Latest News

Thursday, June 14, 2018

ရန်ကုန်တိုင်းဒေသကြီး အတွင်း လိုင်စင်မဲ့ယာဉ် ဖမ်းဆီးရေး စီမံချက်ကို က-ည-န နှင့် ယာဉ်ထိန်းရဲတပ်ဖွဲ့တို့ ပူးပေါင်း ဆောင်ရွက်မည်

ရန်ကုန်တိုင်းဒေသကြီး အတွင်း လိုင်စင်မဲ့ယာဉ် ဖမ်းဆီးရေး စီမံချက်ကို က-ည-န နှင့် ယာဉ်ထိန်းရဲတပ်ဖွဲ့တို့ ပူးပေါင်း ဆောင်ရွက်မည်

ရန်ကုန်  ဇွန်  ၁၃

ရန်ကုန်တိုင်းဒေသကြီးအတွင်း   လိုင်စင်မဲ့ ယာဉ်စီးနင်းမှု လုံးဝမရှိစေရန်    ကုန်းလမ်း ပို့ဆောင်ရေးညွှန်ကြားမှု ဦးစီးဌာန (က-ည-န)နှင့်ယာဉ်ထိန်းရဲတပ်ဖွဲ့တို့ ပူးပေါင်း၍ လိုင်စင်မဲ့ယာဉ်ဖမ်းဆီးရေး စီမံချက်ကို  ယခုလ နောက်ဆုံးပတ်မှ စတင်ဖော်ထုတ်ဖမ်းဆီး မည်ဖြစ်ကြောင်း   ကုန်းလမ်းပို့ဆောင်ရေး ညွှန်ကြားမှုဦးစီးဌာန(မြင်သာ)  ညွှန်ကြား ရေးမှူး ဦးလျန်ကျင့်မန်ထံမှ သိရသည်။

ယင်းစီမံချက်ကို ရန်ကုန်တိုင်းဒေသကြီးအတွင်း  စီမံချက်အနေဖြင့် ဆောင်ရွက်မည် ဖြစ်ပြီး  ပြည်သူများ၏ အကူအညီကိုရယူလုပ်ဆောင်မည်ဖြစ်သည်။  ယာဉ်ထိန်း ရဲတပ်ဖွဲ့ဝင်များက  ရန်ကုန်တိုင်းဒေသကြီး အတွင်းရှိ မြို့နယ်အနှံ့၌ လိုင်စင်မဲ့ယာဉ်များကို  နေ့စဉ်စောင့်ကြည့် ဖမ်းဆီးမည်ဖြစ်ပြီး လိုင်စင်မဲ့ယာဉ် ဟုတ်၊ မဟုတ် စစ်ဆေးရာတွင်  က-ည-န  အကူအညီဖြင့် လုပ်ဆောင်မည်ဖြစ်သည်။

လိုင်စင်မဲ့ယာဉ်များကို ဖမ်းဆီးရမိပါက   ပြစ်မှုအခြေအနေပေါ် မူတည်၍ အရေးယူမည်ဖြစ်သည်။ ''က-ည-နနဲ့ ယာဉ်ထိန်းရဲတပ်ဖွဲ့တို့ ပူးပေါင်းပြီး ရန်ကုန်တိုင်း ဒေသကြီး အတွင်းမှာ စီမံချက်နဲ့  လိုင်စင်မဲ့ ယာဉ်ဖမ်းဆီးမယ့် အစီအစဉ်ကို အချိန်ယူပြီး လုပ်ဆောင်ခဲ့တာပါ။ဒါကြောင့်  မကြာခင်မှာစီမံချက်ကို   စတင်လုပ်ဆောင်မှာပါ။ ပြည်သူတွေ အနေနဲ့ လိုင်စင်မဲ့ယာဉ်တွေ အကြောင်းသိရင်လည်း  သတင်းပေးခြင်းဖြင့်  ပါဝင်ပေးပါလို့ တောင်းဆိုပါ တယ်'' ဟု  ဦးလျန်ကျင့်မန်က ပြောသည်။

ရန်ကုန်တိုင်းဒေသကြီး အတွင်းရှိ က-ည-န ရုံးများ၌ လိုင်စင်မဲ့ယာဉ်များ လိုင်စင်ပြုလုပ်မှုကို  စစ်ဆေးတွေ့ရှိလျှင်  သိမ်းဆည်းမည်ဖြစ်ပြီး  ယာဉ်မောင်းကိုပါ အရေးယူမည်ဖြစ်ကြောင်း သိရသည်။

MWD

No comments:

Post a Comment