Latest News

Friday, May 25, 2018

ငြိမ်းချမ်းရေးလုပ်ငန်းစဉ်များပြိုလဲခဲ့ရမှု-မည်သူတွင် တာဝန်ရှိသည်လဲ

ငြိမ်းချမ်းရေးလုပ်ငန်းစဉ်များပြိုလဲခဲ့ရမှု-မည်သူတွင် တာဝန်ရှိသည်လဲ

မေလ ၁၇ ရက်နေ့ ဧရာဝတီ သတင်းစာတွင် ပျက်ပြားသွားနေရတဲ့ ငြိမ်းချမ်းရေး လုပ်ငန်းစဉ်များ အပေါ် ဆွေးနွေးရေးသား ရာမှာ မကြာမီက အရှိန် မြင့်လာနေတဲ့ တိုက်ပွဲများကြောင့် တိုင်းရင်းသား အုပ်စုတွေ အနေနဲ့လက်ရှိ သွားနေတဲ့ ငြိမ်းချမ်းရေး လုပ်ငန်းစဉ်များ နဲ့ အတူ အစိုးရ၊ တပ်မတော်တို့ နဲ့ ဆွေးနွေးနိုင်ဖို့ဆိုတဲ့ ယုံကြည်မှု တွေ ပျက်သုန်းသွားခဲ့ရပြီ လို့ ဖေါ်ပြထားပါတယ်။ ထို့အပြင် ဒီကိစ္စကို ဒေါ်အောင်ဆန်းစုကြည်နဲ့ အခြား ထိတ်တန်း ခေါင်းဆောင်များက ရေငုံနှိုတ်ပိတ်နေမှု သည်လည်း ရှုံးနိမ့်သွားနေရမှုကို ၀န်ခံ နေတဲ့ သဘောသက်ရောက်နေတယ်လို့ ဆိုထားပါတယ်။

#ဒေါ်အောင်ဆန်းစုကြည်အား အပြစ်ပုံချ၍ ရနိုင်မည်လော#

ဧရာဝတီ အနေနဲ့ လူမျိုးစု  ပြဿနာများရဲ့ အရင်းအမြစ် နဲ့ ဖြေရှင်းပေးဖို့ ကြိုးစားနေပေမယ့် ဘာမှ မတတ်နိုင် လက်မှိုင်ချကာသာ ကြည့်နေရတဲ့ အစိုးရအကြောင်းကို ပို၍ သိရှိပြီးသားလည်း ဖြစ်ပါတယ်။

ဧရာဝတီမှာပဲ နောက်ထပ် ကချင်ပြည်နယ်မှ ထင်ရှားတဲ့ လေ့လာသုံးသပ်သူ တဦး ဖြစ်တဲ့ ဂျိုး ကန်ဘန် က အစိုးရ အနေနဲ့ အခုလို တိုက်ပွဲများကိစ္စသာ မကပဲ ငြိမ်းချမ်းရေး ရရှိဖို့ တောင်းဆိုလာကြတဲ့ ပြည်သူများရဲ့ ဆန္ဒပြပွဲအား တပ်မတော် ထိမ်းချုပ်ထားတဲ့ ပြည်ထဲရေး ၀န်ကြီးဌာနက အကြမ်းဖက် ကိုင်တွယ်ခဲ့တာကိုလည်း သမ္မတကြီး ဦးဝင်းမြင် နဲ့ ဒေါ်အောင်ဆန်းစုကြည်တို့ ရေငုံနှုတ်ပိတ်နေမှုများကြောင့် တိုင်းရင်းသား မဲဆန္ဒရှင်များ အဖို့ NLD အပေါ် စိတ်ပျက်လက်ပျက် ပို၍ ဖြစ်လာခဲ့ရတယ်လို ထောက်ပြခဲ့ပြန်ပါတယ်။

အစိုးရ အနေနဲ့ကော အပြစ်အခတ် ရပ်စဲရေး ဖို့ အမိန့် ထုတ်၍ ရနိုင်သည့် အနေအထား မရှိပဲ ထုတ်ဖေါ် ပြော၍ကော မည်သို့ အကျိုး သက်ရောက်မှု ရှိလာပေမည်နည်း၊ ဒီမေးခွန်းရဲ့ အဖြေကို ဖြေဆိုနိုင်ဖို့ လိုအပ်လာပါတယ်။

၂၀၀၈ ခုနှစ် ဖွဲ့စည်းပုံ သည် အစိုးရ အဖို့ လည်ပင်းတွင် ခဲကြီးတလုံး ဆွဲကာ ရုန်းကန် လှုပ်ရှားနေရသည်ကို လူတိုင်းအသိပင် ဖြစ်သည်။ ထိုဖွဲ့စည်းပုံ ဖြင့် စစ်တပ်သည်သာ အခရာ ဖြစ်လာနေပါတယ်။

ဒေါ်အောင်ဆန်းစုကြည်၏ အနေအထားသည် လွန်စွာမှ အလုပ်ရ အကိုင်ရ ကျပ်နေပြီး မည်သူမှ သူမနေရာတွင် ၀င်ယူချင်လောက်အောင် အားကျဖွယ် အနေအထားမျိုး မရှိပေ။ ရခိုင် အကြပ်အတည်းတွင်လည်း သူမအပေါ် အနောက်အုပ်စုက အုတ်အော်သောင်းနင်း ဝေဖန်ခဲ့ကြတာ ခံခဲ့ရပါတယ်။ အခု ARSA အဖွဲ့ က ရေငုံ နှုတ်ပိတ်နေပြီး သူတို့ရဲ့ ကိုယ်စား အနောက်အုပ်စု နဲ့ ကုလ အဖွဲ့ အစည်းများက ဆက်လက် တာဝန်ယူ ပြောဆိုနေကြပြီ ဖြစ်ပါတယ်။

အောက်ပါ အချက်များ ကို စဉ်းစားကြည့်ကြပါစို့။

ကချင်ဒေသတွင် စစ်တပ်က ပါကစ္စတန် မှ လောလောလတ်လတ်ကမှ ရထားတဲ့ JF-17 တိုက်လေယာဉ်များ နဲ့ လက်နက်ကြီးများကို သုံးကာ ကေအိုင်အေ တို့ အပေါ် တိုက်ပွဲ အရှိန် မြှင့်တင်လာခဲ့ကြပါတယ်။ ထို့အတွက်လည်း အရပ်သား ထောင်ပေါင်းများစွာ အိုးအိမ်စွန့်ခွာ ထွက်ပြေးခဲ့ကြရပြီး တောကြီးမျက်မည်းထဲတွင် ပိတ်မိနေခဲ့ကြရပါတယ် စစ်တပ် နဲ့ ကေအိုင်အေ နှစ်ဖက်စလုံး လည်း။ မြစ်ကြီးနား နှင့် ပူတာအို အကြား ဒေသများတွင် အသေအပျောက် အများဆုံး ထိခိုက် ဆုံးရှုံးခဲ့ကြရပြန်ပါတယ်။

မတ်လ က စပြီး ဖာပွန် မြိုနယ် ရှိ ရွာနှစ်ရွာ အကြား လမ်းကို တိုးချဲ့ ခင်းလာမှုကြောင့် စစ်တပ်က KNU နဲ့ စစ်တပ်အကြား တိုက်ပွဲများ ကွက်ကျားကွက်ကျား စဖြစ်လာခဲ့ပြန်ပါတယ်။

နိုင်ငံလုံးဆိုင်ရာ အပြစ်အခတ် ရပ်စဲရေ လက်မှတ်ထိုးထားတဲ့ ရှမ်း ၊ မွန် လက်နက်ကိုင် တပ်များ နဲ့ အစိုးရ အကြား ဆက်ဆံမှုများကလည်း အခြေအနေ ပိုမို ဆိုးဝါးလာနေခဲ့တဲ့ အတွက် RCSS က ရှမ်းပြည်နယ်အတွင်း လူထု ဆွေးနွေးမှုများကို စစ်တပ်က ၀င်ရောက် စွက်ဖက်နေတဲ့ အတွက် အချိန် အကန့်အသတ်မရှိ ရွှေ့ဆိုင်းလိုက်ပြီ ဖြစ်ကြောင်း ကြေငြာခဲ့တဲ့အထိ ဖြစ်ခဲ့ရပါတယ်။

ဝ နဲ့ မိုင်းလား အုပ်စုများ နဲ့ စစ်တပ်အကြား ဆက်ဆံရေး ကလည်း တိုးတက်မှု မရှိသလောက် ဖြစ်လာနေတယ်လို့ သတင်းတွေက ဆိုနေပါတယ်။ ၀ တို့က ဦးဆောင်ပြီး အဖွဲ့ ၇ ဖွဲ့ နဲ့ FPNCC (Federal Political Negotiation and Consultative Committee) ဆိုပြီး မဟာမိတ် ဖွဲ့ကာ အစိုးရနဲ့ ကိုယ်စားပြု ဆွေးနွေးခွင့်ကို တသမတ်တည်း တောင်းဆိုလာခဲ့ကြပါတယ်။

#တရုတ် ၏ အခန်း ကဏ္ဍ#

FPNCC သည် တရုတ် နှင့် ၀ ခေါင်းဆောင်များ၏ သြဇာ လွှမ်းမိုးမှု အောက်တွင် ရှိနေသော အဖွဲ့ ဖြစ်ပါတယ်။ ၀ များ အဖို့လည်း တရုတ်များအပေါ် လုံးဝမှီခိုနေရတဲ့ အနေအထားမျိုး ရှိနေပါတယ်။ တရုတ်တို့ အဖို့ နိုင်ငံရေး ဆွေးနွေးပွဲများ မစတင်မီ အပြစ်အခတ်ရပ်စဲရေး အရင် စ နိုင်ဖို့ ၎င်းတို့အကျိုးရှိရာ ရှိကြောင်း ဖြစ်ပေမယ့်လည်း တိုက်ပွဲများက ကချင်ဒေသ တွင်သာမက ၎င်းတို့နဲ့ နယ်နမိတ် ထိစပ်နေသော မူဆယ် မြို့ အထိပါ ပျံ့နှံ့လာခဲ့ရပါတယ်။

တရုတ်တို့ က ပြည်တွင်း ငြိမ်းချမ်းရေး လုပ်ငန်းစဉ်များ ကို ထောက်ခံကြောင်း အကြိမ်ကြိမ် ထုတ်ဖေါ်ပြောဆိုနေကြပေမယ့် ခုထက်ထိတော့ ပဋိပက္ခ ရပ်စဲရေး အတွက် ဖေါ်မြူလာ တခု ထွက်မလာသေးတာ တွေ့ရမှာ ဖြစ်ပါတယ်။ ငြိမ်းချမ်းရေး လုပ်ငန်းစဉ်များ တွင် အဓိက အဟန့်အတားကြီး ဖြစ်လာနေရသည်က FPNCC က နိုင်ငံလုံး ဆိုင်ရာ အပြစ်အခတ် ရပ်စဲရေး သဘောတူညီချက်ကို ငြင်းပါယ်နေတဲ့ အပြင် ၎င်းတို့ ရဲ့ လိုလားချက်များ ကို ထည့်သွင်း ရေးဆွဲပေးဖို့ တောင်းဆိုလာနေတာပဲ ဖြစ်ပါတယ်။ ၎င်းတို့ အနေနဲ့က တရုတ်တို့ရဲ့ ထောက်ခံမှု ရထားတဲ့ အပြင် ပူးပေါင်း လက်နက်ကိုင်အင်အား ကိုးသောင်း ခန့် ရှိနေတဲ့ အင်အား အတောင့်တင်းဆုံး လက်နက်ကိုင် အဖွဲ့အစည်း လည်း ဖြစ်ပါတယ်။

တရုတ် ပြည်မှ အဆင့်မြင့် ကိုယ်စားလှယ်အဖွဲ့များ က လည်း ပြတ်သည်မရှိ တဖွဲဖွဲ ရောက်လာနေမြဲပင်၊ မေလ ၉ ရက်နေ့တွင် ရောက်လာခဲ့သူက နိုင်ငံတော် ကောင်စီဝင်နှင့် ပြည်သူ လုံခြုံရေးရာ ၀န်ကြီး ကျောက် ကီဇီး ပဲ ဖြစ်ပါတယ်။ တရုတ်ရဲ့ အာရှ ရေးရာ အထူး ကိုယ်စားလှယ် ဆန် ဂူရှန်းလည်း ရောက်ရှိပြီး ကာကွယ်ရေး ဦးစီးချုပ် ဆိုသူ နဲ့ ပါ တွေ့ဆုံပြီး လက်နက်ကိုင် အုပ်စုများ နဲ့ အစိုးရ အကြား ဆွေးနွေးပွဲ ဖြစ်မြောက်အောင် ကြားဝင်ဆောင်ရွက်ပေးဖို့ ကြိုးစားလာပါတယ်။ သဘောကတော့ လက်နက်ကိုင် အုပ်စုတွေရဲ့ လိုလားချက်ကို နားထောင် ပေးဖို့ ပဲ ဖြစ်ပါတယ်။ ဒီအတွက် သူရဲ့ အခန်းကဏ္ဍက ကြားခံ ဆက်သွယ်ရေး တာဝန်ခံ တဦး ထက် မပိုပဲ ဘာမှ သိသိသာသာ ၀င်ရောက်ပြောဆိုပေးမယ့် ပုံ မရှိပါဖူး၊

အားလုံးကို ခြုံ ပြောရမည်ဆိုက မြန်မာပြည်ရဲ့ လက်နက်ကိုင် ပဋိပက္ခများ အဆုံးသတ်ရေးသည် တရုတ် နှင့် စစ်တပ်အပေါ် တွင်သာ တည်မှီနေတယ်ဆိုတာ ထင်ရှားလာပါတယ်။ ဒေါ်အောင်ဆန်းစုကြည် အစိုးရ က တော့ သူတို့ အပေါ် အထူး တင်းကျပ်ထားတဲ့ ဖွဲ့စည်းပုံကြောင့် မလူးသာ မလွန့်သာ ဖြစ်နေရမှု ကြောင့် ငြိမ်းချမ်းရေး မျှော်ကိုးပြီး စေတီ တည်တာမျိုးလောက်သာ လုပ်နိုင်ပါတယ်။

#ပြည်သူများ၏ ဆန့်ကျင်မှု အရှိန် မြင့်မားလာနေ#

စစ်ဆန့်ကျင်ရေး ဆန္ဒပြပွဲများက ရန်ကုန်၊ မန္တလေး နဲ့ မြစ်ကြီးနား မြို့ကြီးများတွင် အရှိန်အဟုန် နဲ့ ဖြစ်ပေါ်လာနေပါတယ်၊ ထိုအရေးကို အားလုံး မျှော်လင့်ထားသည့်အတိုင်း စစ်တပ် လက်အောက်ခံ ပြည်ထဲရေး က အလွန်အကျွံ တုန်ပြန်လာခဲ့ကြပါတယ်။ စစ်တပ်က အညှာတာ ကင်းစွာ ဖြင့် တိုက်ပွဲတွေ အရှိန်မြင့်လာတာနဲ့ အမျှ အပြစ်မဲ့ပြည်သူများ မြေစာပင် ဖြစ်ရမှု ပိုများလာလေ ပိုပြီး လမ်းပေါ်ထွက်လာကြလေ ဖြစ်ဖို့ များနေပါတယ်။

ထိုအပြင် အမေရိကန် အပါအ၀င် အနောက်နိုင်ငံ များတွင်လည်း ကချင် ပြည်နယ်အတွင်း တိုက်ပွဲများ အရှိန်မြင့်လာနေမှုအပေါ် စိုးရိမ်မကင်း ရှိနေကြောင်း ထုတ်ဖေါ်ပြောဆိုလာနေခဲ့ကြပြန်ပါတယ်။ လူ့အခွင့်အရေးချိုးဖောက်မှုတွေမှာ တာဝန်ရှိတဲ့ မြန်မာစစ်တပ်နဲ့ လုံခြုံရေးအဖွဲ့အစည်းတွေကို အရေးယူရန် အစိုးရ ကို တာဝန် လုပ်ပိုင်ခွင့် အပြည့်ပေးလိုက်တဲ့ National Defense Authorization Act (NDAA) ဥပဒေပြင်ဆင်ချက်မူကြမ်း အား အမေရိကန် အောက်လွှတ်တော်က အင်္ဂါနေ့က အမေရိကန်အောက်လွှတ်တော်မှာ တခဲနက် အတည်ပြုလိုက်ပါတယ်၊

ထိုသို့သော အခြေအနေများ အကြားတွင် တတိယ အကြိမ် ပင်လုံညီလာခံကြီးလည်း စတုတ္ထအကြိမ် အဖြစ် ဂျွန်လ လယ် ကို ရွှေ့ဆိုင်းလိုက်ရသည်မှာလည်း အံ့သြစရာတော့ မဟုတ်ပေ။ တိုက်ပွဲများ အခုလို ဒလစပ် ဖြစ်လာနေချိန်တွင်လည်း ကျင်းပရန်ကား သိတ်ပြီး အဓိပ္ပါယ် မရှိလှပေ။

ယခု အခါ ညီလာခံ အစား တိုင်းရင်းသား လက်နက်ကိုင်များ နှင့် အပြစ်အခတ်ရပ်စဲရေးက အရင် လိုအပ်နေပေသည်။ တပ်မတော်ကလည်း ထိုအရေးကို အဆင်သင့် ဖြစ်ပုံမရှိ၊ တရုတ်ထံမှလည်း အကူအညီက မရ၊ ထို့အတွက် ဗုဒ္ဓဘာသာ ယုံကြည်သက်ဝင်မှု အရ နေပြည်တော်တွင် ရွှေပါရမီတောရ ဆရာတော် ရှင်ဆန္ဒာဓိက နဲ့ ပြည်သူအများ ဦးဆောင်လှုဒါန်းတည်ဆောက်မယ့် ငြိမ်းချမ်းရေး စေတီတော်ကိုသာ အားကိုးရတော့မှာ ဖြစ်ပါတယ်။

လှစိုး​ဝေ

(South Asia Analysis Group (SAAG) တွင် Dr. S. Chandrasekharan ရေးသားသော “Myanmar Peace Process In Ruins: Who Is Responsible?” ဆောင်းပါး ကို ကိုးကားသည်။ )

No comments:

Post a Comment