Latest News

Thursday, May 24, 2018

အဲဒီေကာင္မ ငါ xxxx က်င့္ခဲ့တဲ့မိန္းမထဲမွာ အခက္ဆံုးေကာင္မပဲ.. ေအာ္ဟစ္ေနလိုက္တာ.. နားေတာင္ၿငီးတယ္

တရားသူႀကီးထံ ေပးပို႔စာ

အပိုင္း-၁

‘ေစာဂ်င္ဟန္း’ဆိုတဲ့လူသားတစ္ဦးဟာ ၁၉၆၇ ခုႏွစ္မွာ ေတာင္ကိုရီးယားႏိုင္ငံ ေတာၿမိဳ႕ေလးတစ္ၿမိဳ႕မွာ ေမြးဖြားၿပီး ေလာကႀကီးထဲမွာ လူရယ္လို႔ ျဖစ္လာခဲ့တယ္..။ေမာင္ႏွမ ၁၀ ေယာက္မွာ သူက ၆ ေယာက္ေျမာက္ သားေယာက္်ားေလးေပါ့…။အေဖက ေလာင္းကစားသမား…။အေမကေစ်းထြက္ေရာင္းၿပီး ကေလး ၁၀ ေယာက္ကို အႏိုင္ႏိုင္ လုပ္ေကြ်းေနရတဲ့ဘဝ..။သူဟာ ငယ္ငယ္ကတည္းက မိမိကိုယ္မိမိ ယံုၾကည္မႈမရွိ..သူတစ္ပါးကို အျပစ္လႊဲခ်…ဥပေဒခ်ိဳးေဖာက္ … တစ္ခုခုကိုစြဲစြဲၿမဲၿမဲမလုပ္ႏိုင္..

…စတဲ့ ဆိုက္ကိုပါ့သ္ရဲ႕လကၡဏာေတြနဲ႔ေမြးဖြားလာတယ္။လူေတြကို အႏၲရာယ္ေပးႏိုင္တဲ့ကေလးတစ္ေယာက္ျဖစ္တယ္…။
ေစာဂ်င္ဟန္း

ေစာဂ်င္ဟန္းဟာ လူပ်ိဳေပါက္စျဖစ္လာကတည္းက အိမ္ေဘးက မိန္းကေလးေတြကို အၿမဲ မေကာင္းၾကံဖို႔ ႀကိဳးစားေနခဲ့တဲ့သူ…။မဟုတ္တာမွန္သမွ် အကုန္လုပ္တဲ့ ေစာဂ်င္ဟန္းကို ဆိုဆံုးမမယ့္သူ တစ္ေယာက္မွမရွိ…။ေစာဂ်င္ဟန္းဟာ ခိုးမႈနဲ႔လည္း ရဲစခန္းကို ခဏခဏေရာက္တယ္။သူဟာ ၁၇ ႏွစ္ အရြယ္ေရာက္ေတာ့ ဆိုးလ္ၿမိဳ႕ကိုတက္ၿပီး စက္႐ုံတစ္႐ုံမွာအလုပ္ဝင္လုပ္တယ္။ဆိုးလ္ၿမိဳ႕မွာ ႏိုက္ကလပ္တက္၊ ရန္ျဖစ္၊ ခိုးယူ မေကာင္းမႈမွန္သမွ် အကုန္လုပ္တယ္။ ေစာဂ်င္ဟန္းဆို လူေတြက ေၾကာက္႐ုံတင္မဟုတ္ …ရြံၾကတယ္။လူယုတ္မာ…ကလိမ္ကက်စ္..။

၁၉၉၀ခုႏွစ္ ၉ လပိုင္း ၂၅ ရက္

မနက္ ၂:၃၀

လုပ္ေဖာ္ကိုင္ဖက္က ညဖက္အလုပ္လုပ္ရတာကို သိေနတဲ့ ေစာဂ်င္ဟန္းဟာ အသက္ ၂၈ ႏွစ္အရြယ္ရွိတဲ့ လုပ္ေဖာ္ကိုင္ဖက္ရဲ႕ မိန္းမကို မုဒိမ္းက်င့္ခဲ့တယ္…။ေဘးအိမ္က အသံေတြၾကားႏိုးလာေတာ့ ထြက္ေျပးသြားၿပီး အျခားအိမ္က အသက္ ၂၅ ႏွစ္အရြယ္မိန္းကေလးကို ဝင္ၿပီး မုဒိမ္းက်င့္ျပန္တယ္။တစ္ညထဲ မုဒိမ္းမႈ ၂ ခုကို ဒီလိုဆက္တိုက္က်ဴးလြန္ခဲ့တယ္။ဒါကို တရားသူႀကီးက ေထာင္ဒါဏ္ ၂ ႏွစ္ပဲခ်ခဲ့တယ္။ ဘယ္လိုတရားသူႀကီးလဲ ျပည္သူေတြက နားမလည္ႏိုင္…။

၁၉၉၃ ခုႏွစ္ ၅ လပိုင္း ၂၁ ရက္ေန႔ ေထာင္ကျပန္လြတ္လာၿပီး ဓားျပတိုက္မႈနဲ႔ေထာင္ထပ္က်တယ္။ေထာင္ဒါဏ္ ၃ ႏွစ္ ၆ လ။မုဒိမ္းမႈတုန္းက ၂ ႏွစ္၊ ဓားျပတိုက္မႈက်ေတာ့ ၃ ႏွစ္ ၆ လ…. အဲဒီတုန္းက ေတာင္ကိုရီးယား ဥပေဒေပါ့..။ တခ်ိဳ႕ မုဒိမ္းသမားေတြဆို အက်ယ္ခ်ဳပ္ပဲက်တာ။

ေထာင္ကလြတ္လာတဲ့ ေစာဂ်င္ဟန္းဟာ သူ႔ေမြးရပ္ကိုျပန္ေနတယ္။

၁၉၉၇ ခုႏွစ္ ၈ လပိုင္း ၁၅ ရက္ေန႔

နယ္ျမိဳ႕ဆိုေတာ့ တခ်ိဳ႕ အိမ္သာေတြက အိမ္အျပင္ဖက္မွာေဆာက္ၾကတယ္..။ အိမ္သာထဲကထြက္လာတဲ့ အသက္ ၃၀ အရြယ္ မိန္းကေလးတစ္ေယာက္ကို အိမ္သာထဲျပန္ဆြဲေခၚသြားၿပီး မုဒိမ္းက်င့္ျပန္တယ္။”အေဖေရ..ကယ္ပါဦး..” လို႔ေအာ္ေနတဲ့ မိန္းကေလးအသံၾကားလို႔ ၁ နာရီေလာက္အၾကာ မွာ လူေတြက ကယ္တင္လိုက္ႏိုင္တယ္။ဒီတစ္ခါေတာ့ ေထာင္ဒါဏ္ ၅ ႏွစ္ …။

၂၀၀၂ ခုႏွစ္ ၉ လပိုင္း

ေထာင္ကလြတ္လာျပန္တယ္။ဒီတစ္ခါေတာ့ ေမြးရပ္ကိုျပန္လို႔မရေတာ့ဘူး ။ သူလာရင္ သတ္ပစ္မယ္လို႔ ႀကိမ္းေမာင္းေနၾကၿပီေလ…။သူဟာ ဆိုးလ္ၿမိဳ႕ရဲ႕ ေျမာင္မုတ္ရပ္ကြက္မွာေနတယ္။

၂၀၀၄ ခုႏွစ္ ၄ လပိုင္း

မုဒိမ္းမႈထပ္က်ဴးလြန္ျပန္တယ္…။ဒီတစ္ခါေတာ့ ေထာင္ဒါဏ္၁၀ ႏွစ္ခ်ျခင္းခံရခဲ့တယ္…။ဒါေပမဲ့ ရဲေထာက္လွမ္းေရးတို႔ရဲ႕ မႈခင္းမွတ္တမ္း စာအမွားအယြင္းေၾကာင့္ ၇ ႏွစ္ ၆ လ ပဲေထာင္က်ၿပီး လြတ္ေျမာက္လာခဲ့ျပန္တယ္။တရားသူႀကီးေတြဟာ ဒီလို ဆက္တိုက္အမွားေတြျပဳလုပ္ခဲ့တယ္။
ေစာဂ်င္ဟန္း

ကေလးဘဝကစၿပီး ဒီအသက္အရြယ္ ၄၄ ႏွစ္အထိ ေထာင္ထဲမွာေနခဲ့ရတာ အားလံုးေပါင္း ၁၈ ႏွစ္…။ ေထာင္ဆိုတာ သူ႔အိမ္ပဲေလ…။ ေထာင္ထဲျပန္ဝင္ရမွာ သူ မေၾကာက္…။မိန္းကေလးေတြ မေကာင္းၾကံဖို႔အတြက္ ေထာင္ကထြက္လာမယ့္အခ်ိန္ကို ေစာင့္ေနတဲ့သူ…။အခုလည္း သူထင္တာထက္ေစာၿပီး လြတ္ေျမာက္လာလို႔ ဝမ္းသာေနတယ္။သူအေတြးက တစ္ခုတည္း…။

“မုဒိမ္းက်င့္မယ္..”

သူ႔အတြက္ေတာ့ မိန္းကေလးဆိုတာ မုဒိမ္းက်င့္လို႔ရတဲ့ အသံုးခ်ခံပစၥည္းေတြ…။မေကာင္းၾကံ မုဒိမ္းက်င့္….မိတဲ့ေန႔ ေထာင္ထဲျပန္ဝင္လိုက္႐ုံပဲေလ.,။ေထာင္ထဲမွာ မိန္းကေလးေတြကို ဘယ္လို ဘယ္ပံု မုဒိမ္းက်င့္ခဲ့တာ ဂုဏ္ယူၿပီးေျပာမဆံုး..။ သူေျပာပံုအရဆို ရဲေတြမသိလိုက္တဲ့ မုဒိမ္းမႈေတြ တပံုႀကီး..။ေထာင္ထဲမွာရန္ျဖစ္တာလဲမေျပာနဲ႔ေတာ့..။ ေန႔တိုင္းလိုလို…မ်က္စိထဲ ျမင္သမွ်လူကို အႏိုင္က်င့္…။ ေဒါသႀကီးၿပီး ကိုယ္ကိုကိုယ္သတ္ေသဖို႔ ၂ ခါႀကိဳးစားဖူးတယ္။ ေသေသ ေနေန မထူးဘူးဆိုတဲ့ေကာင္..။ေထာင္ထဲကထြက္ခါနီး ေထာင္သူငယ္ခ်င္းေတြကို ဒီလိုေျပာလိုက္ေသးတယ္။

” ဒီတစ္ခါေတာ့ မိန္းကေလးတစ္ေယာက္ေယာက္ကို မုဒိမ္းက်င့္ၿပီး ဓါးနဲ႔ထိုးၾကည့္ဦးမယ္…ငါ ျပန္ဝင္ခဲ့မယ္ကြာ။ ခဏေစာင့္..”

၂၀၁၂ ခုႏွစ္ ၇ လပိုင္း ၃၁ ရက္ေန႔

ေျမာင္မုတ္ရပ္ကြက္ ( 면목동 )

ေစာဂ်င္ဟန္းဟာ ေမာ္ေတာ္ဆိုင္ကယ္နဲ႔ လမ္းသလားေနတုန္း မိန္းကေလးတစ္ေယာက္ကို လမ္းေပၚမွာေတြ႕တယ္။သူမေနာက္ကိုလိုက္ၾကည့္ၿပီး သူမ ဘယ္မွာေနလဲဆိုတာ မွတ္ထားလိုက္တယ္။ေစာဂ်င္ဟန္းဟာ အဲဒီ မိန္းကေလးတစ္ေယာက္ထဲရွိတဲ့အခ်ိန္အထိေစာင့္ၾကည့္ေနခဲ့တယ္…၊

၂၀၁၂ ခုႏွစ္ ၈ လပိုင္း ရ ရက္

အေျခအေနေပးတာနဲ႔ ပါဆယ္ပို႔သမားေယာင္ေဆာင္ တံခါးေခါက္… ၊ တံခါးဖြင့္ေပးေတာ့ မိန္းကေလး အိမ္ထဲဝင္ၿပီး မုဒိမ္းက်င့္ခဲ့ျပန္တယ္…။မိန္းကေလးက ရဲစခန္းမွာ အမႈဖြင့္ေပမဲ့ ရဲေထာက္လွမ္းေရးေတြဟာ ေစာဂ်င္ဟန္းမွန္းမသိခဲ့…။

၁၂ ရက္အၾကာ

ေထာင္ထြက္ ေစာဂ်င္ဟန္းဟာ မုဒိမ္းထပ္က်င့္ဖို႔ အစီအစဥ္ဆြဲေနတယ္။တစ္ညလံုးအိပ္လို႔မရ ကြန္ျပဴတာတစ္လံုးနဲ႔ အလုပ္ရႈပ္ေနတယ္။ဘယ္အိမ္ကိုဝင္ရင္ ဘယ္ ေျပးလမ္းနဲ႔နီးမလဲ..?သက္ေသမက်န္ေအာင္ဘယ္လိုလုပ္ရမလဲ…?သူဟာေထာင္ကထြက္လာၿပီးကတည္းက တစ္ခါပဲ မုဒိမ္းက်င့္ရေသးတယ္ဆိုၿပီး မေက်မနပ္ျဖစ္ေနတယ္။

ေစာဂ်င္ဟန္းဆိုတဲ့ လူယုတ္မာဟာ ဒီလို မိန္းကေလးေတြကို မေကာင္းၾကံဖို႔ပဲ ေတြးေနတဲ့သူေပါ့..၊ေငြကလည္းမရွိ…။ ေငြေပးၿပီး ကာမဆက္ဆံမယ္ဆိုရင္ေတာင္ သူနဲ႔အတူ ဘယ္မိန္းမမွ ကာမဆက္ဆံရဲမွာမဟုတ္ပါဘူး။သူ႔မွာ ေထာင္ကတပ္ေပးလိုက္တဲ့ (electronic anklet) လွ်ပ္စစ္ ေျခခ်င္းႀကီးနဲ႔ေလ..။ဒီေန႔ေတာ့ မိန္းမတစ္ေယာက္ကို မုဒိမ္းက်င့္ျဖစ္ေအာင္ က်င့္မယ္လို႔ သူေတြးလိုက္တယ္။

မနက္ေစာေစာ အိပ္ရာကထ…။လိုလိုမယ္မယ္ .. မိန္းကေလးကေအာ္ရင္ တိပ္ ( tape ) နဲ႔ပါးစပ္ပိတ္ရေအာင္ တိပ္ေခြ တစ္ေခြနဲ႔ ဓါးတစ္လက္ အိပ္ထဲ ထည့္လိုက္တယ္။သူ viagra ဆိုတဲ့ စိတ္ႂကြေဆး ႏွစ္ျပားကိုေသာက္လိုက္တယ္။ၿပီးေတာ့ ဘယ္မိန္းကေလးကို မုဒိမ္းက်င့္ရင္ေကာင္းမလဲ အျမန္လိုက္ရွာေနတယ္။

အဲဒီေန႔က ၂၀၁၂ ခုႏွစ္ ၈ လပိုင္း ၂၀ ရက္ေန႔ ျဖစ္တယ္။

ဆိုးလ္ၿမိဳ႕- ဂြမ္ဂ်င္းဂု- ဂြ်န္းဂုတိဒံု(Seoul- Gwangjin District-Junggok Dong)

မနက္ ၉ နာရီ ၃၀ မိနစ္

ေစာဂ်င္ဟန္းဟာ ကံဆိုး မိုးေမွာင္က်သူ မိန္းမတစ္ေယာက္ကို ေတြ႕သြားတယ္…။သူမဟာ ကေလးႏွစ္ေယာက္ကို လက္ဆြဲၿပီး ကေလးထိန္းေက်ာင္းကားကို ေစာင့္ေနတဲ့ အသက္ ၃၇ႏွစ္ အရြယ္ရွိတဲ့ ကေလးအေမ အမ်ိဳးသမီးတစ္ေယာက္ျဖစ္တယ္…။” ဒီမိန္းမနဲ ကေလးေတြ ေစာေစာကပဲ ဟိုအေဆာက္အဦးရဲ႕ ဝရန္တာမွာေတြ႕လိုက္ေသးတယ္..”မုဒိမ္းေကာင္ ေစာဂ်င္ဟန္းဟာ သူမေနတဲ့အိမ္ကိုတက္ၾကည့္လိုက္ေတာ့ တံခါးေစ့ထားတယ္။သူဟာ ဝမ္းသာအားရ သူမအိမ္ကို ေျပးဝင္လိုက္ၿပီး သူမ အိမ္ျပန္အလာကို ေအးေအးေဆးေဆး ေစာင့္ေနလိုက္တယ္။သူမ ဝင္လာေတာ့ ပုန္းေနရာကေန ခုန္ထြက္လိုက္တယ္။

ေစာဂ်င္ဟန္းရဲ႕လက္ထဲမွာ ဓားတစ္ေခ်ာင္းနဲ႔….။

မေမ်ာ္လင့္ပဲ ေစာဂ်င္ဟန္းကို အိမ္ထဲမွာေတြ႕လိုက္ရတဲ့ အမ်ိဳးသမီးက ေၾကာက္လန္႔တၾကားေအာ္ဟစ္အကူအညီေတာင္းလိုက္တယ္။

” အား…အမယ္ေလး!” ကယ္ၾကပါဦး..။ သူခိုး!!!!”

မုဒိမ္းေကာင္ဟာ အမ်ိဳးသမီးကိုလွဲခ်.. သူမကိုယ္လံုးကို ခြထိုင္ၿပီး အေပၚစီးက စိတ္တိုင္းက် လက္သီးနဲ႔ထိုး ၊ ႐ိုက္ႏွက္လိုက္တယ္။ အခ်က္ ၄၀ ေက်ာ္ တဲ့အထိေပါ့…။

“ေတာင္းပန္ပါတယ္.. ကြ်န္မကို မ႐ိုက္ပါနဲ႔ရွင္ .. နာလြန္းလို႔ပါ..” သူမက ထပ္ကာထပ္ကာေတာင္းပန္တယ္။

“နားၿငီးတယ္ကြာ”

သူမ ပါးစပ္ကို တိပ္နဲ႔ပိတ္လိုက္တယ္။ ဓါးနဲ႔တစ္ခ်က္ထိုးၿပီး နာက်င္ေနတဲ့ သူမကို မုဒိမ္းက်င့္ေတာ့တယ္။အမ်ိဳးသမီးက ဝူးဝူးဝါးဝါး ေအာ္ၿပီး ႐ုန္းကန္တယ္။ အိမ္ေအာက္ထပ္ကၾကားေအာင္ သူမ ေျခေထာက္နဲ႔ ၾကမ္းျပင္ကို ထုတယ္။ဓါးနဲ႔ထိုးတာေတာင္ မေၾကာက္မလန္႔ ႐ုန္းကန္ေနတဲ့မိန္းမ..။ေစာဂ်င္ဟန္းဟာ အမ်ိဳးသမီးကို ဓါးနဲ႔ထပ္ထိုးလိုက္တယ္။အမ်ိဳးသမီးရဲ႕ တစ္အိမ္လံုးမွာ ေသြးေတြ ေခ်ာင္းစီးသြားတယ္။ေသြးသံရဲရဲအမ်ိဳးသမီးကို လူယုတ္မာဟာ ဆက္ၿပီး မုဒိမ္းက်င့္ျပန္တယ္။အမ်ိဳးသမီးဟာ ဒီတစ္ခါေတာ့ လက္အုပ္ခ်ီ ေတာင္းပန္ရွာတယ္။ေတာင္းပန္တာကို ဂ႐ုေတာင္မစိုက္… ။မုဒိမ္းေကာင္ဟာ ငိုယိုေတာင္းပန္ေနတဲ့ အမ်ိဳးသမီးကို စိတ္တိုတိုနဲ႔ တတိယအႀကိမ္ ဓါးနဲ႔ထိုးလိုက္ျပန္တယ္။အမ်ိဳးသမီးရဲ႕ ဦးေခါင္းဟာ နံရံနဲ႔ အႀကိမ္ႀကိမ္ေဆာင့္မိတဲ့ ဒါဏ္ေၾကာင့္ ေသြးေတြျဖာက်လာတယ္။

အမ်ိဳးသမီးက တစ္စံုတစ္ခုကို သတိရသြားပံုရတယ္။အေရးႀကီးတဲ့ပံုစံနဲ႔ အိမ္အဝင္အဝ တံခါးကိုလက္ၫႈိးထိုးျပၿပီး သူမ ပါးစပ္က တိပ္ကို ျဖဳတ္ေပးဖို႔ အမူအရာနဲ႔ ေျပာတာ့ ေစာဂ်င္ဟန္းက ပါးစပ္ တိပ္ကို ခြာေပးလိုက္တယ္။”ဒီမွာ..! ကြ်န္မ ကေလးေတြေက်ာင္းကားမလာေသးဘူး.. ကြ်န္မ ပစၥည္းတစ္ခုက်န္ခဲ့လို႔ အိမ္ထဲဝင္ၿပီး ျပန္လာယူတာပါ…။ ကေလးေတြပဲ အျပင္မွာက်န္ခဲ့တယ္။ ဒီအတိုင္းဆို သူတို႔ရဲ႕ဆရာမ အိမ္ထဲကိုဝင္လာလိမ့္မယ္..။ ရွင့္ကိုေတြ႕မွာပဲ….”

“နင့္တကိုယ္လံုး ေသြးအလိမ္းလိမ္းနဲ႔ ဘယ္လို အျပင္ထြက္မလဲ …ကေလးေတြကိုငါသြားေခၚမယ္…”

မုဒိမ္းေကာင္ဟာ အျပင္ထြက္ဖို႔ျပင္လိုက္တယ္။ ‘အျပင္ထြက္လို႔ ျဖစ္ပါ့မလား’ လို႔ ခဏေတြေဝေနတုန္း အမ်ိဳးသမီးဟာ ႐ုတ္တရက္ ဝရန္တာကို ေျပးထြက္ၿပီး ျပတင္းေပါက္ကခုန္ခ်ဖို႔ႀကိဳးစားလိုက္တယ္။အမွန္ေတာ့ အမ်ိဳးသမီးက ဉာဏ္ဆင္ၿပီး ကေလးေတြ ေစာင့္ေနတယ္လို႔ လိမ္ေျပာလိုက္တာပါ..။မုဒိမ္းေကာင္ဟာ ေဒါသတႀကီး အမ်ိဳးသမီးကို ခုန္အုပ္လိုက္တယ္။ အမ်ိဳးသမီးရဲ႕လက္ေတြဟာ ျပဴတင္းေပါက္တံခါးလက္ကိုင္ကို ၿမဲျမံစြာဆုပ္ကိုင္ထားတယ္။အမ်ိဳးသမီးဟာ ေအာ္ဟစ္အကူအညီေတာင္းတယ္။ ခြာလိုက္တဲ့တိပ္နဲ႔ ပါးစပ္ပိတ္ဖို႔ ့ႀကိဳးစားေပမဲ့ မ်က္ႏွာမွာ ေသြးေတြနဲ႔ေခ်ာ္ေနလို႔ မရေတာ့ဘူး။

ဒီလို ႐ုန္းရင္းဆန္ခတ္ေတြျဖစ္ၿပီး ၿပိဳလဲသံေတြ၊ ေအာ္သံေတြေၾကာင့္ ေအာက္ထပ္အိမ္က ရဲေတြကို အေၾကာင္းၾကားထားတယ္။ရဲေတြအျမန္ဆံုးေရာက္လာတယ္။အမ်ိဳးသမီး အိမ္ကိုတံခါးေခါက္သံၾကားေတာ့ သူမ ေမ်ာ္လင့္ႀကီးစြာ ရွိသမွ်အင္အားနဲ႔ က်ယ္ေလာင္စြာထပ္ ေအာ္ဟစ္လိ္ုက္တယ္။

” ဦးေလးတို႔ ကယ္ၾကပါဦး…ကြ်န္မ ေသရပါေတာ့မယ္…!!!”

သူမဟာ ေမ်ာ္လင့္ခ်က္ေတြနဲ႔ အားတက္သြားခဲ့တယ္။အသက္ခ်မ္းသာရာရၿပီ…။ရဲေတြဟာ တံခါးကို တခါတည္း ႐ိုက္ခ်ိဳးၿပီး အိမ္အထဲကိုဝင္လိုက္တယ္။အိမ္ထဲမွာ ေသြးေတြ ျမင္မေကာင္း..။အမ်ိဳးသမီးဟာ ျပတင္းေပါက္တံခါး လက္ကိုင္ကို အတင္းအၾကပ္ဆုပ္ကိုင္ထားဆဲ…ေစာဂ်င္ဟန္းကေတာ့ အမ်ိဳးသမီးရဲ႕အေနာက္မွာ….သူမဟာ သားနဲ႔သမီးကို မွန္းဆၿပီး ဝမ္းသာအားရေအာ္လိုက္တယ္။

” ကေလးတို႔ေရ …အေမ လြတ္ၿပီ…။”

ရဲေတြကို ျမင္သြားတဲ့ မုဒိမ္းေကာင္ ေစာဂ်င္ဟန္းဟာ အေတာ္ ေဒါသထြက္သြားတယ္။” ေကာင္မ နင့္ေၾကာင့္ ရဲေတြေရာက္လာတာ!!!!”ေဒါသတႀကီးနဲ႔ အမ်ိဳးသမီးရဲ႕ လည္ပင္းညာဖက္အျခမ္းကို ဓါးနဲ႔ ႏွစ္ခ်က္ဆင့္ထိုးခ်လိုက္ေတာ့တယ္။အမ်ိဳးသမီးပါးစပ္ထဲကေသြးေတြ အန္ထြက္လာတယ္။ တံခါးကို ၿမဲျမံစြာဆုပ္ကိုင္ထားတဲ့ အမ်ိဳးသမီးရဲ႕လက္ေတြဟာ ျပဳတ္က်သြားတယ္။ ၿပီးေတာ့ သူမရဲ႕ ကိုယ္ခႏၶာဟာလည္း ၾကမ္းျပင္ေပၚကို ျပဳတ္က်သြားေတာ့တယ္။ရဲေတြဟာ မုဒိမ္းေကာင္ေစာဂ်င္ဟန္းကို ဖမ္းခ်ဳပ္ၿပီး အမ်ိဳးသမီးကို စမ္းသပ္ၾကည့္လိုက္တယ္။သူမဟာ ေသဆံုးေနပါၿပီ..။အသက္ကယ္ဝန္ထမ္းေတြ ေရာက္လာၾကတယ္။
ေသဆံုးသူ

ရဲအရာရွိဟာ မုဒိမ္းေကာင္ ေစာဂ်င္ဟန္းကို လက္ထိတ္ခတ္ရင္း ဒီလိုေျပာလိုက္တယ္။”ငါ့နာမည္ *** ျဖစ္တယ္။ မင္းကို အိမ္က်ဴးေက်ာ္ဝင္ေရာက္မႈ၊ လက္ႏွက္ကိုင္မႈ၊ မုဒိမ္းမႈ၊ လူသတ္မႈနဲ႔ဖမ္းလိုက္ၿပီ..ေရွ႕ေန အသံုးျပဳခြင့္ရွိတယ္။ အျပင္မွာငါတို႔ ကားရွိတယ္ … ရဲစခန္းကိုလိုက္ခဲ့ပါ..”ရဲလိုင္စင္ျပၿပီး ဒီလိုေျပာတဲ့ ရဲအရာရွိကို မုဒိမ္းေကာင္ ေစာဂ်င္ဟန္းက ျပံဳးလိုက္တယ္…။

” ဟား ….အျပင္မွာ လူေတြ ဒီေလာက္အုံေနတာ ငါက မင္းတို႔ေျပာသလို အခု အျပင္ထြက္ရေအာင္ အ႐ူးလားကြ..? ဦးထုတ္နဲ႔ မ်က္ႏွာဖံုး ယူခဲ့ .. မ်က္ႏွာကာၿပီးမွ လိုက္ႏိုင္မယ္..!”

ၿပီးေတာ့…

“လက္ထိတ္တဖက္ျဖဳတ္ေပး .. အကီ်ၤျပန္ဝတ္ရမယ္ကြ…”သူ႔အကႌ်ေဘာင္းဘီေတြ ေအးေအးေဆးေဆးျပန္ဝတ္ သူ႔အိမ္လို ဆိုဖာေပၚေျခခ်ိတ္ထိုင္ေနလိုက္တယ္။ရဲသားတစ္ေယာက္ဟာ အနီးဆံုးဆိုင္က ဦးထုတ္နဲ႔ မ်က္ႏွာဖံုးကို အျမန္သြားဝယ္ခဲ့ရပါတယ္။ဒီအေျခအေနမ်ိဳးမွာေတာင္ ကိုယ့္အတြက္ပဲ ကိုယ္ၾကည့္တတ္တဲ့ မိစၧာေကာင္…။

ဦးထုတ္သြားဝယ္တဲ့ ရဲကို ေစာင့္ေနရင္း“ မင္းတို႔ လွ်ပ္စစ္ေျခက်င္းေၾကာင့္ ဒီလိုျဖစ္ရတာကြ… ငါကိုဒီလိုျဖစ္ေအာင္လုပ္တဲ့ တရားခံ…ဟားဟား မင္းတို႔ လွ်ပ္စစ္ေျခက်င္းကဘာ အသံုးက်လို႔လဲကြာ မုဒိမ္းက်င့္တာ ဒါနဲ႔ဆို ၂ ခါရွိၿပီကြ… “သူ ေျပာင္ေလွာင္ၿပီး ေျပာလိုက္ေသးတယ္…။ေစာဂ်င္ဟန္းဟာ ဘယ္ေတာ့မွ မိမိကိုယ္ မိမိ အျပစ္တင္တဲ့သူမဟုတ္..။ေနာင္တ၊ ၾကင္နာမႈ၊ စာနာမႈ ၊ အားနာမႈ…ဒါေတြဟာ သူ႔ဘဝမွာ ဘယ္တုန္းကမွမရွိခဲ့..။ကယ္ဆယ္ေရးအဖြဲ႕က သယ္ယူသြားတဲ့ အမ်ိဳးသမီး အေလာင္းကိုၾကည့္ၿပီး ေျပာလိုက္တဲ့စကား….။”အဲဒီေကာင္မ… ငါမုဒိမ္းက်င့္ခဲ့တဲ့မိန္းမထဲမွာ အခက္ဆံုးေကာင္မပဲ.. ေအာ္ဟစ္ေနလိုက္တာ.. နားေတာင္ၿငီးတယ္..%#@$””ေဟ့ေကာင္ မင္း ပါးစပ္ပိတ္ထားလိုက္စမ္း ..!”ရဲအရာရွိက မခံမရပ္ႏိုင္ ေအာ္လိုက္တယ္။”ဘာလို႔ပိတ္ရမွာလဲ… မင္း ငါ့ကို အမိန္႔ေပးစရာမလိုဘူးကြ…ဒီေကာင္မ ၿငိမ္ၿငိမ္ခံေနရင္ေတာင္ ဒီလိုေသမွာမဟုတ္ဘူး ။ ေအာ္ဟစ္ေနလို႔ ေသရတာေလ..နည္းေတာင္ နည္းေသး..”ေစာဂ်င္ဟန္းဆိုတဲ့လူသားတစ္ဦးဟာ လူေလာကႀကီးထဲမွာ လူရယ္လို႔ ျဖစ္မလာထိုက္တဲ့ ဒီလို ယုတ္မာပက္စက္တဲ့ ဆိုက္ကိုပါ့သ္ျဖစ္ပါတယ္။

ဒီလိုလူမ်ိဳးကို ဆိုက္ကိုပါ့သ္လို႔ေခၚပါတယ္။

ေစာဂ်င္ဟန္း ကို တရားသူႀကီးက အလုပ္ၾကမ္းနဲ႔ မေသမခ်င္းေထာင္ဒါဏ္ အမိန္႔ခ်လိုက္တယ္…။အဲဒီေန႔ ေထာင္ထဲကို ျပန္ေရာက္ေရာက္ခ်င္း ေစာဂ်င္ဟန္းက ေထာင္ထဲကသူငယ္ခ်င္းကို အေစာင့္ဝန္ထမ္းေတြၾကားေအာင္ ရယ္ရယ္ေမာေမာနဲ႔ ေအာ္ေျပာတယ္။”အင္း .. အျပင္မွာေနရတာထက္စာရင္ ေထာင္ထဲမွာေနရတာပိုေပ်ာ္တယ္။ ေထာင္ထဲမွာ ေအးေအးေဆးေဆးေသေတာ့မယ္ကြာ…ဟား ဟား”ဒီလိုလူမ်ိဳးအတြက္ ေထာင္ဒါဏ္ဆိုတာ ဘာမွမဟုတ္ပါဘူး။ ေထာင္ထဲမွာ ဟိုလူ ဒီလူအႏိုင္က်င့္ၿပီး ဘုရင္တဆူလိုေနတဲ့ေကာင္ေလ…။ ေထာင္ေပ်ာ္တစ္ေယာက္ကို မေသမခ်င္းေထာင္ဒါဏ္ေပးေတာ့ ေပ်ာ္တာေပါ့..။

အပိုင္း-၂

(တရားသူႀကီးထံ ေပးပို႔စာ )

ကြ်န္ေတာ္ဟာ တရားသူႀကီးတစ္ေယာက္ထံ ဒီလိုစာေရးရလိမ့္မယ္လို႔ ဘယ္ေသာအခါကမွ မေတြးမိခဲ့ပါဘူး။တရားသူႀကီးမင္း ကြ်န္ေတာ့္သားအဖ ၃ ေယာက္ရဲ႕ ခံစားခ်က္ကို သိေစလိုပါတယ္။ကြ်န္ေတာ္ကေတာ့ ေသဆံုးသြားၿပီျဖစ္တဲ့ ရီ ** ရဲ႕ လင္ေယာက္်ားျဖစ္ပါတယ္…။ကြ်န္ေတာ့္မိန္းမဟာ ကြ်န္ေတာ္တို႔ကိုခြဲခြာသြားေတာ့ အသက္ ၃၇ ႏွစ္ပဲရွိေသးတယ္။ဟုတ္ပါတယ္…ကြ်န္ေတာ္ခ်စ္တဲ့သူမ ေသသြားၿပီ…။ကြ်န္ေတာ့္ ဘဝမွာ ဒီအျဖစ္အပ်က္ဟာ အိပ္မက္မ်ားျဖစ္လိုက္ရင္ ဘယ္ေလာက္ေကာင္းလိုက္မလဲဗ်ာ….။ဒီလို ကြ်န္ေတာ္တို႔ဘဝထဲကို ကြ်န္ေတာ့္မိန္းမ ျပန္မလာေတာ့ဘူးဆိုတာ အခုအထိယံုၾကည္လို႔ကို မရေသးဘူး..။
ေသဆံုးသူ၏ အမ်ိဳးသား သူမ အသတ္မခံရခင္ညက ကြ်န္ေတာ္နံေဘးမွာ ကေလးေတြနဲ႔ ခရီးထြက္ခဲ့တဲ့ ဓာတ္ပံုေလးေတြထိုင္ၾကည့္ၿပီး တေယာက္ထဲ ျပံဳးေနခဲ့တာ…”မိန္းမ ညဥ့္နက္ေနၿပီ .. အိပ္ေတာ့..” ေျပာၿပီး ကြ်န္ေတာ္ အိပ္ေပ်ာ္သြားတာ။ဒါဟာ…သူမ ကေလးေတြကို ႏႈတ္ဆက္ၿပီး ေနာက္ဆံုးၾကည့္ခဲ့တာမ်ားလား..။

ကြ်န္ေတာ္ဟာ လူမမယ္ ကေလးႏွစ္ေယာက္ လက္ကိုဆြဲၿပီး ဘဝသစ္ကို႐ုန္းကန္ေနရပါၿပီ…။လူေတြက မိန္းမ စလင္းဘက္အိတ္ကို အၿမဲ စလြယ္သိုင္းလြယ္ထားတဲ့ ကြ်န္ေတာ့္ကို အ႐ူးလို႔ ထင္ၾကမွာေပါ့။ကြ်န္ေတာ္ သူမ စလင္းဘက္အိတ္ကို အၿမဲလြယ္ထားတယ္။ ကြ်န္ေတာ့္ကိုယ္ကြ်န္ေတာ္ ကေလးေတြရဲ႕ မိခင္ေနရာ ဖခင္ေနရာ ႏွစ္မ်ိဳးလံုးတာဝန္ယူရမယ္ဆိုတာ သတိေပးထားတာပါ။စလင္းဘက္အိတ္ထဲမွာ ကြ်န္ေတာ္ မိန္းမရဲ႕ပစၥည္းေလးေတြ သူမ မေသခင္ကအတိုင္းပဲ.,။ကြ်န္ေတာ္ခ်စ္ရတဲ့မိန္းမရဲ႕ ေနရာလပ္သြားေတာ့ သူမအလုပ္မွန္သမွ်ကို ၾကဳံး႐ုန္းလုပ္ကိုင္ရင္း ကြ်န္ေတာ့္မိန္းမကို ပိုသတိရ .. မ်က္ရည္က်မိတယ္။ပိုက္ဆံရွာေတာ့လည္းကြ်န္ေတာ္…ကေလးႏွစ္ေယာက္အတြက္ ထမင္းခ်က္ေတာ့လဲကြ်န္ေတာ္… ထမင္းေကြ်းေတာ့လည္းကြ်န္ေတာ္… အိမ္သန္႔ရွင္းေရးလုပ္ေတာ့လည္း ကြ်န္ေတာ္…။

ဒါေပမဲ့ ကြ်န္ေတာ္ မလုပ္ႏိုင္တာ တစ္ခုရွိတယ္။ ကေလးေတြကို သူတို႔အေမနဲ႔ ျပန္ေတြ႕ေပးဖို႔ မတတ္ႏိုင္ေတာ့ၿပီ…။ကြ်န္ေတာ့္ရင္ထဲမွာ အၿမဲတမ္း ေအာ္ဟစ္ငိုေႂကြးေနမိပါတယ္။ဒီလိုခံစားေနရတာ ကြ်န္ေတာ္ တစ္ေယာက္ထဲမဟုတ္ပါဘူး..အသက္ ၃ ႏွစ္အရြယ္ သမီးေလးနဲ႔ ၅ ႏွစ္အရြယ္ သားေလးကလည္း “အေမဘယ္ေတာ့ ျပန္လာမလဲ..?” လို႔ ေစာင့္ေနရွာၾကတုန္းပါပဲ…။ကေလးေတြ သူတို႔အေမေသတာ မသိဘူးဗ်ာ..။

ကြ်န္ေတာ့္မိန္းမ အသတ္ခံရတဲ့ေန႔က ရဲေတြနဲ႔ရႈပ္ေနလို႔ ကေလးႏွစ္ေယာက္ကို သူတို႔အဖြားက မူႀကိဳေက်ာင္းသြားႀကိဳၿပီး သူမ အိမ္ကိုေခၚသြားခဲ့တယ္။႐ုတ္တရက္ အေမေပ်ာက္သြားတဲ့ ကေလးေတြ…။ကြ်န္ေတာ့္ ကေလးေတြဟာ ေသတယ္ ဆိုတာ သိပ္နားမလည္ေသးတဲ့အရြယ္မို႔ … ကြ်န္ေတာ္ ဘယ္လိုရွင္းျပရမွန္းေတာင္မသိေတာ့ပါဘူး..။

အဲဒီေန႔ ရဲစခန္းကဖုန္းလာလို႔ ေဆး႐ုံကို ကိုကၽြန္ေတာ္ အေျပးေရာက္လာခဲ့တယ္…။ကြ်န္ေတာ္ဟာ ႐ုတ္တရက္ သူမ မ်က္ႏွာကို မမွတ္မိဘူးခင္ဗ်..,။ သူမ မ်က္ႏွာတစ္ခုလံုးဟာ မည္းနက္ေနပါတယ္။ ခႏၶာကိုယ္တစ္ခုလံုးလည္း ဒါဏ္ရာေတြျပည့္ေနခဲ့ပါတယ္။
ေသဆံုးသူ မိသားစု

ကြ်န္ေတာ္ သူမလက္ကို ကိုင္ၾကည့္လိုက္တယ္။ ေအးစက္ေတာင့္တင္းေနတယ္။မယံုႏိုင္စရာ သူမေသသြားၿပီ..။ကြ်န္ေတာ့္ကို ကယ္ၾကပါဦး…။

သူမကိုယ္လံုးေပၚက ေသြးေတြေငးၾကည့္ရင္ လူသတ္သမားကို ဘယ္ေလာက္မ်ားေၾကာက္ေနလိမ့္ေနမလဲ…ဆိုတဲ့အေတြးက ကြ်န္ေတာ့္ ႏွလံုးသားေတြကို စုတ္ၿဖဲေနပါၿပီ…။သူမ ဘယ္ေလာက္မ်ား ေတာင္းပန္ခဲ့ရွာမလဲ… ဘယ္ေလာက္မ်ား ကြ်န္ေတာ့္ကို အားကိုးတႀကီး သတိရေနလိမ့္မလဲ….။ ဘယ္ေလာက္မ်ား ကေလးေတြကို စိတ္ပူေနလိုက္မလဲ….။မနက္မိုးလင္းရင္ သူမ ကြ်န္ေတာ့္နံေဘးမွာရွိေနမယ္လို႔ အခုအခ်ိန္အထိ ထင္ေနမိတုန္း…။ကြ်န္ေတာ္ သိပ္ညံ့ခဲ့တယ္။ကြ်န္ေတာ့္ မိန္းမကို တစ္ခါေလာက္ ထမင္းပူပူေလး တစ္ပြဲေလာက္ ေကြ်းခြင့္ရရင္သိပ္ေကာင္းမွာပဲ…။

အဲဒီမနက္က မိန္းမက ကြ်န္ေတာ့္ကို မနက္စာ ထမင္းေကြ်းခဲ့တယ္။

“မိန္းမေရ ေမာင္နဲ႔အတူ ထမင္းစားကြာ..” ဆိုေတာ့

“ကေလးေတြပို႔ၿပီးမွ စားႏိုင္မယ္ေမာင္ေရ..” တဲ့..။

ကြ်န္ေတာ့္ကို ထမင္းေကြ်း ကေလးေတြ ထမင္းေကြ်း… ေခြ်းတလံုးလံုးနဲ႔ ကြ်န္ေတာ့္မိန္းမ…။သူမ ဗိုက္ဆာေနရွာမွာပဲဗ်ာ…။ကြ်န္ေတာ္ ထမင္းစားတိုင္း ကြ်န္ေတာ့္မိန္းမကို အားနာၿပီး မ်က္ရည္က်ရတယ္။ကြ်န္ေတာ္ ထမင္းစားဖို႔ မတန္တဲ့ေကာင္ပါ။ကေလးေတြသာမရွိရင္ ကြ်န္ေတာ္ တစ္ေနရာကို ထြက္ေျပးသြားခ်င္ပါတယ္။ ကြ်န္ေတာ္ အလြန္ပင္ပန္းေနပါၿပီ..။ ကြ်န္ေတာ္ ေသခ်င္ပါတယ္။

တရားသူႀကီးမင္းခင္ဗ်ား…ဒီမုဒိမ္းလူသတ္ေကာင္ကို ေသဒါဏ္မေပးရင္ ကြ်န္ေတာ္ သူ႔ကို သတ္ပစ္ရပါေတာ့မယ္။ကြ်န္ေတာ္တို႔မိသားစုအတြက္ ပင္ပင္ပန္းပန္း႐ုန္းကန္ခဲ့တဲ့ သူမမရွိေတာ့တဲ့ ေလာကႀကီးဟာ ကြ်န္ေတာ့္အတြက္ငရဲျပည္ပါပဲ..။ကြ်န္ေတာ္ဟာ ဆင္းရဲလို႔ သူမကိုလက္ထပ္ၿပီး ဟန္နီးမြန္းေတာင္ မသြားႏိုင္ခဲ့ပါဘူး။ ဒါေတာင္ တခ်က္ေလးမွ မၿငိဳျငင္တာ ကြ်န္ေတာ့္မိန္းမပါ …။ကြ်န္ေတာ္ေလ.. သူမကို အကႌ်ေလးတစ္ထည္ေတာင္ အသစ္ဝယ္မေပးႏိုင္ခဲ့ဘူး။ကြ်န္ေတာ့္မိန္းမ ဘာအျပစ္ရွိလို႔လဲခင္ဗ်ာ…။ဒီေကာင္ကို ေသဒါဏ္မေပးႏိုင္တဲ့ ကြ်န္ေတာ့္ႏိုင္ငံကို မုန္းတယ္ဗ်ာ…။

တရားသူႀကီးမင္းခင္ဗ်ား…တန္ဖိုးရွိတဲ့ လူတစ္ေယာက္ ေသသြားၿပီ…။ ပစၥည္းအခိုးခံရရင္ ျပန္ရွာလို႔ရပါေသးတယ္။ကြ်န္ေတာ့္မိန္းမကို ျပန္ရွင္ေအာင္လုပ္လို႔မရေတာ့ဘူးေလ ခင္ဗ်ာ…။တစ္နာရီလံုးလံုး ႐ိုက္ႏွက္ ဓါးနဲ႔ထိုးၿပီး မေသမခ်င္းသတ္ရင္း မုဒိမ္းက်င့္ခဲ့ရလို႔ေသသြားပါၿပီခင္ဗ်…။တခ်ိဳ႕လူေတြက လူသတ္ေကာင္ကို ငယ္စဥ္က ဘဝေပးမေကာင္းလို႔ ဘာျဖစ္လို႔ ညာျဖစ္လို႔ ေသဒါဏ္မေပးပဲ နားလည္ေပးေနၾကပါလား…?႐ိုး႐ိုးသားသားႀကိဳးစားခဲ့တဲ့ ကြ်န္ေတာ့္မိသားစုဘက္ကလည္းေတြးေပးၾကပါဦး..။ငယ္စဥ္က ကြ်န္ေတာ္တို႔ လင္မယားႏွစ္ေယာက္လဲ မုဒိမ္းေကာင္ လူသတ္သမား ေစာဂ်င္ဟန္း လို ဆင္းရဲဒုကၡေတြေရာက္ခဲ့ရတာပဲဗ်…။ကြ်န္ေတာ္တို႔ ႐ိုး႐ိုးသားသား ႀကိဳးႀကိဳးစားစားနဲ႔ ဒီမိသားစု ဘဝေလးကို ထူေထာင္ခဲ့ၾကတယ္။ကြ်န္ေတာ္ သူမနဲ႔ေနတဲ့အိမ္ကို အခုအထိ မဝင္ရဲေသးဘူး။ သူမ အၿမဲလုပ္ခဲ့တဲ့ အိမ္အလုပ္ေတြ… သူမလက္နဲ႔ထိေတြ႕ခဲ့တဲ့ ပစၥည္းေတြကိုလည္း မကိုင္တြယ္ရဲလို႔ ကြ်န္ေတာ္တို႔ အတူေနခဲ့တဲ့အိမ္နဲ႔ေဝးရာကို ေျပးခဲ့ၿပီ….။အရင္က ကြ်န္ေတာ္ အျပန္ခ်င္ခဲ့ဆံုးအိမ္ဟာ အခုေတာ့ ကြ်န္ေတာ့္အတြက္ ငရဲျပည္ပါပဲ..။ကြ်န္ေတာ္တို႔ ၃ ေယာက္ ကြ်န္ေတာ့္ မိခင္အိမ္ရဲ႕အခန္းက်ဥ္းေလးမွာ အတူအိပ္ေနပါတယ္ခင္ဗ်ာ…။

တရားသူႀကီးမင္းခင္ဗ်ာ….။ဒီလူ အသက္ရွင္ေနေသးတာ ကြ်န္ေတာ္ သိေနေသးသေရြ႕ ကြ်န္ေတာ္ အဖန္တလဲလဲေသေနရပါတယ္။မုဒိမ္းေကာင္ လူသတ္သမားကို ေသဒါဏ္ေပးဖို႔ ေလးစားစြာေလွ်ာက္ထားအပ္ပါတယ္။

ဒါေပမဲ့ တရားသူႀကီးက ေသဒါဏ္မေပးခဲ့ပါ..။

‘ေစာဂ်င္ဟန္း’ ဟာ လူထုကိုဒုကၡေပးခဲ့တာမဟုတ္..လူတစ္ဦးတစ္ေယာက္ကိုသာသတ္ခဲ့တာမို႔ ေနာက္ထပ္လူမသတ္၊မုဒိမ္းမက်င့္ေအာင္ ေသတဲ့အထိေထာင္ထဲမွာထားရင္ ရပါၿပီတဲ့…။

နိဂံုး

၄ လအၾကာ….။

ခရစ္စမတ္အႀကိဳေန႔မို႔ မူႀကိဳေက်ာင္းမွာ ကေလးေတြဟာ စိတ္လႈပ္ရွားေနတယ္။အလြန္ေအးတဲ့ရာသီဥတုေအာက္မွာ ခရစ္စမတ္ ဘိုးဘိုးႀကီး ( Santa Claus)ေရာက္လာတယ္။ ဘိုးဘိုးႀကီးက ကေလးေတြကို လက္ေဆာင္ေတြေဝေပးေနတယ္။မ်က္ႏွာငယ္ေလးနဲ႔ ကေလးမေလးတစ္ေယာက္ကေတာ့ ခရစ္စမတ္ဘိုးဘိုးႀကီးေပးတဲ့လက္ေဆာင္ကို မယူဘူး။ခရစ္စမတ္ဘိုးဘိုးႀကီးလက္ထဲကို ျပန္ထိုးထည့္ေပးလိုက္တယ္။” ဟိုး.. ဟိုး…ဟိုး…သမီးေလး စုဂ်င္း ဘာလက္ေဆာင္လိုခ်င္လို႔လဲ..?”ကေလးမေလးက ေမ်ာ္လင့္တႀကီး ေတာင္းဆိုလိုက္တယ္…။” အေမ့ကို ျပန္ေခၚေပးပါ…”

ဖခင္ျဖစ္သူကို အဲ ဒီအေၾကာင္းမူႀကိဳေက်ာင္းဆရာမက ျပန္ေျပာျပေတာ့ ဖခင္ဟာ မ်က္ရည္က်ရတယ္။သမီးရယ္… သမီးကို အေဖ ဘယ္လိုအားေပးရပါ့…။၃၇ လသားအရြယ္သမီးငယ္က မ်က္ရည္ေတြက်ေနတဲ့ ဖခင္ကိုၾကည့္ၿပီး စကားမပီတပီနဲ႔ အားေပးစကားေျပာလိုက္တယ္…။” ေဖႀကီး… မငိုပါနဲ႔ သမီးေတာ့ အေမ့ကို မလြမ္းေတာ့ဘူး….. တကယ္ေျပာတာပါ…”ၿပီးေတာ့ သား၊သမီး နဲ႔ ဖခင္ဟာ သံုးေယာက္သား ဖက္ၿပီးငိုလိုက္ၾကတယ္…။
 မေရႊမိုး ( ကိုရီးယား)
# Unicode Version ျဖင့္ ဖတ္ပါ #
တရားသူကြီးထံ ပေးပို့စာ

အပိုင်း-၁

‘စောဂျင်ဟန်း’ဆိုတဲ့လူသားတစ်ဦးဟာ ၁၉၆၇ ခုနှစ်မှာ တောင်ကိုရီးယားနိုင်ငံ တောမြို့လေးတစ်မြို့မှာ မွေးဖွားပြီး လောကကြီးထဲမှာ လူရယ်လို့ ဖြစ်လာခဲ့တယ်..။မောင်နှမ ၁၀ ယောက်မှာ သူက ၆ ယောက်မြောက် သားယောက်ျားလေးပေါ့…။အဖေက လောင်းကစားသမား…။အမေကဈေးထွက်ရောင်းပြီး ကလေး ၁၀ ယောက်ကို အနိုင်နိုင် လုပ်ကျွေးနေရတဲ့ဘဝ..။သူဟာ ငယ်ငယ်ကတည်းက မိမိကိုယ်မိမိ ယုံကြည်မှုမရှိ..သူတစ်ပါးကို အပြစ်လွှဲချ…ဥပဒေချိုးဖောက် … တစ်ခုခုကိုစွဲစွဲမြဲမြဲမလုပ်နိုင်..

…စတဲ့ ဆိုက်ကိုပါ့သ်ရဲ့လက္ခဏာတွေနဲ့မွေးဖွားလာတယ်။လူတွေကို အန္တရာယ်ပေးနိုင်တဲ့ကလေးတစ်ယောက်ဖြစ်တယ်…။
စောဂျင်ဟန်း

စောဂျင်ဟန်းဟာ လူပျိုပေါက်စဖြစ်လာကတည်းက အိမ်ဘေးက မိန်းကလေးတွေကို အမြဲ မကောင်းကြံဖို့ ကြိုးစားနေခဲ့တဲ့သူ…။မဟုတ်တာမှန်သမျှ အကုန်လုပ်တဲ့ စောဂျင်ဟန်းကို ဆိုဆုံးမမယ့်သူ တစ်ယောက်မှမရှိ…။စောဂျင်ဟန်းဟာ ခိုးမှုနဲ့လည်း ရဲစခန်းကို ခဏခဏရောက်တယ်။သူဟာ ၁၇ နှစ် အရွယ်ရောက်တော့ ဆိုးလ်မြို့ကိုတက်ပြီး စက်ရုံတစ်ရုံမှာအလုပ်ဝင်လုပ်တယ်။ဆိုးလ်မြို့မှာ နိုက်ကလပ်တက်၊ ရန်ဖြစ်၊ ခိုးယူ မကောင်းမှုမှန်သမျှ အကုန်လုပ်တယ်။ စောဂျင်ဟန်းဆို လူတွေက ကြောက်ရုံတင်မဟုတ် …ရွံကြတယ်။လူယုတ်မာ…ကလိမ်ကကျစ်..။

၁၉၉၀ခုနှစ် ၉ လပိုင်း ၂၅ ရက်

မနက် ၂:၃၀

လုပ်ဖော်ကိုင်ဖက်က ညဖက်အလုပ်လုပ်ရတာကို သိနေတဲ့ စောဂျင်ဟန်းဟာ အသက် ၂၈ နှစ်အရွယ်ရှိတဲ့ လုပ်ဖော်ကိုင်ဖက်ရဲ့ မိန်းမကို မုဒိမ်းကျင့်ခဲ့တယ်…။ဘေးအိမ်က အသံတွေကြားနိုးလာတော့ ထွက်ပြေးသွားပြီး အခြားအိမ်က အသက် ၂၅ နှစ်အရွယ်မိန်းကလေးကို ဝင်ပြီး မုဒိမ်းကျင့်ပြန်တယ်။တစ်ညထဲ မုဒိမ်းမှု ၂ ခုကို ဒီလိုဆက်တိုက်ကျူးလွန်ခဲ့တယ်။ဒါကို တရားသူကြီးက ထောင်ဒါဏ် ၂ နှစ်ပဲချခဲ့တယ်။ ဘယ်လိုတရားသူကြီးလဲ ပြည်သူတွေက နားမလည်နိုင်…။

၁၉၉၃ ခုနှစ် ၅ လပိုင်း ၂၁ ရက်နေ့ ထောင်ကပြန်လွတ်လာပြီး ဓားပြတိုက်မှုနဲ့ထောင်ထပ်ကျတယ်။ထောင်ဒါဏ် ၃ နှစ် ၆ လ။မုဒိမ်းမှုတုန်းက ၂ နှစ်၊ ဓားပြတိုက်မှုကျတော့ ၃ နှစ် ၆ လ…. အဲဒီတုန်းက တောင်ကိုရီးယား ဥပဒေပေါ့..။ တချို့ မုဒိမ်းသမားတွေဆို အကျယ်ချုပ်ပဲကျတာ။

ထောင်ကလွတ်လာတဲ့ စောဂျင်ဟန်းဟာ သူ့မွေးရပ်ကိုပြန်နေတယ်။

၁၉၉၇ ခုနှစ် ၈ လပိုင်း ၁၅ ရက်နေ့

နယ်မြို့ဆိုတော့ တချို့ အိမ်သာတွေက အိမ်အပြင်ဖက်မှာဆောက်ကြတယ်..။ အိမ်သာထဲကထွက်လာတဲ့ အသက် ၃၀ အရွယ် မိန်းကလေးတစ်ယောက်ကို အိမ်သာထဲပြန်ဆွဲခေါ်သွားပြီး မုဒိမ်းကျင့်ပြန်တယ်။”အဖေရေ..ကယ်ပါဦး..” လို့အော်နေတဲ့ မိန်းကလေးအသံကြားလို့ ၁ နာရီလောက်အကြာ မှာ လူတွေက ကယ်တင်လိုက်နိုင်တယ်။ဒီတစ်ခါတော့ ထောင်ဒါဏ် ၅ နှစ် …။

၂၀၀၂ ခုနှစ် ၉ လပိုင်း

ထောင်ကလွတ်လာပြန်တယ်။ဒီတစ်ခါတော့ မွေးရပ်ကိုပြန်လို့မရတော့ဘူး ။ သူလာရင် သတ်ပစ်မယ်လို့ ကြိမ်းမောင်းနေကြပြီလေ…။သူဟာ ဆိုးလ်မြို့ရဲ့ မြောင်မုတ်ရပ်ကွက်မှာနေတယ်။

၂၀၀၄ ခုနှစ် ၄ လပိုင်း

မုဒိမ်းမှုထပ်ကျူးလွန်ပြန်တယ်…။ဒီတစ်ခါတော့ ထောင်ဒါဏ်၁၀ နှစ်ချခြင်းခံရခဲ့တယ်…။ဒါပေမဲ့ ရဲထောက်လှမ်းရေးတို့ရဲ့ မှုခင်းမှတ်တမ်း စာအမှားအယွင်းကြောင့် ၇ နှစ် ၆ လ ပဲထောင်ကျပြီး လွတ်မြောက်လာခဲ့ပြန်တယ်။တရားသူကြီးတွေဟာ ဒီလို ဆက်တိုက်အမှားတွေပြုလုပ်ခဲ့တယ်။
စောဂျင်ဟန်း

ကလေးဘဝကစပြီး ဒီအသက်အရွယ် ၄၄ နှစ်အထိ ထောင်ထဲမှာနေခဲ့ရတာ အားလုံးပေါင်း ၁၈ နှစ်…။ ထောင်ဆိုတာ သူ့အိမ်ပဲလေ…။ ထောင်ထဲပြန်ဝင်ရမှာ သူ မကြောက်…။မိန်းကလေးတွေ မကောင်းကြံဖို့အတွက် ထောင်ကထွက်လာမယ့်အချိန်ကို စောင့်နေတဲ့သူ…။အခုလည်း သူထင်တာထက်စောပြီး လွတ်မြောက်လာလို့ ဝမ်းသာနေတယ်။သူအတွေးက တစ်ခုတည်း…။

“မုဒိမ်းကျင့်မယ်..”

သူ့အတွက်တော့ မိန်းကလေးဆိုတာ မုဒိမ်းကျင့်လို့ရတဲ့ အသုံးချခံပစ္စည်းတွေ…။မကောင်းကြံ မုဒိမ်းကျင့်….မိတဲ့နေ့ ထောင်ထဲပြန်ဝင်လိုက်ရုံပဲလေ.,။ထောင်ထဲမှာ မိန်းကလေးတွေကို ဘယ်လို ဘယ်ပုံ မုဒိမ်းကျင့်ခဲ့တာ ဂုဏ်ယူပြီးပြောမဆုံး..။ သူပြောပုံအရဆို ရဲတွေမသိလိုက်တဲ့ မုဒိမ်းမှုတွေ တပုံကြီး..။ထောင်ထဲမှာရန်ဖြစ်တာလဲမပြောနဲ့တော့..။ နေ့တိုင်းလိုလို…မျက်စိထဲ မြင်သမျှလူကို အနိုင်ကျင့်…။ ဒေါသကြီးပြီး ကိုယ်ကိုကိုယ်သတ်သေဖို့ ၂ ခါကြိုးစားဖူးတယ်။ သေသေ နေနေ မထူးဘူးဆိုတဲ့ကောင်..။ထောင်ထဲကထွက်ခါနီး ထောင်သူငယ်ချင်းတွေကို ဒီလိုပြောလိုက်သေးတယ်။

” ဒီတစ်ခါတော့ မိန်းကလေးတစ်ယောက်ယောက်ကို မုဒိမ်းကျင့်ပြီး ဓါးနဲ့ထိုးကြည့်ဦးမယ်…ငါ ပြန်ဝင်ခဲ့မယ်ကွာ။ ခဏစောင့်..”

၂၀၁၂ ခုနှစ် ၇ လပိုင်း ၃၁ ရက်နေ့

မြောင်မုတ်ရပ်ကွက် ( 면목동 )

စောဂျင်ဟန်းဟာ မော်တော်ဆိုင်ကယ်နဲ့ လမ်းသလားနေတုန်း မိန်းကလေးတစ်ယောက်ကို လမ်းပေါ်မှာတွေ့တယ်။သူမနောက်ကိုလိုက်ကြည့်ပြီး သူမ ဘယ်မှာနေလဲဆိုတာ မှတ်ထားလိုက်တယ်။စောဂျင်ဟန်းဟာ အဲဒီ မိန်းကလေးတစ်ယောက်ထဲရှိတဲ့အချိန်အထိစောင့်ကြည့်နေခဲ့တယ်…၊

၂၀၁၂ ခုနှစ် ၈ လပိုင်း ရ ရက်

အခြေအနေပေးတာနဲ့ ပါဆယ်ပို့သမားယောင်ဆောင် တံခါးခေါက်… ၊ တံခါးဖွင့်ပေးတော့ မိန်းကလေး အိမ်ထဲဝင်ပြီး မုဒိမ်းကျင့်ခဲ့ပြန်တယ်…။မိန်းကလေးက ရဲစခန်းမှာ အမှုဖွင့်ပေမဲ့ ရဲထောက်လှမ်းရေးတွေဟာ စောဂျင်ဟန်းမှန်းမသိခဲ့…။

၁၂ ရက်အကြာ

ထောင်ထွက် စောဂျင်ဟန်းဟာ မုဒိမ်းထပ်ကျင့်ဖို့ အစီအစဉ်ဆွဲနေတယ်။တစ်ညလုံးအိပ်လို့မရ ကွန်ပြူတာတစ်လုံးနဲ့ အလုပ်ရှုပ်နေတယ်။ဘယ်အိမ်ကိုဝင်ရင် ဘယ် ပြေးလမ်းနဲ့နီးမလဲ..?သက်သေမကျန်အောင်ဘယ်လိုလုပ်ရမလဲ…?သူဟာထောင်ကထွက်လာပြီးကတည်းက တစ်ခါပဲ မုဒိမ်းကျင့်ရသေးတယ်ဆိုပြီး မကျေမနပ်ဖြစ်နေတယ်။

စောဂျင်ဟန်းဆိုတဲ့ လူယုတ်မာဟာ ဒီလို မိန်းကလေးတွေကို မကောင်းကြံဖို့ပဲ တွေးနေတဲ့သူပေါ့..၊ငွေကလည်းမရှိ…။ ငွေပေးပြီး ကာမဆက်ဆံမယ်ဆိုရင်တောင် သူနဲ့အတူ ဘယ်မိန်းမမှ ကာမဆက်ဆံရဲမှာမဟုတ်ပါဘူး။သူ့မှာ ထောင်ကတပ်ပေးလိုက်တဲ့ (electronic anklet) လျှပ်စစ် ခြေချင်းကြီးနဲ့လေ..။ဒီနေ့တော့ မိန်းမတစ်ယောက်ကို မုဒိမ်းကျင့်ဖြစ်အောင် ကျင့်မယ်လို့ သူတွေးလိုက်တယ်။

မနက်စောစော အိပ်ရာကထ…။လိုလိုမယ်မယ် .. မိန်းကလေးကအော်ရင် တိပ် ( tape ) နဲ့ပါးစပ်ပိတ်ရအောင် တိပ်ခွေ တစ်ခွေနဲ့ ဓါးတစ်လက် အိပ်ထဲ ထည့်လိုက်တယ်။သူ viagra ဆိုတဲ့ စိတ်ကြွဆေး နှစ်ပြားကိုသောက်လိုက်တယ်။ပြီးတော့ ဘယ်မိန်းကလေးကို မုဒိမ်းကျင့်ရင်ကောင်းမလဲ အမြန်လိုက်ရှာနေတယ်။

အဲဒီနေ့က ၂၀၁၂ ခုနှစ် ၈ လပိုင်း ၂၀ ရက်နေ့ ဖြစ်တယ်။

ဆိုးလ်မြို့- ဂွမ်ဂျင်းဂု- ဂျွန်းဂုတိဒုံ(Seoul- Gwangjin District-Junggok Dong)

မနက် ၉ နာရီ ၃၀ မိနစ်

စောဂျင်ဟန်းဟာ ကံဆိုး မိုးမှောင်ကျသူ မိန်းမတစ်ယောက်ကို တွေ့သွားတယ်…။သူမဟာ ကလေးနှစ်ယောက်ကို လက်ဆွဲပြီး ကလေးထိန်းကျောင်းကားကို စောင့်နေတဲ့ အသက် ၃၇နှစ် အရွယ်ရှိတဲ့ ကလေးအမေ အမျိုးသမီးတစ်ယောက်ဖြစ်တယ်…။” ဒီမိန်းမနဲ ကလေးတွေ စောစောကပဲ ဟိုအဆောက်အဦးရဲ့ ဝရန်တာမှာတွေ့လိုက်သေးတယ်..”မုဒိမ်းကောင် စောဂျင်ဟန်းဟာ သူမနေတဲ့အိမ်ကိုတက်ကြည့်လိုက်တော့ တံခါးစေ့ထားတယ်။သူဟာ ဝမ်းသာအားရ သူမအိမ်ကို ပြေးဝင်လိုက်ပြီး သူမ အိမ်ပြန်အလာကို အေးအေးဆေးဆေး စောင့်နေလိုက်တယ်။သူမ ဝင်လာတော့ ပုန်းနေရာကနေ ခုန်ထွက်လိုက်တယ်။

စောဂျင်ဟန်းရဲ့လက်ထဲမှာ ဓားတစ်ချောင်းနဲ့….။

မမျော်လင့်ပဲ စောဂျင်ဟန်းကို အိမ်ထဲမှာတွေ့လိုက်ရတဲ့ အမျိုးသမီးက ကြောက်လန့်တကြားအော်ဟစ်အကူအညီတောင်းလိုက်တယ်။

” အား…အမယ်လေး!” ကယ်ကြပါဦး..။ သူခိုး!!!!”

မုဒိမ်းကောင်ဟာ အမျိုးသမီးကိုလှဲချ.. သူမကိုယ်လုံးကို ခွထိုင်ပြီး အပေါ်စီးက စိတ်တိုင်းကျ လက်သီးနဲ့ထိုး ၊ ရိုက်နှက်လိုက်တယ်။ အချက် ၄၀ ကျော် တဲ့အထိပေါ့…။

“တောင်းပန်ပါတယ်.. ကျွန်မကို မရိုက်ပါနဲ့ရှင် .. နာလွန်းလို့ပါ..” သူမက ထပ်ကာထပ်ကာတောင်းပန်တယ်။

“နားငြီးတယ်ကွာ”

သူမ ပါးစပ်ကို တိပ်နဲ့ပိတ်လိုက်တယ်။ ဓါးနဲ့တစ်ချက်ထိုးပြီး နာကျင်နေတဲ့ သူမကို မုဒိမ်းကျင့်တော့တယ်။အမျိုးသမီးက ဝူးဝူးဝါးဝါး အော်ပြီး ရုန်းကန်တယ်။ အိမ်အောက်ထပ်ကကြားအောင် သူမ ခြေထောက်နဲ့ ကြမ်းပြင်ကို ထုတယ်။ဓါးနဲ့ထိုးတာတောင် မကြောက်မလန့် ရုန်းကန်နေတဲ့မိန်းမ..။စောဂျင်ဟန်းဟာ အမျိုးသမီးကို ဓါးနဲ့ထပ်ထိုးလိုက်တယ်။အမျိုးသမီးရဲ့ တစ်အိမ်လုံးမှာ သွေးတွေ ချောင်းစီးသွားတယ်။သွေးသံရဲရဲအမျိုးသမီးကို လူယုတ်မာဟာ ဆက်ပြီး မုဒိမ်းကျင့်ပြန်တယ်။အမျိုးသမီးဟာ ဒီတစ်ခါတော့ လက်အုပ်ချီ တောင်းပန်ရှာတယ်။တောင်းပန်တာကို ဂရုတောင်မစိုက်… ။မုဒိမ်းကောင်ဟာ ငိုယိုတောင်းပန်နေတဲ့ အမျိုးသမီးကို စိတ်တိုတိုနဲ့ တတိယအကြိမ် ဓါးနဲ့ထိုးလိုက်ပြန်တယ်။အမျိုးသမီးရဲ့ ဦးခေါင်းဟာ နံရံနဲ့ အကြိမ်ကြိမ်ဆောင့်မိတဲ့ ဒါဏ်ကြောင့် သွေးတွေဖြာကျလာတယ်။

အမျိုးသမီးက တစ်စုံတစ်ခုကို သတိရသွားပုံရတယ်။အရေးကြီးတဲ့ပုံစံနဲ့ အိမ်အဝင်အဝ တံခါးကိုလက်ညှိုးထိုးပြပြီး သူမ ပါးစပ်က တိပ်ကို ဖြုတ်ပေးဖို့ အမူအရာနဲ့ ပြောတာ့ စောဂျင်ဟန်းက ပါးစပ် တိပ်ကို ခွာပေးလိုက်တယ်။”ဒီမှာ..! ကျွန်မ ကလေးတွေကျောင်းကားမလာသေးဘူး.. ကျွန်မ ပစ္စည်းတစ်ခုကျန်ခဲ့လို့ အိမ်ထဲဝင်ပြီး ပြန်လာယူတာပါ…။ ကလေးတွေပဲ အပြင်မှာကျန်ခဲ့တယ်။ ဒီအတိုင်းဆို သူတို့ရဲ့ဆရာမ အိမ်ထဲကိုဝင်လာလိမ့်မယ်..။ ရှင့်ကိုတွေ့မှာပဲ….”

“နင့်တကိုယ်လုံး သွေးအလိမ်းလိမ်းနဲ့ ဘယ်လို အပြင်ထွက်မလဲ …ကလေးတွေကိုငါသွားခေါ်မယ်…”

မုဒိမ်းကောင်ဟာ အပြင်ထွက်ဖို့ပြင်လိုက်တယ်။ ‘အပြင်ထွက်လို့ ဖြစ်ပါ့မလား’ လို့ ခဏတွေဝေနေတုန်း အမျိုးသမီးဟာ ရုတ်တရက် ဝရန်တာကို ပြေးထွက်ပြီး ပြတင်းပေါက်ကခုန်ချဖို့ကြိုးစားလိုက်တယ်။အမှန်တော့ အမျိုးသမီးက ဉာဏ်ဆင်ပြီး ကလေးတွေ စောင့်နေတယ်လို့ လိမ်ပြောလိုက်တာပါ..။မုဒိမ်းကောင်ဟာ ဒေါသတကြီး အမျိုးသမီးကို ခုန်အုပ်လိုက်တယ်။ အမျိုးသမီးရဲ့လက်တွေဟာ ပြူတင်းပေါက်တံခါးလက်ကိုင်ကို မြဲမြံစွာဆုပ်ကိုင်ထားတယ်။အမျိုးသမီးဟာ အော်ဟစ်အကူအညီတောင်းတယ်။ ခွာလိုက်တဲ့တိပ်နဲ့ ပါးစပ်ပိတ်ဖို့ကြိုးစားပေမဲ့ မျက်နှာမှာ သွေးတွေနဲ့ချော်နေလို့ မရတော့ဘူး။

ဒီလို ရုန်းရင်းဆန်ခတ်တွေဖြစ်ပြီး ပြိုလဲသံတွေ၊ အော်သံတွေကြောင့် အောက်ထပ်အိမ်က ရဲတွေကို အကြောင်းကြားထားတယ်။ရဲတွေအမြန်ဆုံးရောက်လာတယ်။အမျိုးသမီး အိမ်ကိုတံခါးခေါက်သံကြားတော့ သူမ မျော်လင့်ကြီးစွာ ရှိသမျှအင်အားနဲ့ ကျယ်လောင်စွာထပ် အော်ဟစ်လိုက်တယ်။

” ဦးလေးတို့ ကယ်ကြပါဦး…ကျွန်မ သေရပါတော့မယ်…!!!”

သူမဟာ မျော်လင့်ချက်တွေနဲ့ အားတက်သွားခဲ့တယ်။အသက်ချမ်းသာရာရပြီ…။ရဲတွေဟာ တံခါးကို တခါတည်း ရိုက်ချိုးပြီး အိမ်အထဲကိုဝင်လိုက်တယ်။အိမ်ထဲမှာ သွေးတွေ မြင်မကောင်း..။အမျိုးသမီးဟာ ပြတင်းပေါက်တံခါး လက်ကိုင်ကို အတင်းအကြပ်ဆုပ်ကိုင်ထားဆဲ…စောဂျင်ဟန်းကတော့ အမျိုးသမီးရဲ့အနောက်မှာ….သူမဟာ သားနဲ့သမီးကို မှန်းဆပြီး ဝမ်းသာအားရအော်လိုက်တယ်။

” ကလေးတို့ရေ …အမေ လွတ်ပြီ…။”

ရဲတွေကို မြင်သွားတဲ့ မုဒိမ်းကောင် စောဂျင်ဟန်းဟာ အတော် ဒေါသထွက်သွားတယ်။” ကောင်မ နင့်ကြောင့် ရဲတွေရောက်လာတာ!!!!”ဒေါသတကြီးနဲ့ အမျိုးသမီးရဲ့ လည်ပင်းညာဖက်အခြမ်းကို ဓါးနဲ့ နှစ်ချက်ဆင့်ထိုးချလိုက်တော့တယ်။အမျိုးသမီးပါးစပ်ထဲကသွေးတွေ အန်ထွက်လာတယ်။ တံခါးကို မြဲမြံစွာဆုပ်ကိုင်ထားတဲ့ အမျိုးသမီးရဲ့လက်တွေဟာ ပြုတ်ကျသွားတယ်။ ပြီးတော့ သူမရဲ့ ကိုယ်ခန္ဓာဟာလည်း ကြမ်းပြင်ပေါ်ကို ပြုတ်ကျသွားတော့တယ်။ရဲတွေဟာ မုဒိမ်းကောင်စောဂျင်ဟန်းကို ဖမ်းချုပ်ပြီး အမျိုးသမီးကို စမ်းသပ်ကြည့်လိုက်တယ်။သူမဟာ သေဆုံးနေပါပြီ..။အသက်ကယ်ဝန်ထမ်းတွေ ရောက်လာကြတယ်။
သေဆုံးသူ

ရဲအရာရှိဟာ မုဒိမ်းကောင် စောဂျင်ဟန်းကို လက်ထိတ်ခတ်ရင်း ဒီလိုပြောလိုက်တယ်။”ငါ့နာမည် *** ဖြစ်တယ်။ မင်းကို အိမ်ကျူးကျော်ဝင်ရောက်မှု၊ လက်နှက်ကိုင်မှု၊ မုဒိမ်းမှု၊ လူသတ်မှုနဲ့ဖမ်းလိုက်ပြီ..ရှေ့နေ အသုံးပြုခွင့်ရှိတယ်။ အပြင်မှာငါတို့ ကားရှိတယ် … ရဲစခန်းကိုလိုက်ခဲ့ပါ..”ရဲလိုင်စင်ပြပြီး ဒီလိုပြောတဲ့ ရဲအရာရှိကို မုဒိမ်းကောင် စောဂျင်ဟန်းက ပြုံးလိုက်တယ်…။

” ဟား ….အပြင်မှာ လူတွေ ဒီလောက်အုံနေတာ ငါက မင်းတို့ပြောသလို အခု အပြင်ထွက်ရအောင် အရူးလားကွ..? ဦးထုတ်နဲ့ မျက်နှာဖုံး ယူခဲ့ .. မျက်နှာကာပြီးမှ လိုက်နိုင်မယ်..!”

ပြီးတော့…

“လက်ထိတ်တဖက်ဖြုတ်ပေး .. အကီၤျပြန်ဝတ်ရမယ်ကွ…”သူ့အင်္ကျီဘောင်းဘီတွေ အေးအေးဆေးဆေးပြန်ဝတ် သူ့အိမ်လို ဆိုဖာပေါ်ခြေချိတ်ထိုင်နေလိုက်တယ်။ရဲသားတစ်ယောက်ဟာ အနီးဆုံးဆိုင်က ဦးထုတ်နဲ့ မျက်နှာဖုံးကို အမြန်သွားဝယ်ခဲ့ရပါတယ်။ဒီအခြေအနေမျိုးမှာတောင် ကိုယ့်အတွက်ပဲ ကိုယ်ကြည့်တတ်တဲ့ မိစ္ဆာကောင်…။

ဦးထုတ်သွားဝယ်တဲ့ ရဲကို စောင့်နေရင်း“ မင်းတို့ လျှပ်စစ်ခြေကျင်းကြောင့် ဒီလိုဖြစ်ရတာကွ… ငါကိုဒီလိုဖြစ်အောင်လုပ်တဲ့ တရားခံ…ဟားဟား မင်းတို့ လျှပ်စစ်ခြေကျင်းကဘာ အသုံးကျလို့လဲကွာ မုဒိမ်းကျင့်တာ ဒါနဲ့ဆို ၂ ခါရှိပြီကွ… “သူ ပြောင်လှောင်ပြီး ပြောလိုက်သေးတယ်…။စောဂျင်ဟန်းဟာ ဘယ်တော့မှ မိမိကိုယ် မိမိ အပြစ်တင်တဲ့သူမဟုတ်..။နောင်တ၊ ကြင်နာမှု၊ စာနာမှု ၊ အားနာမှု…ဒါတွေဟာ သူ့ဘဝမှာ ဘယ်တုန်းကမှမရှိခဲ့..။ကယ်ဆယ်ရေးအဖွဲ့က သယ်ယူသွားတဲ့ အမျိုးသမီး အလောင်းကိုကြည့်ပြီး ပြောလိုက်တဲ့စကား….။”အဲဒီကောင်မ… ငါမုဒိမ်းကျင့်ခဲ့တဲ့မိန်းမထဲမှာ အခက်ဆုံးကောင်မပဲ.. အော်ဟစ်နေလိုက်တာ.. နားတောင်ငြီးတယ်..%#@$””ဟေ့ကောင် မင်း ပါးစပ်ပိတ်ထားလိုက်စမ်း ..!”ရဲအရာရှိက မခံမရပ်နိုင် အော်လိုက်တယ်။”ဘာလို့ပိတ်ရမှာလဲ… မင်း ငါ့ကို အမိန့်ပေးစရာမလိုဘူးကွ…ဒီကောင်မ ငြိမ်ငြိမ်ခံနေရင်တောင် ဒီလိုသေမှာမဟုတ်ဘူး ။ အော်ဟစ်နေလို့ သေရတာလေ..နည်းတောင် နည်းသေး..”စောဂျင်ဟန်းဆိုတဲ့လူသားတစ်ဦးဟာ လူလောကကြီးထဲမှာ လူရယ်လို့ ဖြစ်မလာထိုက်တဲ့ ဒီလို ယုတ်မာပက်စက်တဲ့ ဆိုက်ကိုပါ့သ်ဖြစ်ပါတယ်။

ဒီလိုလူမျိုးကို ဆိုက်ကိုပါ့သ်လို့ခေါ်ပါတယ်။

စောဂျင်ဟန်း ကို တရားသူကြီးက အလုပ်ကြမ်းနဲ့ မသေမချင်းထောင်ဒါဏ် အမိန့်ချလိုက်တယ်…။အဲဒီနေ့ ထောင်ထဲကို ပြန်ရောက်ရောက်ချင်း စောဂျင်ဟန်းက ထောင်ထဲကသူငယ်ချင်းကို အစောင့်ဝန်ထမ်းတွေကြားအောင် ရယ်ရယ်မောမောနဲ့ အော်ပြောတယ်။”အင်း .. အပြင်မှာနေရတာထက်စာရင် ထောင်ထဲမှာနေရတာပိုပျော်တယ်။ ထောင်ထဲမှာ အေးအေးဆေးဆေးသေတော့မယ်ကွာ…ဟား ဟား”ဒီလိုလူမျိုးအတွက် ထောင်ဒါဏ်ဆိုတာ ဘာမှမဟုတ်ပါဘူး။ ထောင်ထဲမှာ ဟိုလူ ဒီလူအနိုင်ကျင့်ပြီး ဘုရင်တဆူလိုနေတဲ့ကောင်လေ…။ ထောင်ပျော်တစ်ယောက်ကို မသေမချင်းထောင်ဒါဏ်ပေးတော့ ပျော်တာပေါ့..။

အပိုင်း-၂

(တရားသူကြီးထံ ပေးပို့စာ )

ကျွန်တော်ဟာ တရားသူကြီးတစ်ယောက်ထံ ဒီလိုစာရေးရလိမ့်မယ်လို့ ဘယ်သောအခါကမှ မတွေးမိခဲ့ပါဘူး။တရားသူကြီးမင်း ကျွန်တော့်သားအဖ ၃ ယောက်ရဲ့ ခံစားချက်ကို သိစေလိုပါတယ်။ကျွန်တော်ကတော့ သေဆုံးသွားပြီဖြစ်တဲ့ ရီ ** ရဲ့ လင်ယောက်ျားဖြစ်ပါတယ်…။ကျွန်တော့်မိန်းမဟာ ကျွန်တော်တို့ကိုခွဲခွာသွားတော့ အသက် ၃၇ နှစ်ပဲရှိသေးတယ်။ဟုတ်ပါတယ်…ကျွန်တော်ချစ်တဲ့သူမ သေသွားပြီ…။ကျွန်တော့် ဘဝမှာ ဒီအဖြစ်အပျက်ဟာ အိပ်မက်များဖြစ်လိုက်ရင် ဘယ်လောက်ကောင်းလိုက်မလဲဗျာ….။ဒီလို ကျွန်တော်တို့ဘဝထဲကို ကျွန်တော့်မိန်းမ ပြန်မလာတော့ဘူးဆိုတာ အခုအထိယုံကြည်လို့ကို မရသေးဘူး..။
သေဆုံးသူ၏ အမျိုးသား သူမ အသတ်မခံရခင်ညက ကျွန်တော်နံဘေးမှာ ကလေးတွေနဲ့ ခရီးထွက်ခဲ့တဲ့ ဓာတ်ပုံလေးတွေထိုင်ကြည့်ပြီး တယောက်ထဲ ပြုံးနေခဲ့တာ…”မိန်းမ ညဉ့်နက်နေပြီ .. အိပ်တော့..” ပြောပြီး ကျွန်တော် အိပ်ပျော်သွားတာ။ဒါဟာ…သူမ ကလေးတွေကို နှုတ်ဆက်ပြီး နောက်ဆုံးကြည့်ခဲ့တာများလား..။

ကျွန်တော်ဟာ လူမမယ် ကလေးနှစ်ယောက် လက်ကိုဆွဲပြီး ဘဝသစ်ကိုရုန်းကန်နေရပါပြီ…။လူတွေက မိန်းမ စလင်းဘက်အိတ်ကို အမြဲ စလွယ်သိုင်းလွယ်ထားတဲ့ ကျွန်တော့်ကို အရူးလို့ ထင်ကြမှာပေါ့။ကျွန်တော် သူမ စလင်းဘက်အိတ်ကို အမြဲလွယ်ထားတယ်။ ကျွန်တော့်ကိုယ်ကျွန်တော် ကလေးတွေရဲ့ မိခင်နေရာ ဖခင်နေရာ နှစ်မျိုးလုံးတာဝန်ယူရမယ်ဆိုတာ သတိပေးထားတာပါ။စလင်းဘက်အိတ်ထဲမှာ ကျွန်တော် မိန်းမရဲ့ပစ္စည်းလေးတွေ သူမ မသေခင်ကအတိုင်းပဲ.,။ကျွန်တော်ချစ်ရတဲ့မိန်းမရဲ့ နေရာလပ်သွားတော့ သူမအလုပ်မှန်သမျှကို ကြုံးရုန်းလုပ်ကိုင်ရင်း ကျွန်တော့်မိန်းမကို ပိုသတိရ .. မျက်ရည်ကျမိတယ်။ပိုက်ဆံရှာတော့လည်းကျွန်တော်…ကလေးနှစ်ယောက်အတွက် ထမင်းချက်တော့လဲကျွန်တော်… ထမင်းကျွေးတော့လည်းကျွန်တော်… အိမ်သန့်ရှင်းရေးလုပ်တော့လည်း ကျွန်တော်…။

ဒါပေမဲ့ ကျွန်တော် မလုပ်နိုင်တာ တစ်ခုရှိတယ်။ ကလေးတွေကို သူတို့အမေနဲ့ ပြန်တွေ့ပေးဖို့ မတတ်နိုင်တော့ပြီ…။ကျွန်တော့်ရင်ထဲမှာ အမြဲတမ်း အော်ဟစ်ငိုကြွေးနေမိပါတယ်။ဒီလိုခံစားနေရတာ ကျွန်တော် တစ်ယောက်ထဲမဟုတ်ပါဘူး..အသက် ၃ နှစ်အရွယ် သမီးလေးနဲ့ ၅ နှစ်အရွယ် သားလေးကလည်း “အမေဘယ်တော့ ပြန်လာမလဲ..?” လို့ စောင့်နေရှာကြတုန်းပါပဲ…။ကလေးတွေ သူတို့အမေသေတာ မသိဘူးဗျာ..။

ကျွန်တော့်မိန်းမ အသတ်ခံရတဲ့နေ့က ရဲတွေနဲ့ရှုပ်နေလို့ ကလေးနှစ်ယောက်ကို သူတို့အဖွားက မူကြိုကျောင်းသွားကြိုပြီး သူမ အိမ်ကိုခေါ်သွားခဲ့တယ်။ရုတ်တရက် အမေပျောက်သွားတဲ့ ကလေးတွေ…။ကျွန်တော့် ကလေးတွေဟာ သေတယ် ဆိုတာ သိပ်နားမလည်သေးတဲ့အရွယ်မို့ … ကျွန်တော် ဘယ်လိုရှင်းပြရမှန်းတောင်မသိတော့ပါဘူး..။

အဲဒီနေ့ ရဲစခန်းကဖုန်းလာလို့ ဆေးရုံကို ကိုကျွန်တော် အပြေးရောက်လာခဲ့တယ်…။ကျွန်တော်ဟာ ရုတ်တရက် သူမ မျက်နှာကို မမှတ်မိဘူးခင်ဗျ..,။ သူမ မျက်နှာတစ်ခုလုံးဟာ မည်းနက်နေပါတယ်။ ခန္ဓာကိုယ်တစ်ခုလုံးလည်း ဒါဏ်ရာတွေပြည့်နေခဲ့ပါတယ်။
သေဆုံးသူ မိသားစု

ကျွန်တော် သူမလက်ကို ကိုင်ကြည့်လိုက်တယ်။ အေးစက်တောင့်တင်းနေတယ်။မယုံနိုင်စရာ သူမသေသွားပြီ..။ကျွန်တော့်ကို ကယ်ကြပါဦး…။

သူမကိုယ်လုံးပေါ်က သွေးတွေငေးကြည့်ရင် လူသတ်သမားကို ဘယ်လောက်များကြောက်နေလိမ့်နေမလဲ…ဆိုတဲ့အတွေးက ကျွန်တော့် နှလုံးသားတွေကို စုတ်ဖြဲနေပါပြီ…။သူမ ဘယ်လောက်များ တောင်းပန်ခဲ့ရှာမလဲ… ဘယ်လောက်များ ကျွန်တော့်ကို အားကိုးတကြီး သတိရနေလိမ့်မလဲ….။ ဘယ်လောက်များ ကလေးတွေကို စိတ်ပူနေလိုက်မလဲ….။မနက်မိုးလင်းရင် သူမ ကျွန်တော့်နံဘေးမှာရှိနေမယ်လို့ အခုအချိန်အထိ ထင်နေမိတုန်း…။ကျွန်တော် သိပ်ညံ့ခဲ့တယ်။ကျွန်တော့် မိန်းမကို တစ်ခါလောက် ထမင်းပူပူလေး တစ်ပွဲလောက် ကျွေးခွင့်ရရင်သိပ်ကောင်းမှာပဲ…။

အဲဒီမနက်က မိန်းမက ကျွန်တော့်ကို မနက်စာ ထမင်းကျွေးခဲ့တယ်။

“မိန်းမရေ မောင်နဲ့အတူ ထမင်းစားကွာ..” ဆိုတော့

“ကလေးတွေပို့ပြီးမှ စားနိုင်မယ်မောင်ရေ..” တဲ့..။

ကျွန်တော့်ကို ထမင်းကျွေး ကလေးတွေ ထမင်းကျွေး… ချွေးတလုံးလုံးနဲ့ ကျွန်တော့်မိန်းမ…။သူမ ဗိုက်ဆာနေရှာမှာပဲဗျာ…။ကျွန်တော် ထမင်းစားတိုင်း ကျွန်တော့်မိန်းမကို အားနာပြီး မျက်ရည်ကျရတယ်။ကျွန်တော် ထမင်းစားဖို့ မတန်တဲ့ကောင်ပါ။ကလေးတွေသာမရှိရင် ကျွန်တော် တစ်နေရာကို ထွက်ပြေးသွားချင်ပါတယ်။ ကျွန်တော် အလွန်ပင်ပန်းနေပါပြီ..။ ကျွန်တော် သေချင်ပါတယ်။

တရားသူကြီးမင်းခင်ဗျား…ဒီမုဒိမ်းလူသတ်ကောင်ကို သေဒါဏ်မပေးရင် ကျွန်တော် သူ့ကို သတ်ပစ်ရပါတော့မယ်။ကျွန်တော်တို့မိသားစုအတွက် ပင်ပင်ပန်းပန်းရုန်းကန်ခဲ့တဲ့ သူမမရှိတော့တဲ့ လောကကြီးဟာ ကျွန်တော့်အတွက်ငရဲပြည်ပါပဲ..။ကျွန်တော်ဟာ ဆင်းရဲလို့ သူမကိုလက်ထပ်ပြီး ဟန်နီးမွန်းတောင် မသွားနိုင်ခဲ့ပါဘူး။ ဒါတောင် တချက်လေးမှ မငြိုငြင်တာ ကျွန်တော့်မိန်းမပါ …။ကျွန်တော်လေ.. သူမကို အင်္ကျီလေးတစ်ထည်တောင် အသစ်ဝယ်မပေးနိုင်ခဲ့ဘူး။ကျွန်တော့်မိန်းမ ဘာအပြစ်ရှိလို့လဲခင်ဗျာ…။ဒီကောင်ကို သေဒါဏ်မပေးနိုင်တဲ့ ကျွန်တော့်နိုင်ငံကို မုန်းတယ်ဗျာ…။

တရားသူကြီးမင်းခင်ဗျား…တန်ဖိုးရှိတဲ့ လူတစ်ယောက် သေသွားပြီ…။ ပစ္စည်းအခိုးခံရရင် ပြန်ရှာလို့ရပါသေးတယ်။ကျွန်တော့်မိန်းမကို ပြန်ရှင်အောင်လုပ်လို့မရတော့ဘူးလေ ခင်ဗျာ…။တစ်နာရီလုံးလုံး ရိုက်နှက် ဓါးနဲ့ထိုးပြီး မသေမချင်းသတ်ရင်း မုဒိမ်းကျင့်ခဲ့ရလို့သေသွားပါပြီခင်ဗျ…။တချို့လူတွေက လူသတ်ကောင်ကို ငယ်စဉ်က ဘဝပေးမကောင်းလို့ ဘာဖြစ်လို့ ညာဖြစ်လို့ သေဒါဏ်မပေးပဲ နားလည်ပေးနေကြပါလား…?ရိုးရိုးသားသားကြိုးစားခဲ့တဲ့ ကျွန်တော့်မိသားစုဘက်ကလည်းတွေးပေးကြပါဦး..။ငယ်စဉ်က ကျွန်တော်တို့ လင်မယားနှစ်ယောက်လဲ မုဒိမ်းကောင် လူသတ်သမား စောဂျင်ဟန်း လို ဆင်းရဲဒုက္ခတွေရောက်ခဲ့ရတာပဲဗျ…။ကျွန်တော်တို့ ရိုးရိုးသားသား ကြိုးကြိုးစားစားနဲ့ ဒီမိသားစု ဘဝလေးကို ထူထောင်ခဲ့ကြတယ်။ကျွန်တော် သူမနဲ့နေတဲ့အိမ်ကို အခုအထိ မဝင်ရဲသေးဘူး။ သူမ အမြဲလုပ်ခဲ့တဲ့ အိမ်အလုပ်တွေ… သူမလက်နဲ့ထိတွေ့ခဲ့တဲ့ ပစ္စည်းတွေကိုလည်း မကိုင်တွယ်ရဲလို့ ကျွန်တော်တို့ အတူနေခဲ့တဲ့အိမ်နဲ့ဝေးရာကို ပြေးခဲ့ပြီ….။အရင်က ကျွန်တော် အပြန်ချင်ခဲ့ဆုံးအိမ်ဟာ အခုတော့ ကျွန်တော့်အတွက် ငရဲပြည်ပါပဲ..။ကျွန်တော်တို့ ၃ ယောက် ကျွန်တော့် မိခင်အိမ်ရဲ့အခန်းကျဉ်းလေးမှာ အတူအိပ်နေပါတယ်ခင်ဗျာ…။

တရားသူကြီးမင်းခင်ဗျာ….။ဒီလူ အသက်ရှင်နေသေးတာ ကျွန်တော် သိနေသေးသရွေ့ ကျွန်တော် အဖန်တလဲလဲသေနေရပါတယ်။မုဒိမ်းကောင် လူသတ်သမားကို သေဒါဏ်ပေးဖို့ လေးစားစွာလျှောက်ထားအပ်ပါတယ်။

ဒါပေမဲ့ တရားသူကြီးက သေဒါဏ်မပေးခဲ့ပါ..။

‘စောဂျင်ဟန်း’ ဟာ လူထုကိုဒုက္ခပေးခဲ့တာမဟုတ်..လူတစ်ဦးတစ်ယောက်ကိုသာသတ်ခဲ့တာမို့ နောက်ထပ်လူမသတ်၊မုဒိမ်းမကျင့်အောင် သေတဲ့အထိထောင်ထဲမှာထားရင် ရပါပြီတဲ့…။

နိဂုံး

၄ လအကြာ….။

ခရစ်စမတ်အကြိုနေ့မို့ မူကြိုကျောင်းမှာ ကလေးတွေဟာ စိတ်လှုပ်ရှားနေတယ်။အလွန်အေးတဲ့ရာသီဥတုအောက်မှာ ခရစ်စမတ် ဘိုးဘိုးကြီး ( Santa Claus)ရောက်လာတယ်။ ဘိုးဘိုးကြီးက ကလေးတွေကို လက်ဆောင်တွေဝေပေးနေတယ်။မျက်နှာငယ်လေးနဲ့ ကလေးမလေးတစ်ယောက်ကတော့ ခရစ်စမတ်ဘိုးဘိုးကြီးပေးတဲ့လက်ဆောင်ကို မယူဘူး။ခရစ်စမတ်ဘိုးဘိုးကြီးလက်ထဲကို ပြန်ထိုးထည့်ပေးလိုက်တယ်။” ဟိုး.. ဟိုး…ဟိုး…သမီးလေး စုဂျင်း ဘာလက်ဆောင်လိုချင်လို့လဲ..?”ကလေးမလေးက မျော်လင့်တကြီး တောင်းဆိုလိုက်တယ်…။” အမေ့ကို ပြန်ခေါ်ပေးပါ…”

ဖခင်ဖြစ်သူကို အဲ ဒီအကြောင်းမူကြိုကျောင်းဆရာမက ပြန်ပြောပြတော့ ဖခင်ဟာ မျက်ရည်ကျရတယ်။သမီးရယ်… သမီးကို အဖေ ဘယ်လိုအားပေးရပါ့…။၃၇ လသားအရွယ်သမီးငယ်က မျက်ရည်တွေကျနေတဲ့ ဖခင်ကိုကြည့်ပြီး စကားမပီတပီနဲ့ အားပေးစကားပြောလိုက်တယ်…။” ဖေကြီး… မငိုပါနဲ့ သမီးတော့ အမေ့ကို မလွမ်းတော့ဘူး….. တကယ်ပြောတာပါ…”ပြီးတော့ သား၊သမီး နဲ့ ဖခင်ဟာ သုံးယောက်သား ဖက်ပြီးငိုလိုက်ကြတယ်…။

 မရွှေမိုး ( ကိုရီးယား)

No comments:

Post a Comment