Latest News

Thursday, May 10, 2018

WLC-5 KNOCKOUT WAR ပြိုင်ပွဲအတွက် တွဲဆိုင်းများ ထွက်ပေါ်

WLC-5 KNOCKOUT WAR ပြိုင်ပွဲအတွက် တွဲဆိုင်းများ ထွက်ပေါ်

နေပြည်တော် မေ ၉

မြန်မာလက်ခမောင်း ကုမ္ပဏီမှ စီစဉ်ကျင်းပမည့် (၅)ကြိမ်မြောက် WLC ပြိုင်ပွဲအတွက် တွဲဆိုင်းများကို ထုတ်ပြန်ကြေညာခဲ့ရာ အဓိကတွဲဆိုင်းလိုက်မစ်ဒယ်ဝိတ်တန်း ကမ္ဘာ့ချန်ပီယံ ခါးပတ်လုပွဲအဖြစ် စောဘဦး (တောင်ကလေး)နှင့် ပိုလန်နိုင်ငံသား အာသာဆာလာဒိုက်စ်တို့ ယှဉ်ပြိုင်ကြမည်ဖြစ်သည်။

KNOCKOUT WAR ဟု အမည်ပေးထားသော WLC-5 ပြိုင်ပွဲကို ဇွန် ၂ ရက်တွင် နေပြည်တော် ဝဏ္ဏသိဒ္ဓိအားကစားရုံ၌ ကျင်းပမည်ဖြစ်သည်။ အဆိုပါပြိုင်ပွဲတွင် ခေါင်ပွဲအဖြစ် မြန်မာ့ရိုးရာ လက်ဝှေ့ကျော် စောဘဦး(တောင်ကလေး)နှင့် ပိုလန်နိုင်ငံသား အာသာဆာလာဒိုက်စ်တို့ ယှဉ်ပြိုင်ကြမည် ဖြစ်သည့်အပြင် မြန်မာပြည်ချန်ပီယံလုပွဲအဖြစ် စောဒါဝိတ်နှ င့် ကျော်ဇင်လတ်တို့က ယှဉ်ပြိုင်ကြမည်ဖြစ်သည်။

ထို့ပြင်တစ် ကျော့ပြန် စောငမန်းမှာလည်း သြစတြေးလျနိုင်ငံသားနှင့် ယှဉ်ပြိုင်ရမည် ဖြစ်ကြောင်း သိရသည်။

တွဲဆိုင်းများမှာ လိုက်မစ်ဒယ်ဝိတ်တန်း ကမ္ဘာ့လက်ဝှေ့ ချန်ပီယံခါးပတ်လုပွဲ ငါးချီ ၆၇-၇၁ ကီလို စောဘဦး (မြန်မာ)နှင့် အာသာဆာလာဒိုက်စ် (ပိုလန်)၊ လိုက်ဝယ်တာ ဝိတ်တန်း မြန်မာပြည် ချန်ပီယံလုပွဲ ၆ဝ- ၆၃ ဒသမ ၅ ကီလို ငါးချီ စောဒါဝိတ် (တောင်ကလေး)နှင့် ကျော်ဇင်လတ်(ကိုးသထုံ)၊ စူပါမစ်ဒယ်ဝိတ်တန်း ၇၅- ၇၉ ကီလိုငါးချီ မိုက်ကယ်ဘာဒါတို (သြစတြေးလျ)နှင့် စောငမန်း (မြန်မာ)၊ ဝယ်တာဝိတ်တန်း ၆၃ ဒသမ ၅-၆၇ ကီလို ငါးချီ သပြေညိုနှင့် ဖိုးလပြည့်(ရွှေဖူး)၊ လိုက်ဝိတ်တန်း ၅၇-၆ဝကီလို ငါးချီ အန်တိုနီယို အယ်ဘာ တို (ပေါ်တူဂီ)နှင့် မိုက်ရိုင်း (မြန်မာ)၊ ဖယ်သာဝိတ်တန်း ၅၄-၅၇ ကီလို သုံးချီ ရွှေနဒီ(မြန်မာ)နှင့် နိုဆရီပေါ့ (ကမ္ဘောဒီးယား)နှင့် လိုက်ဝယ်တာဝိတ်တန်း ၆ဝ- ၆ ဒသမ ၃၅ကီလို ငါးချီ စောထူးအောင်(တော်ဝင်ရိုးရာ) နှင့် လက်သီးမိုး(ကိုးသထုံ) တို့ဖြစ်ကြောင်း သိရသည်။

MWD

No comments:

Post a Comment