Latest News

Saturday, May 19, 2018

YBS ၉၅ အဲယားကွန်းဘတ်စ် ယာဉ်လိုင်းဖြင့် ကျောက်တန်းတာမွေ စတင်ပြေးဆွဲမည်

YBS ၉၅ အဲယားကွန်းဘတ်စ် ယာဉ်လိုင်းဖြင့်  ကျောက်တန်းတာမွေ စတင်ပြေးဆွဲမည်

ရန်ကုန်  မေ  ၁၉

ရန်ကုန်တောင်ပိုင်းခရိုင် ကျောက်တန်းမြို့နယ်တွင် အဲယားကွန်းပါ YBS ၉၅ ယာဉ်လိုင်းကို မေလမကုန်ခင် လာမည့်ရက်သတ္တပတ်ထဲတွင် စတင်ပြေးဆွဲတော့မည်ဟု ရွှေတောင်ပိုင်းအများပိုင်ယာဉ်လိုင်း ကုမ္ပဏီ၏ဒါရိုက်တာ ဦးတင်ထွန်းက မဇ္ဈိမသို့ ပြောကြားသည်။
YBS ယာဉ်လိုင်းနံပါတ် ၉၅ နဲ့ အစီးရေ ၃၀စီး စတင်ပြေးဆွဲမယ် လမကုန်ခင် ရှေ့တစ်ပတ်ထဲမှာ ပြေးဆွဲနိုင်အောင် လုပ်ဆောင်နေတယ် ယာဉ်စစ်တွေကစစ်ပြီး စတင်ပြေးဆွဲလို့ရပြီဆိုတာနဲ့ စဆွဲသွားမှာဖြစ်တယ်ဟု မန်နေးဂျင်းဒါရိုက်တာ ဦးတင်ထွန်းက မေလ ၁၇ရက်နေ့ကပြောသည်။

       ရွှေတောင်ပိုင်းအများပိုင် ယာဉ်လိုင်းကုမ္ပဏီမှ  YBS ၉၅ ယာဉ်လိုင်း ကို ဟွန်ဒိုင်းအဲယားကွန်း စီးတီးဘတ်စ် ခရီးသည်တင်ယာဉ်အမျိုးအစား ကားအစီး ၃၀ ဖြင့် ကျောက်တန်း သာကေတ တာမွေ အလုပ်သမားဆေးရုံ  ပုံသေ ၂၀၀ ကျပ်ဖြင့် သက်မှတ်ပြေးဆွဲသွားမည်ဖြစ်သည်  ကျောက်တန်းမှ ရန်ကုန်မြို့တွင်းသို့ မီနီဘတ်စ် ခရီးသည်တင်ယာဉ်များဖြင့် ပြေးဆွဲနေပြီး ကျောက်တန်းနှင့်ရန်ကုန်အကြားအကွာအဝေး ၂၂မိုင်ခန့်ရှိပြီး  ၂ နာရီကြာခန့်ကားစီးရသည့်ခရီးစဉ်ဖြစ်သည်  ရွှေတောင်ပိုင်းအများပိုင် ယာဉ်ကုမ္ပဏီလက်အောက်တွင်ယာဉ်လိုင်းပေါင်း ၁၀ လိုင်းပြေးဆွဲနေပြီး  YBS ၃၂ YBS ၃၃ တို့မှာ ကျောက်တန်းသို့ ပြေးဆွဲနေပြီး YBS ၃၄ မှာ ခရမ်းသုံးခွသို့ပြေးဆွဲသည်  အဆိုပါ YBS ၉၅ ယာဉ်လိုင်းသည် ကျောက်တန်းသို့ ပြေးဆွဲနေသည့် ကားလိုင်းများအနက် ပထမဆုံး အဲယားကွန်းပါဘတ်စ်ကားလိုင်းသစ်ဖြစ်ကြောင်းသိရသည်။
                                               
ကျော်ဆန်းမြင့် ( ပြန်/ဆက် )

No comments:

Post a Comment