အဲယားကွန်းပါ YBS ယာဉ်လိုင်းသစ်ကို ကျောက်တန်း နှင့် တာမွေ ပြေးဆွဲမည်
မေလ ၁၆
ရန်ကုန်တောင်ပိုင်းခရိုင် ကျောက်တန်းမြို့နယ် အဲယားကွန်းပါတပ်ဆင်ထားသော YBS ယာဉ်လိုင်းသစ်အား လာမည့် မေလကုန်၌ ပြေးဆွဲနိုင်ရန် ရွှေတောင်ပိုင်း အများပိုင် ယာဉ်လိုင်းကုမ္ပဏီမှ စီစဉ်နေကြောင်းသိရသည် အဆိုပါအဲယားကွန်းယာဉ်လိုင်ူသစ်မှာ ကျောက်တန်းမှ တာမွေသို့ ပြေးဆွဲမည်ဖြစ်သည်ဟု ရွှေတောင်ပိုင်းအများပိုင်ယာဉ်လိုင်းကုမ္ပဏီမှ မဇ္ဈိမသို့ အတည်ပြုပြောကြားသည်။
ဒီလကုန်ကျောင်းဖွင့်ချိန်အမှီ ပြေးဆွဲနိုင်ဖို့စီစဉ်ထားတယ် ယာဉ်လိုင်းပြေးဆွဲဖို့ခွင့်ပြုချက်တော့ကျပါပြီဟုရွှေတောင်ပိုင်းအများပိုင်ယာဉ်လိုင်း ကုမ္ပဏီ၏ မန်းနေးဂျင်းဒါရိုက်တာ ဦးတင်ထွန်းကပြောကြားသည် ယာဉ်လိုင်းသစ်ကို ယာဉ်အစီးရေ ၅၀ ဖြင့်ပြေးဆွဲနိုင်ရန် စီစဉ်ထားပြီး ကျောက်တန်းနှင့်တာမွေ ယာဉ်စီးခအား အများဆုံး ၂၀၀ ကျပ်ဖြင့်သာ ပြေးဆွဲနိုင်ရန် လတ်တလော ဆုံးဖြတ်ထားကြောင်း ရွှေတောင်ပိုင်းအများပိုင်ယာဉ်လိုင်းကုမ္ပဏီမှ မေလ ၁၅ ရက်တွင်သိရသည် လက်ရှိအချိန်တွင်ကျောက်တန်းမှရန်ကုန်တွင်းသို့ မီနီဘတ်စ်ခရိးသည်တင်ယာဉ်များဖြင့် ပြေးဆွဲနေပြီး ခရီးသွားပြည်သူများ အခတ်အခဲကြုံတွေ့နေကြောင်းသိရသည်။
ကျောက်တန်းနှင့်ရန်ကုန်အကြားအကွာအဝေး ၂၂ မိုင်ခန့်ရှိပြီး ၂နာရီကြာ ကားစီးရသည့်အတွက် ယခုအဲယားကွန်းတပ်ဆင်ထားသော ဟွန်ဒိုင်းယာဉ်များဖြင့် ပြေးဆွဲနိုင်ရန် စတင်လုပ်ဆောင်နေခြင်းဖြစ်သည် ။ယခုပြေးဆွဲနေသော မီနီဘတ်စ်ကားအသေးလေးတွေဖြစ်တဲ့အတွက် လူအင်အားကအရမ်းများတယ် အားလုံးက အလုပ်ကိစ္စ ကျောင်းကိစ္စဖြင့်သွားနေကြရတယ် ခရီးစဉ်အရှည်ကြီးကို ကြပ်ကြပ်သပ်သပ်နဲ့သွားနေရတယ် ဒါကအဓိကအခြေခံလိုအပ်ချက်ဖြစ်ပြီး လက်ရှိမဖြစ်မနေလိုအပ်ချက်ဖြစ်တယ်ဟု ကျောက်တန်းမြို့နယ် ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဒေါ်အေးမြမြမျိုးကပြောကြားသည် ရွှေတောင်ပိုင်းအများပိုင်ယာဉ်လိုင်း ကုမ္ပဏီလက်အောက်တွင် ယာဉ်လိုင်းပေါင်း၁၀ လိုင်းပြေးဆွဲနေပြီး YBS ၃၂ YBS ၃၃ တို့မှာ ကျောက်တန်းသို့ပြေးဆွဲနေပြီး YBS ၃၄ မှာ ခရမ်းသုံးခွသို့ ပြေးဆွဲနေကြောင်းသတင်းရရှိသည်။
ကျော်ဆန်းမြင့် ( ပြန်/ဆက်)
Subscribe to:
Post Comments (Atom)
No comments:
Post a Comment