Latest News

Thursday, May 17, 2018

ကျောက်တန်း-တာမွေ့ YBS ယာဉ်လိုင်းသစ် မေလကုန်တွင် ပြေးဆွဲနိုင်ရန် စီစဉ်

ကျောက်တန်း-တာမွေ့ YBS ယာဉ်လိုင်းသစ် မေလကုန်တွင် ပြေးဆွဲနိုင်ရန် စီစဉ်

ရန်ကုန်   မေ   ၁၇

ရန်ကုန်တိုင်းဒေသကြီး ကျောက်တန်းမြို့နယ်၌ အဲကွန်း တပ်ဆင်ထားသော YBS ယာဉ်လိုင်းသစ်ကို မေလကုန်တွင်  ပြေးဆွဲနိုင်ရန် စီစဉ်လျက်ရှိကြောင်း ရွှေတောင်ပိုင်း အများပိုင်ယာဉ်လိုင်း ကုမ္ပဏီ   မန်နေးဂျင်း ဒါရိုက်တာဦးတင်ထွန်းထံမှ သိရသည်။ အဆိုပါ  YBS ယာဉ်လိုင်းသစ်မှာ ကျောက်တန်းမှ  တာမွေသို့   ပြေးဆွဲမည် ဖြစ်ပြီး ယာဉ်စီးရေ ၅ဝ  ဖြင့်ပြေးဆွဲနိုင်ရန်    စီစဉ်ထားကာ လတ်တလောတွင် ယာဉ်စီးခကို ငွေကျပ်  ၂ဝဝ သတ်မှတ်ရန် ဆုံးဖြတ်ထားကြောင်း သိရသည်။

''မေလကုန် ကျောင်းတွေဖွင့်မယ့် အချိန်ကို  အမီပြေးဆွဲနိုင်ဖို့ စီစဉ်ထားတယ်။  ယာဉ်လိုင်းပြေးဆွဲဖို့ ခွင့်ပြုချက်တော့ ကျနေပါပြီ''ဟု ဦးတင်ထွန်း ကပြောသည်။ လက်ရှိတွင် ကျောက်တန်းမှ ရန်ကုန်မြို့တွင်းသို့ မီနီဘတ်စ် ခရီးသည်တင်ယာဉ်များဖြင့်   ပြေးဆွဲနေပြီး   ခရီးသွားပြည်သူများ အခက်အခဲတချို့   တွေ့ကြုံနေရကြောင်း၊ ကျောက်တန်းနှင့် ရန်ကုန် ခရီးစဉ်မှာ အကွာအဝေး ၂၂ မိုင်ခန့်ရှိပြီး နှစ်နာရီကြာ ကားစီးရသည့်အတွက် အဲကွန်း တပ်ဆင်ထားသော ဟွန်ဒိုင်းယာဉ်များဖြင့် ပြေးဆွဲနိုင်ရန် စတင်လုပ်ဆောင်နေခြင်း ဖြစ်ကြောင်း သိရသည်။

''အခုပြေးဆွဲနေတာက မီနီဘတ်စ်ကား အသေးလေးတွေ ဖြစ်တဲ့အတွက် လူကအရမ်းကျပ်တယ်။ ခရီးရှည်ကြီးကို ကျပ်ကျပ်တည်းတည်းနဲ့ သွားနေရတာ ပင်ပန်းတယ်။ဒါက အဓိက အခြေခံ လိုအပ် ချက်ဖြစ်ပါတယ်''ဟု ကျောက်တန်းမြို့နယ်  လွှတ်တော်ကိုယ်စား လှယ်တစ်ဦး ကပြောသည်။ ရွှေတောင်ပိုင်း အများပိုင်ယာဉ်လိုင်း ကုမ္ပဏီ လက်အောက်တွင် ယာဉ်လိုင်းပေါင်း ၁ဝ လိုင်းပြေးဆွဲနေပြီး YBS ၃၂ ယာဉ်လိုင်း နှင့် YBS ၃၃ ယာဉ်လိုင်းတို့မှာ ကျောက်တန်းမြို့နယ်သို့ ပြေးဆွဲနေကာ YBS ၃၄ ယာဉ်လိုင်းမှာ သုံးခွမြို့နယ်နှင့် ခရမ်းမြို့နယ်တို့သို့ ပြေးဆွဲနေကြောင်း သိရသည်။

MWD

No comments:

Post a Comment