စစ်ကိုင်းတိုင်းဒေသကြီးအတွင်း စစ်ကိုင်းပြတ်ရွှေ့ကြော၊ကဘော်ပြတ်ရွှေ့ပေါ်ရှိ မြို့နယ် ၉ မြို့နယ်မှ အခြေခံပညာကျောင်းပေါင်း ၁၀၀ `၌ ငလျင် အသိပညာပေး လုပ်ငန်းများကို လုပ်ဆောင်သွားမည်ဟု စစ်ကိုင်းတိုင်းဒေသကြီး ဘေးအန္တရာယ် စီမံခန့်ခွဲမှုဦးစီးဌာနမှ သတင်းရရှိသည်။
၎င်းအစီအစဉ်ကို စစ်ကိုင်းတိုင်းဒေသကြီးဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုဦးစီးဌာနနှင့်UNDP တို့ ပူးပေါင်းပြီး ၂ဝ၁၈ ခုနှစ် အတွင်း ကျောင်းဖွင့်ရာသီတွင် လုပ်ဆောင်သွားမည်ဖြစ်သည်။
" ငလျင်လှုပ်ရင် ဘာတွေဆောင်ရွက်ရမယ်၊ဘယ်လိုလုပ်ဆောင်ရမယ်ဆိုတာ ပညာပေးမယ်၊အခု သင်တန်းဆရာတွေကို သင်ပေးနေတယ်၊ ငလျင်ကြောပေါ်မှာရှိတဲ့မြို့ကြီးတွေက ကျောင်းတွေမှာ လုပ်သွားမှာပါ၊ဆရာ၊ဆရာမတွေရော ကျောင်းသူကျောင်းသားတွေရောအကုန် အသိပညာပေးမယ်၊ဇာတ်တိုက်လေ့ကျင့်တာတော့မလုပ်နိုင်သေးဘူး "ဟု စစ်ကိုင်းတိုင်ဒသေကြီးဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုဦးစီးဌာနမှ တိုင်းဦးစီးမှူး ဦးစ၀ီလီဖရန့် ကပြောသည်။
မြေငလျင် အသိပညာပေး လုပ်ငန်းများကို ကသာ၊ ထီးချိုင့်၊ ရွှေဘို၊ စစ်ကိုင်း၊ မုံရွာ၊ ကလေး၊ ရေဦး၊ ဟုမ္မလင်း၊ ကန့်ဘလူမြို့နယ်များမှ အခြေခံပညာကျောင်းပေါင်း ၁ဝဝ အား ပညာရေးမှူးများမှ တဆင့် ရွှေးချယ် ပေးသည့်စာရင်းအတိုင်း ဇူလိုင်လမှ ဒီဇင်ဘာ လအထိ ဆာင်ရွက်မည်ဖြစ်သည်။
ယမာန်နှစ် ၂၀၁၇-၁၈ ဘဏ္ဍာရေးနှစ်က သဘာဝဘေးအန္တရာယ်ဆိုင်ရာအသိပညာပေးခြင်းများကို အကြိမ်ရေ ၇၉ ကြိမ်ထိ သင်ပေးခဲ့ပြီး ငလျင်ဘေးအန္တရာယ်ကြုံပါက လုပ်ဆောင်ရမည်များကို တစ်ကြိမ် ဇာတ်တိုက်လေ့ကျင့်ခဲ့ကြောင်း သိရသည်။
ကိုသစ္စာ-မုံရွာ
No comments:
Post a Comment