Latest News

Wednesday, May 16, 2018

ညောင်တုန်းမြို့ ညောင်ချောင်းသာကမ်းခြေအနီး၌ မိုးကြိုးပစ်ခဲ့ရာ အမျိုးသမီးငယ်တစ်ဦးသေဆုံး၊ တစ်ဦးဒဏ်ရာရ

ညောင်တုန်းမြို့ ညောင်ချောင်းသာကမ်းခြေအနီး၌ မိုးကြိုးပစ်ခဲ့ရာ အမျိုးသမီးငယ်တစ်ဦးသေဆုံး၊ တစ်ဦးဒဏ်ရာရ


ညောင်တုန်း       မေ        ၁၆

ဧရာဝတီတိုင်းဒေသကြီး၊ မအူပင်ခရိုင်၊ ညောင်တုန်းမြို့နယ် ရန်ကင်းစံရွာကျေးရွာအုပ်စု၊ အနောက်ကျွန်း ကျေးရွာ၊ ညောင်ချောင်းသာကမ်းခြေအနီး၌ မေလ ၁၅ ရက် ညနေ ၄ နာရီ ၂၀ မိနစ်ခန့်တွင် မိုးရွာသွန်း၍ မိုးကြိုးပစ် ခဲ့ရာ အမျိုးသမီးငယ်တစ်ဦး သေဆုံးသွားခဲ့သည်။

ဖြစ်စဉ်မှာ  ရန်ကင်းစံရွာကျေးရွာအုပ်စု၊ အနောက်ကျွန်းကျေးရွာ၊ ညောင်ချောင်းသာကမ်းခြေအနီးတွင် ဦးသန်းဦး (၄၆) နှစ်၊ ဇနီးဖြစ်သူ ဒေါ်သန်းမြင့် (၄၆) နှစ်နှင့် သမီးဖြစ်သူ မစုမြတ်ဝေ(ခ) မစံပယ် (၁၅) နှစ်တို့သည် နေအိမ်ကိုင်းတဲတွင်ရှိနေစဉ် ရုတ်တရက် မိုးရွာသွန်း၍ မိုးကြိုးပစ်ခဲ့ရာ မစုမြတ်ဝေသည် ယာနားသွေးထွက်ဒဏ်ရာ၊ ဝဲခါးဆစ်မီးလောင်ဒဏ်ရာများရရှိခဲ့သဖြင့် ညောင်တုန်းမြို့ပြည်သူ့ဆေးရုံသို့ ပို့ဆောင်ခဲ့ရာ ရရှိသောဒဏ်ရာများဖြင့် သေဆုံးသွားခဲ့ပြီး ဖခင်ဖြစ်သူ ဦးသန်းဦးမှာ ဝဲခြေသလုံး ထုံကျင်ဒဏ်ရာများရရှိခဲ့ရာ ညောင်တုန်းမြို့ ပြည်သူ့ဆေးရုံတွင် ဆေးကုသမှုခံယူလျှက်ရှိကြောင်း သတင်းရရှိသည်။

ဝဠာနိုင်(ညောင်တုန်း)
ပြန်​/ဆက်

No comments:

Post a Comment