Latest News

Friday, June 1, 2018

ဓားရှည်များကိုင်​ဆောင်ရမ်းကားနေ​သောအုပ်​စုအား ရဲတပ်​ဖွဲ့ဝင်​များက သွား​ရောက်​ရှင်းလင်းရာ ပြန်လည်ခုခံရန်ပြုသဖြင့် ခြောက်လှန့်ပစ်ခတ်ထိန်းသိမ်းခဲ့ရ၊ အဆိုပါရမ်းကားအဖွဲ့မှ တစ်​ဦး ​သေနတ်​မှန်​သေဆုံး တစ်​ဦး ​သေနတ်​ဒဏ်​ရာရ

ဓားရှည်များကိုင်​ဆောင်ရမ်းကားနေ​သောအုပ်​စုအား ရဲတပ်​ဖွဲ့ဝင်​များက သွား​ရောက်​ရှင်းလင်းရာ ပြန်လည်ခုခံရန်ပြုသဖြင့် ခြောက်လှန့်ပစ်ခတ်ထိန်းသိမ်းခဲ့ရ၊ အဆိုပါရမ်းကားအဖွဲ့မှ တစ်​ဦး ​သေနတ်​မှန်​သေဆုံး တစ်​ဦး ​သေနတ်​ဒဏ်​ရာရ


မန္တ​လေးမြို့ အမရပူရမြို့နယ်၊ စွယ်တော်ကားကြီးကွင်းအရှေ့ဘက် ၆၂ လမ်းမကြီးပေါ်တွင် လူငယ် ၂၀ ဦးခန့်သည်​ ဓားရှည်များကိုင်​ဆောင်ကာ ရမ်းကားနေကြောင်း သတင်းအရ ရဲတပ်​ဖွဲ့ဝင်​များက သွား​ရောက်​ရှင်းလင်းထိန်းသိမ်းရာ ပြန်လည်ခုခံရန်ပြုသဖြင့် ခြောက်လှန့်ပစ်ခတ်ခဲ့ရာ အဆိုပါရမ်းကားအဖွဲ့မှ တစ်​ဦး ​သေနတ်​မှန်​သေဆုံးခဲ့ပြီး၊ တစ်​ဦး ​သေနတ်​ဒဏ်​ရာရရှိခဲ့​ကြောင်း သတင်းရရှိသည်​။

ဖြစ်​စဉ်​မှာ မန္တ​လေးမြို့ ​အောင်​​မြေသာစံမြို့မရဲစခန်းက တရားခံ​ပြေး ​ကျော်​​ကျော်​(ခ) မင်းသိန်း (ခ) ကျား​ပေါက်​ (ခ) ​ပေါက်​စ နှင့်​ ​အောင်​​ကျော်​(ခ) ဂျီဆက်​တို့ နှစ်​ဦးသည်​ ၆၆×၆၇လမ်းကြား၊ B လမ်းရှိ ထမင်းဆိုင်​တွင်​ ​ရောက်​ရှိ​နေ​ကြောင်းသတင်းအရ မေ ၃၁ ရက်​ ည ၉ နာရီအချိန်က မန္တလေးခရိုင် မှု/နှိမ်မှ ရဲအုပ်အောင်ကိုဝင်း၊ ဒုရဲအုပ်ကျော်ဝင်းမောင်၊ မန္တလေးခရိုင်၊ ဦးစီး(၁)ဌာနမှ ရဲအုပ်ကျော်မျိုးလွင်၊ ရဲအုပ်ဇော်မိုးသန့်၊ ဒုရဲအုပ်ချမ်းမြေ့ဇော်၊ ဒုရဲအုပ် သူရအောင်​တို့ ပူးပေါင်းအဖွဲ့မှ သွားရောက်ဖမ်းဆီးခဲ့ပြီး ထိုသို့ဖမ်းဆီးစဉ် ၎င်းတို့အဖွဲ့မှ လူ ၁၀ ဦးခန့်သည် C လမ်းနှင့် ၆၂ လမ်းထောင့်တွင် ​တွေ့ရှိကြောင်း သတင်းအရ လိုက်လံရှာဖွေရာ မတွေ့ရှိသဖြင့် ခရိုင်(မှုနှိမ်)အဖွဲ့နှင့် နယ်ထိန်းခေါင်းဆောင်အဖွဲ့တို့က ဆက်လက်ရှာဖွေခဲ့ကြသည်​။
ထိုသို့ရှာ​ဖွေ​နေစဉ်​ အမရပူရမြို့နယ်၊ စွယ်တော်ကားကြီးကွင်းအရှေ့ဘက် ၆၂ လမ်းမကြီးပေါ်တွင် လူငယ် ၂၀ ဦးခန့်သည်​ ကျော်ကျော်(ခ) မင်းသိန်း(ခ) ကျားပေါက်(ခ)ပေါက်စ နှင့် အောင်ကျော်(ခ) ဂျီဆက်တို့ ၂ ဦးအား ဖမ်းဆီးသည်ကိုမကျေနပ်၍ ဓားရှည်များကိုင်​ဆောင်ကာ ရမ်းကားနေကြောင်း သတင်းအရ ည ၁၀ နာရီခွဲတွင်​ မြစ်ငယ်ရဲစခန်းမှ ဒုရဲအုပ် သူရအောင် ဦးစီးသည့်​ ရဲတပ်​ဖွဲ့ဝင်​ ၈ဦးတို့သည်သည် MA-13 ၃ လက်၊ ၎င်းကျည် ၃၀တောင့်နှင့်အတူ သွားရောက်ရှင်းလင်းရာ အဆိုပါလူငယ်အဖွဲ့မှ  ပြန်လည်ခုခံရန်ပြုသဖြင့် ဒုရဲအုပ် သူရအောင်မှ MA-13 ဖြင့် ၁ ချက်၊ ရဲတပ်​ကြပ်​သက်နိုင်မှ MA-13 ဖြင့် ၃ ချက် ခြောက်လှန့်ပစ်ခတ်ခဲ့ရာ ငဆက်(ခ)ဟိန်းမင်းဆက် (၂၄)နှစ်၊ (၁-၃)ရပ်ကွက်၊ ပြည်ကြီးတံခွန်မြို့နယ်နေသူ၏ လည်ပင်းနှင့် ကျောကုန်းတွင် ပေါက်ထွက်ဒဏ်ရာရရှိကာ အခင်းဖြစ်နေရာတွင် သေဆုံးခဲ့ပြီး၊ စိုင်းထူးအောင် ၂၃ နှစ်၊ ၅၈×၅၉ ကြား၊ (၁-၁)ရပ်ကွက်၊ပံ့သကြီးတံခွန်မြို့နယ်၏ ပါးပေါက်ဒဏ်ရာရရှိခဲ့ရာ မန္တလေးပြည်သူ့ဆေးရုံကြီးသို့ တင်ပို့ကုသ​ပေးလျက်​ရှိ​ကြောင်း သိရသည်​။

မြန်​မာ့အလင်း၊အောင်စံမောင်

No comments:

Post a Comment