Latest News

Thursday, May 17, 2018

အရှိန်မြင့်လာနေသော ပြည်တွင်းစစ် နှင့် တရုတ်၏ အခန်းကဏ္ဍ

အရှိန်မြင့်လာနေသော ပြည်တွင်းစစ် နှင့်
တရုတ်၏ အခန်းကဏ္ဍ


တရုတ် သည် မြန်မာ၏ အရှိနိမြင့်လာနေသော
ပဋိပက္ခများအပေါ် ထုတ်ပြန်သည့် ကြေငြာချက်
သည် လေးနက်သည့် အသွင် ဆောင်နေသော်
လည်း တိုင်းရင်းသား လက်နက်ကိုင်များအပေါ်
၎င်း၏ သြဇာ လွှမ်းမိုးမှု နှင့် လက်နက်များ စီးယို
နေမှု အပေါ် Asia Times တွင် "China is conflicted in Myanmar's wars" ခေါင်းစဉ်
ုဖြင့် ဘာတန် လစ်တနာက အောက်ပါအတိုင်း သုံးသပ်ပြထားပါတယ်။

-----

အစိုးရ မှ နောက်တကြိမ် ငြိမ်းချမ်းရေး ဆွေးနွေး
ပွဲ အတွက် ပြင်ဆင်နေကြချိန်တွင် ပြည်တွင်းစစ်
ကြီးက စစ်မျက်နှာ တိုင်းတွင် အရှိနိမြင့်လာနေ
ပြန်ပြီ ဖြစ်သည်။

တပ်မတော်မှ မကြာသေးမီက ကေအိုင်အေ အား ပြင်းထန်လှသော ထိုးစစ်ကြီးတခု စတင်
ဆင်နွှဲလာခဲ့၏။ အလားတူ တရုတ် နွယ်ဖွားများ
နေထိုင်ရာ ကိုးကန့် ဒေသ အပါအ၀င် ရှမ်းပြည်
မြောက်ပိုင်းတွင်လည်း အလားတူ စစ်ရေး အရှိန်
ကို မြှင့်တင်လာခဲ့ပြန်ပေသည်။

အဆိုပါဒေသများရှိ တိုင်းရင်းသား လက်နက်
ကိုင်များ အပေါ် သိသာထင်ရှားစွာ သြဇာ လွှမ်း
မိုးနိုင်သော တခုတည်းသောနိုင်ငံ ဖြစ်သည့်
တရုတ် မှ ထိုသို့ စစ်ရေး အရှိန် မြင့်တက်လာ
နေမှုများကို ၀င်ရောက် ဖြေရှင်းမည့် အရိပ်အ
ယောင် တော့ မတွေ့ရသေးပေ။ သို့သော်
တနင်္ဂနွေနေ့က ၎င်းတို့၏ ပိုင်နက်များထဲသို့
စစ်ပြေးရှောင်သူများ ဖြတ်ကျော်ဝင်ရောက်လာ
သည်အထိ ဖြစ်ခဲ့ရမှုအပေါ် ရှူတ်ချခဲ့ကြောင်း
သတင်းများ က ဆိုလာပေသည်။

ရန်ကုန်ရှိ တရုတ် သံရုံးမှ ထုတ်ပြန်လိုက်သော
ကြေငြာချက်တွင် နှစ်ဖက်စလုံး ချုပ်တည်းကြရန်
အပြစ်အခတ်ရပ်စဲရေးကို အကောင်အထည်
ဖေါ်ကြရန် နှင့် အခြေအနေများ ထပ်မံ ဆိုးဝါး
မလာအောင် ကာကွယ်ရန် တိုက်တွန်းထား
သည်ကို တွေ့ရသည်။ ဤ ကြေငြာချက်သည်
တရုတ်အစိုးရ၏ အလေးအနက် ကိုယ်စားပြု
ပြောဆိုခြင်း ဖြစ်သည်ဟု လည်း ဖေါ်ပြထားပြန်
ပေသည်။

သို့သော် မြန်မာ၏ လူမျိုးစု ပဋိပက္ခများ နှင့်
ပါတ်သက်၍ ကြားဝင် ငြိမ်းချမ်းရေးရအောင်
ဆောင်ရွကိပေးနေသော တရုတ်၏ အကျိုး
ဆောင်မှုသည် မည်သည့် အခါမျဖြောင့်တန်း
ခြင်း မရှိပဲ အလေးအနက်လည်း မထားသည်
ကို တွေ့မြင်နေရသည်။ ကျေက်ဖြူ မှတဆင့်
အိန္ဒိယ သမုဒ္ဒရာသို့ ထွက်ပေါက်ရရှိနိုင်ရေးဟူ
သည့် ပိုမိုကျယ်ပြန်သည့် မဟာဗျုဟာ ရည်မှန်း
ချက်များ ရရှိရေး အတွက် ငြိမ်းချမ်းရေး လုပ်ငန်း
စဉ်များအား သုံး၍ ဖိအားပေးနိုင်ရန်လောက်
သာ ပါဝင် ပါတ်သက်ခြင်း ဖြစ်သည်ဟု ဘီဂျင်း
ရှိ ယုံကြည်ရသော သတင်းစုံရပ်ကွက်မှ အသံ
များ ထွက်ပေါ်လာခဲ့သည်။

"မြန်မာစကြံန်လမ်း" ဟု ၎င်းတို့ အမည်ပေး
ထားသည် ယူနန်ပြည်နယ်မှ အိန္ဒိယ သမုဒ္ဒရာ
အထိ ဒိုးယိုပေါက် ဆက်သွယ်နိုင်ခွင့် ရရှိရန်
တရုတ်မှ ကာလကြာမြင့်ကတည်းက ကြိုးပမ်း
လာနေခဲ့ခြင်းလည်း ဖြစ်သည်။ ဤသည်က
လည်း သမ္မတ စီရှင်ပင်၏ ဒေါ်လာ တြီလီယံ
ပေါင်းများစွာ တန်သည့် အခြေခံ အဆောက်
အအုံများ ဒေသအတွင်း အဆင့်မြင့်တိုးချဲ့ရေး
ဟူသည့် Belt and Road စီမံချက်အတွက်
လွန်စွာ အရေးပါစွာ ချိတ်ဆက်ပေးနိုင်မည်
ဖြစ်သောကြောင့်ပင်။

တရုတ် အနေဖြင့် မြန်မာပြည်တွင် တည်တံ့ခိုင်
မြဲသော ငြိမ်းချမ်းရေး ရရှိရန် အလကားမတ်
တင်းတော့ ၀င်ရောက် ကူညီလိုဟန်မရှိပဲ ၎င်းတို့ အတွက် ရေရှည် အာမခံချက်ပေးနိုင်
မည့် အကျိုးရှိရာ ရှိကြောင်း တခုခု ပြန်လိုချင်
နေပုံ ရှိ၏။

လောလောဆယ်တွင် ချော့ခြည်တလှည့်
မြှောက်ခြည် တလှည့် ဖြင့် ပြသာနာကို ချည်း
ကပ်ကိုင်တွယ်လျက် ရှိနေပေသည်။ ရလာဒ်အ
ဖြစ် တရုတ် လက်နက်များက ၀ တပ်မတော်ထံ
သို့ ၀င်ရောက်လာလျက် ရှိနေခြင်းပင် ဖြစ်သည်။
ဝ များသည် အဖွဲ့ ခုနှစ်ဖွဲ့နှင့် ဖွဲ့စည်းထားသော
ဖက်ဒရယ် နိုငိငံရေး ဆွေးနွေး အတိုင်ပင်ခံ
ကော်မီတီ (FPNCC) * တွင် သြဇာကြီးမား
သော အဖွဲ့လည်း ဖြစ်သည်။

ကေအိုင်အေ တို့ အနေဖြင့် ၀ များ ထံမှ လက်
နက်များ သိသိသာသာ တဆင့် ပြန်လည်
လက်ခံရပုံ မပေါ်သော်လည်း FPNCC ၏ အခြား အဖွဲ့ဝင်များ ဖြစ်သော ကိုး
ကန့်။ TNLA၊ SSA (မြောက်) နှင့် ရခိုင်ရှိ AA
အဖွဲ့များကမူ ရရှိနေကြသည်။

အခြား အဖွဲ့ဝင်ဖြစ်သော မိုင်းလားဒေသရှိ ရှမ်း
နှင့် အာခါ မျိုးနွယ်စုများ ရောယှက်နေကြသော
အဖွဲ့ကမူ တရုတ် ထံမှ လက်နက်များကို တိုက်
ရိုက် လက်ခံရရှိနေကြသည်။ ၀ မ်ားက မည္မ်
အတိုင်းအတာ အထိ အခြား လူမျိုးစုများထံ
လွှဲပြောင်းပေးခွင့် ပြုထားသည်ကိုမူ အတိအကျ
သိနိုင်ခွင့် မရှိပဲ မှန်းဆ၍သာ ပြောနိုင်စွမ်း ရှိနေ
ရပေသည်။

တရုတ်တို့ က ၀ များ ကိုလည်း ချမ်းသာမပေးခဲ့
ပြန်ပေ။ ၀ အဖွဲ့ အတွင်း အကွဲကွဲ အပြားပြား
ဖြစ်နေစေရန် မဟာဗျုဟာ ချမှတ်လုပ်ဆောင်နေ
ပြီး သို့မှသာ သြဇာလွှမ်းနိုင်ခွင့်ကို အစဉ်အ
ဆက် ထိမ်း ထားနိုင်မည်လည်း ဖြစ်ပေသည်။

ယင်းလုပ်ရပ်များကြောင့် မကြာသေးမီကမှ ၀ အဖွဲ့အတွင်း အကွဲအပြဲများ သိသာထင်ရှားစွာ
ထွက်ပေါ်လာခဲ့ရသည်။ ဤသည်ကား ၀ တို့၏
ခေါင်းဆောင်ကြီး ပေါင် ယူရှန်နှင့် ညီအကိုများ
က တဖက် ၀ တို့၏ ဘဏ္ဍာငွေတိုက် ဖြည့်တင်း
ရေး တာဝန်ယူထားရသည့် တရုတ်နွယ်ဖွား စီးပွားရေး သမားများ ဖြစ်သည့် ဝေ ရှုကျန် (Wei Xuegang) နှင့် ညီအကိုများက တဖက် အား
ပြိုင်မူများ ရှိလာခဲ့ခြင်းပင် ဖြစ်သည်။

မြန်မာ အမည် စိန်ဝင်းဟု ပေးထားသော ဝေ
ရှုကျန်သည် ကချင်ပြည်နယ်အတွင်းရှိ ကျောက်
စိမ်းတွင်းများ အပါအ၀င် နိုင်ငံအနှံ့ ရင်းနှီးမြုပ်နျှံ
မှုများ အကြီးအကျယ် ပြုလုပ်ထားခဲ့သည်။ ထို့
အတွက်ကြောင့်လည်း မြန်မာ စစ်တပ်၏
အထက်တန်ုး အရာရှိကြီး များစွာနှင့် လွန်စွာ နီး
ကပ်မှု ရှိနေခဲ့သူ ဖြစ်လာရပေသည်။

ထိုမျသာ မကသေး တရုတ် အရာရှိများနှင့်လည်း
လွန်စွာမှ အဆက်အသွယ်ကောင်းသူ လည်း
ဖြစ်လာပြန်သည်။ သူကိုယ်တိုင် တရုတ်
လူမျိုး ဖြစ်နေ
ပြန်သဖြင့် တရုတ်တို့ အကျိုးစီးပွား ဖြစ်ရေးဖက် ပို၍ ယိမ်းယိုင်သူ လည်း ဖြစ်သည်။

၂၀၀၅ ဇန်န၀ါရီလ အတွင်းက ပေါင်၊ ဝေ နှင့်
၎င်းတို့၏ ညီအကိုများအား အမေရိကန်တရားရုံး
မှ မူးယစ်ဆေးဝါး ကုန်ကူးမှု ဖြင့် မျက်ကွယ်တွင်
အပြစ်ဒဏ် ချမှတ်ခဲ့ကြသည်။ ပေါင် သည်
အဆိုပါ တရားမ၀င် လုပ်ငန်းများမှ ကြွယ်ဝချမ်း
သာလာသူ ဖြစ်သော်လည်း တဖက်တွင် ၎င်း၏
အမျိုးသား တပ်မတော်ကြီးအား လည်း ထိမ်း
ချုပ်ထားရပြန်သည်။ သို့သော် စီးပွားရေး လုပ်
ရည်ကိုင်ရည် တွင်မူ ဝေ လောက် အမြင်
ကျယ်ကျယ် စွမ်းဆောင်နူိင်စွမ်း မရှိပြန်ပေ။

ဝ အဖွဲ့ အတွင်း ဖြစ်ပေါ်လာနေသော အကွဲအ
ပြဲများက ၁၉၉၆ တွင် ခွန်ဆာ လက်နက်ချစေ
သည့်အထိ ဖြစ်ခဲ့ရမှု များနှင့် အလားသဏ္ဍန်
တူလာနေပေသည်။ ခွန်ဆာ၏ မောင်ထိုင်းတပ်
တွင် တိုက်ခိုက်ရေးဖက် တာဝန်ယူထားရသော
ရှမ်းလူမျိုးစုများနှင့် ဟီရိုအင်း လုပ်ငန်းများ လုပ်
ကိုင်ပေးနေသော တရုတ် များဟူ၍ ကွဲပြားလျက်
ရှိနေခဲ့သည်။

ထိုစဉ်က စစ်အစိုးရနှင့် လျို့ဝှက်စွာ အပေးအယူ
လုပ်ခဲ့ကြသူများက တရုတ် ကြီးစိုးသော စီးပွား
ရေး အဖွဲ့ ဖြစ်သည်။ လက်နက်ကိုင် ရှမ်းများကမူ မြန်မာ စစ်ရဟတ်ယာဉ် ၁၉၉၆
ဇန်န၀ါရီလ အတွင်း ၎င်းတို့ဌာနချုပ်ရှေ့သို့
ဆင်းသက်လာမှသာ အခြေအနေ အစစ်အမှန်
ကို သိရှိခွင့် ရခဲ့ကြသည်။

ထို့နေုာက် ခွန်ဆာမှ ၎င်း၏ တပ်ကို ဖျက်သိမ်း
ကာ ရန်ကုန်တွင် သွားရောက် အနားယူနေခဲ့ပြီ
၂၀၀၇ တွင် ကွယ်လွန်ခဲ့သည်။ ၎င်း၏ မူးယစ်
ဆေးဝါး လုပ်ငန်း ပါတနာများကတော့ မြန်မာ
ပြည်၏ စီးပွားရေး လုပ်ငန်းများတွင် ၀င်ရောက်
ခြေကုပ်ယူလာခဲ့ကြသည်။ ထို့အတွက် လက်
ချည်း ဗလာသာ ကျန်ရစ်ခဲ့ကြရှာသော ရှမ်းအမျိုး
သားများက နေုာက်ပိုင်းတွင် Restorarion Council for Shan State ဆိုကာ လက်နက်
ကိုင် အဖွဲ့ ကို ဖွဲ့စည်းလာခဲ့ကြသည်။

ဝ အဖွဲ့ အတွင်း အလားတူ အနေအထားမျိုး ဖြစ်
လာနိုင်ဖွယ် ရှိမရှိက ပြောရန် စောလွန်းနေပေ
သေးသည်။ တရုတ်တို့က ကြားခံအဖြစ် အစိုးရ
နှင့် သဘောတူညီချက်ရရေး ၀င်ရောက်ပြောဆို
ပေးနိုင်ခဲ့လျင် အကွဲအပြဲများက အနည်းငယ်
ပြေရာပြေကြောင်း ဖြစ်လာနိုင်စရာ ရှိသည်။

ထိုအခါ ကျလျင် FPNCC ၏ စည်းလုံးညီညွတ်
သော တပ်ဦး ၏ ပုံသဏ္ဍန် လမ်းလွဲသွားနိုင်ပြီး
တရုတ်ထံမှ လက်နက်များကို အဖွဲ့ဝင်များထံ
ပေးပို့ နိုင်တော့မည် မဟုတ်ပေ။ ပေါင် ညီအကို
များ အဖွဲ့ အနေနှင့်လည်း ဝေ အဖွဲ့နှင့် ၎င်းတို့၏
ပါတ်သက်ရာ ပါတ်သက်ကြောင်း တရုတ် လုံ
ခြုံရေး အသိုက်အ၀န်း၏ ဆန္ဒကို လွန်ဆန်နိုင်
စွမ်း ရှိတော့မည် မဟုတ်ပေ။

တရုတ် ပြည်မှ ရရှိသော အတွင်းသတင်းများ
အဆိုအရ ပေါင် နှင့် အခြား အုပ်စု ခေါင်းဆောင်
များသည် ဒီဇင်ဘာ ၁၃-၁၅ တွင် ကူမင်းတွင်
တကြိမ်၊ ဖေဖေါ်ဝါရီ ၃-၄ တွင် ယူနန်တောင်
ပိုင်းရှိ ဂျင်ဟောင်း (Jinghong) တွင် တကြိမ်
တွေ့ဆုံခဲ့ကြပြီး တရုတ်တို့မှ ငြိမ်းချမ်းရေး လုပ်
ငန်းစဉ်များ အပေါ် ၎င်းတို့၏ သဘောထား
အမြင်များကို ထုတ်ဖေါ်ပြောဆိုခဲ့ကြောင်း သိရ
သည်။

မည်သို့ ပြောသည် ဆိုသည်ကိုမူ အတိအကျ မသိရသော်လည်း သေချာသည်က မြောက်ပိုင်း
တွင် အသစ်တဖန် ဖြစ်ပေါ်လာနေသော တိုက်
ပွဲများတွင် ၀ များကို ပါဝင် ပါတ်သက်ခြင်း မရှိရန်
လိုလားမှု မရှိခြင်းပင် ဖြစ်ပေသည်။

အချို့သော သတင်းရပ်ကွက်များ အဆိုအရ
တရုတ်တို့မှ တိုင်းရင်းသား လက်နက်ကိုင်များ
FPNCC ဖွဲ့ကာ တစုတဝေးတည်း ရှိနေခြင်း
ကြောင့် ကိုင်တွယ်ရ ခက်နေသဖြင့် ၎င်းတို့၏
အမိုးအကာ အောက်တွင်ပင် တကွဲတပြားစီ
ဖြစ်စေလိုပုံ ရှိနေသည်။ သို့မှသာ တဖွဲ့ချင်းအား
လိုသလို ကိုင်တွယ်၍ လွယ်ကူပေမည်ဟု ယူ
ဆနေကြောင်း သိရှိရပေသည်။

လှစိုး​ဝေ


*FPNCC - Federal Politics and Negoatiation Consultative Committee

No comments:

Post a Comment