက်တွေ့နေဆဲဖြစ်သည့် အဆိုတော် တင်ဇာမော်အနေဖြင့် တစ်ကိုယ်တော် အခွေ အတွက် သီချင်းသစ်များ ရှာဖွေနေပြီး အခွေအတွက် စီစဉ်နေကြောင်း သိရသည်။
''အခွေအတွက် သီချင်းသစ်တွေ ရှာနေပါတယ်။ ကိုယ်တိုင်လည်း ကြိုက်မယ့်အပြင် ပရိသတ်လည်း ကြိုက်နိုင်တဲ့ သီချင်းတွေကို ရှာဖွေနေပါတယ်'' ဟု အဆိုတော် တင်ဇာမော်က ပြောသည်။ သူမအနေဖြင့် တစ်ကိုယ် တော်အခွေထွက်ရှိရန် ပြင်ဆင်နေသည့်အပြင် တစ်ကိုယ်တော် ဖျော်ဖြေပွဲပြုလုပ်ရန်လည်း ကြိုးစားနေကြောင်း သိရသည်။
''တစ်နှစ်တစ်ခါ တစ်ကိုယ်တော်ဖျော်ဖြေပွဲကို လုပ်ချင်တဲ့အတွက် ဒီနှစ်အတွက်လည်း ကြိုးစားနေတယ်။ ၂ဝ၁၆ ခုနှစ် တစ်ကိုယ်တော် ဖျော်ဖြေပွဲလုပ်တုန်းက မထင်မှတ်လောက်အောင် ပရိသတ်အားပေးမှုရလို့ အံ့သြခဲ့ရတယ်။ ပိုပြီးလည်းအားတွေ ရှိလာတယ်။ ၂ဝ၁၇ ခုနှစ်မှာလည်း အောင်မြင်ခဲ့တော့ ဒီနှစ် အောက်တို ဘာလမှာ တစ်ကိုယ်တော် One Lady Show လုပ်ဖြစ်အောင် ကြိုးစားနေပါတယ်'' ဟု တင်ဇာမော်က ပြောသည်။
တင်ဇာမော်သည် လက်ရှိတွင် Myanmar Idol Season-3 ၌ ဒိုင်တစ်ဦးအနေဖြင့် ပါဝင်နေပြီး Top 11 အထိ ပါဝင်လာသော အဆိုဝါသနာရှင်များအား သူမအနေဖြင့် သဘောကျကာ တကယ်တော်သောသူများ အလွဲလွဲ အချော်ချော်ဖြစ်သွားမည်ကို စိတ်ပူလျက်ရှိကြောင်း ပြောသည်။
MWD
Subscribe to:
Post Comments (Atom)
No comments:
Post a Comment