Latest News

Thursday, May 24, 2018

WLC-5 ပြိုင်ပွဲတွင် ဘာဒါဒိုနှင့် ယှဉ်ပြိုင်ရန် အဆင်သင့် ဖြစ်နေပြီဟု စောငမန်း ကြုံးဝါး

WLC-5 ပြိုင်ပွဲတွင် ဘာဒါဒိုနှင့် ယှဉ်ပြိုင်ရန် အဆင်သင့် ဖြစ်နေပြီဟု စောငမန်း ကြုံးဝါး

နေပြည်တော် မေ ၂၃

နေပြည်တော် ဝဏ္ဏသိဒ္ဓိအားကစားရုံ၌ ဇွန် ၂ ရက်တွင် ကျင်းပမည့် WLC-5 ပြိုင်ပွဲတွင် သြစတြေးလျဖိုက်တာ မိုက်ကယ်ဘာဒါဒိုနှင့် ယှဉ်ပြိုင်ရမည့်ပွဲစဉ်အတွက် အဆင် သင့်ဖြစ်နေပြီ ဖြစ်ကြောင်း မြန်မာ့ပထမတန်း လက်ဝှေ့ကျော် စောငမန်းက ပြောသည်။

 ''ဒီပွဲစဉ်အတွက် အကောင်းဆုံး ယှဉ်ပြိုင်နိုင်ဖို့ လေ့ကျင့်မှုတွေ လုပ်နေပါတယ်။ လက်ရှိမှာအဆင်သင့် ဖြစ်နေပါပြီ။ အနိုင်ရဖို့ယှဉ်ပြိုင်သွားမှာပါ။ ဘာဒါဒိုက ပြိုင်ဘက်ကောင်း ဖြစ်လာပါလိမ့်မယ်''ဟု စောငမန်းက ပြောသည်။

စောငမန်းနှင့် ဘာဒါဒိုတို့သည် WLC-5 လက်ဝှေ့ပြိုင်ပွဲ၏ စူပါမစ်ဒယ် ဝိတ်တန်းကို ယှဉ်ပြိုင်ကြ မည်ဖြစ်သည်။ စောငမန်းနှင့် ဘာဒါဒိုတို့သည် WLC ပြိုင်ပွဲတွင် ဒုတိယပွဲစဉ်အဖြစ် ယှဉ်ပြိုင်ကြမည်ဖြစ်ပြီး စောငမန်းမှာ သြစတြေးလျနိုင်ငံသား အက်ဒီဖာရယ်ကို အနိုင်ရထားပြီး ဘာဒါဒိုမှာ မစ်ဒယ် ဝိတ်တန်း ချန်ပီယံ တူးတူးကို ရှုံးနိမ့်ထားခြင်းဖြစ်ကြောင်း သိရသည်။

MWD

No comments:

Post a Comment