Latest News

Thursday, June 14, 2018

ရီးယဲလ်နည်းပြရာထူး လက်ခံလိုက်သော လူပက်တက်ဂီကို ကမ္ဘာ့ဖလား ပြိုင်ပွဲစတင်ရန် တစ်ရက်အလိုတွင် စပိန်နည်းပြအဖြစ်မှ ထုတ်ပယ်

ရီးယဲလ်နည်းပြရာထူး လက်ခံလိုက်သော လူပက်တက်ဂီကို ကမ္ဘာ့ဖလား ပြိုင်ပွဲစတင်ရန် တစ်ရက်အလိုတွင် စပိန်နည်းပြအဖြစ်မှ ထုတ်ပယ်

စပိန်လက်ရွေးစင်အသင်းနည်းပြ ဂျူလီယန် လူပက်တက်ဂီသည် ယမန်နေ့က ရီးယဲလ်အသင်းနည်းပြရာထူးကို လက်ခံလိုက်ခြင်းကြောင့် စပိန်ဘောလုံးအဖွဲ့ချုပ်မှ ဒေါသထွက်ပေါက်ကွဲပြီး ကမ္ဘာ့ ဖလားပြိုင်ပွဲစတင်ရန် တစ်ရက်အလိုမှာပင် စပိန်လက်ရွေးစင်နည်းပြရာထူးမှ ထုတ်ပယ်လိုက်ကြောင်း သိရသည်။

ရီးယဲလ်အသင်းသည် အသင်းမှထွက်ခွာသွားသော နည်းပြဇီဒန်းနေရာ၌ စပိန်လက်ရွေးစင် အသင်းနည်းပြ လူပက်တက်ဂီကို ယမန်နေ့က ခန့်အပ်လိုက်ပြီဖြစ်ကြောင်း အတည်ပြုကြေညာသွားရာ စပိန်ဘောလုံး အဖွဲ့ချုပ် ဥက္ကဋ္ဌ ရူဘီယာလက်စ်က ဒေါသထွက်ပေါက်ကွဲပြီး ယနေ့တွင် အထူးအစည်းအဝေး ခေါ်ယူကာ လူပက်တက်ဂီအား ရာထူးမှချက်ချင်း ထုတ်ပယ်ရန် စီစဉ်ခဲ့သည်ဟု စပိန်ပြည် တွင်း သတင်းစာများက အခိုင် အမာဖော်ပြနေကြသည်။

လူပက်တက်ဂီသည် မေ ၂၂ ရက်ကပင် စပိန်လက်ရွေးစင် အသင်းအား ၂ဝ၂ဝ ပြည့်နှစ် အထိနည်းပြရန် ကာလရှည် စာချုပ်ခဲ့သော်လည်း ယခုကဲ့သို့ ကမ္ဘာ့ဖလားပွဲအတွက် ပြင်ဆင်နေချိန်တွင် ရီးယဲလ်နည်းပြရာထူး ကို လက်ခံလိုက်ခြင်းကြောင့် စပိန်ဘောလုံးအဖွဲ့ချုပ်မှ ယနေ့တွင် လူပက်တက်ဂီ၊ ရူဘီယာလက်စ်နှင့် စပိန် ဘောလုံးအဖွဲ့ချုပ်ဒါရိုက်တာ ရီးယဲလ်အသင်း ခေါင်းဆောင်ဟောင်း ဟီယာရိုတို့နှင့် အစည်းအဝေးလုပ်ခဲ့ ကြောင်း၊ အစည်းအဝေး ဆုံးဖြတ်ချက်ကို မကြာမီ သတင်းစာ ရှင်းလင်းပွဲ ပြုလုပ်ပြီး ထုတ်ပြန်သွားမည်ဟု သတင်းထုတ်ပြန်ခဲ့သည်။

ယခုအထိ သတင်း ထုတ်ပြန်ခြင်း မရှိသေးသော်လည်း စပိန်အားကစား  သတင်း စာ Sport က လူပက်တက်ဂီကို ထုတ်ပယ်ရန်ဆုံးဖြတ်လိုက်ပြီး ကမ္ဘာ့ဖလားပွဲဝင်မည့် စပိန်အသင်းကို ဟီယာရိုမှာ နည်းပြအဖြစ် တာဝန်ယူဖွယ်ရှိနေကြောင်း ဖော်ပြသည်။ ဟီယာရိုအပြင် စပိန်ယူ-၂၁ အသင်းနည်းပြ အဲလ်ဘတ်စီလာဒက်စ်၊ ဘက်တစ်အသင်းနည်းပြ ကွီကွီဆီတီယန်တို့ သည်လည်း စပိန်လက်ရွေးစင်  အ သင်းနည်းပြ ဖြစ်လာနိုင်သူများဖြစ်သည်ဟု အဆိုပါသတင်းစာမှ ဖော်ပြသည်။

လူပက်တက်ဂီ ရီးယဲလ်အသင်းနည်းပြ ဖြစ်သွားခြင်းကြောင့် ရီးယဲလ်မှ စီနီယာကစားသမားများ၏ အနာဂတ်မှာလည်း မရေရာမှုများစွာ ရှိလာသည်။ ရီးယဲလ်တိုက်စစ်မှူး စီရော်နယ်ဒိုသည် အသင်း တွင် လစာတိုး တောင်းနေပြီး မပေးနိုင်ပါက အသင်းမှ ထွက်ခွာဖွယ်ရှိကြောင်း အသိပေးထားရာ လူပက်တက်ဂီက ရီးယဲလ် နည်းပြရာထူးရယူပြီးနောက် ''စီရော်နယ်ဒိုနဲ့ ရီးယဲလ်ရဲ့အနာဂတ်က ကျွန်တော်ပူပန်စရာ မလိုတဲ့ကိစ္စပါ'' ဟု ပြောသဖြင့် စီရော်နယ်ဒို အနာဂတ်မသေချာသကဲ့သို့ ဂါရတ်ဘေးလ်မှာလည်း အသင်းပြောင်းရဖွယ်ရှိနေသည်။

ရီးယဲလ်အသင်းသည် လူပက်တက်ဂီအတွက် စပိန်ဘောလုံး အဖွဲ့ချုပ်ကို နစ်နာကြေး ပေါင် ၁ ဒသမ ၇၅ သန်းပေးပြီး သုံးနှစ်စာချုပ်ရန် ကမ်းလှမ်းထားသည်။

MWD

No comments:

Post a Comment