Latest News

Thursday, May 10, 2018

မြန်မာယူ - ၁၆ အမျိုးသမီးအသင်း အုပ်စုဗိုလ်ဖြင့် ဆီမီးဖိုင်နယ် တက်ရောက်

မြန်မာယူ - ၁၆ အမျိုးသမီးအသင်း အုပ်စုဗိုလ်ဖြင့် ဆီမီးဖိုင်နယ် တက်ရောက်

ရန်ကုန် မေ ၉

၂ဝ၁၈ အာဆီယံ ယူ-၁၆ အမျိုးသမီး ဘောလုံးပြိုင်ပွဲ အုပ်စုနောက်ဆုံး ပွဲစဉ်များကို ယနေ့တွင် အင်ဒိုနီးရှား နိုင်ငံ၌ ယှဉ်ပြိုင်ကစားရာ မြန်မာအသင်းက ဖိလစ်ပိုင်အသင်းကို ၇ ဂိုး-၁ ဂိုးဖြင့် အနိုင်ရရှိပြီး အုပ်စုဗိုလ်ဖြင့် ဆီမီးဖိုင်နယ်သို့ တက်ရောက်သွားသည်။

မြန်မာ ယူ-၁၆ အမျိုးသမီးအသင်းမှာ ပွဲချိန်ပြည့်ခြေစွမ်းအသာဖြင့် ဖိလစ်ပိုင်ယူ-၁၆ အမျိုးသမီးအသင်းကို ယှဉ်ပြိုင်ကစားခဲ့ပြီး ပထမပိုင်းတွင် ငါးဂိုးပြတ်ဖြင့် ဦးဆောင်ထားနိုင်ပြီး ဒုတိယပိုင်းတွင် အနိုင်ဂိုးနှစ်ဂိုးထပ်မံ သွင်းကာ ချေပဂိုးတစ်ဂိုးပြန်ပေးခဲ့ရသောကြောင့် ပွဲအပြီးတွင် မြန်မာအသင်းက ၇ ဂိုး-၁ ဂိုးဖြင့် အနိုင်ရရှိခဲ့သည်။

မြန်မာအသင်းနှင့် တစ်ချိန်တည်းတွင် ယှဉ်ပြိုင်ကစားခဲ့သော ဗီယက်နမ်အသင်းနှင့် မလေးရှားအသင်းတို့ ပွဲ စဉ်၌ ဗီယက်နမ် အသင်းက ၁ ဂိုး- ဂိုး မရှိဖြင့် အနိုင်ရရှိခဲ့သည်။ ထို့ကြောင့် ဗီယက်နမ်အသင်းမှာ မြန်မာ အသင်းနှင့် ရမှတ်တူညီနေသော်လည်း ဂိုးကွာခြားချက်တွင် ငါးဂိုးအထိကွာနေကာ အုပ်စုဒုတိယနေရာဖြင့် သာ နောက်တစ်ဆင့် တက်လှ မ်းနိုင်ခဲ့ခြင်းဖြစ်သည်။

အင်ဒိုနီးရှားနိုင်ငံက အိမ်ရှင်အဖြစ် လက်ခံကျင်းပလျက်ရှိသည့် အာဆီယံ ယူ-၁၆ အမျိုးသမီး ဘောလုံးပြိုင်ပွဲ ဆီမီးဖိုင်နယ်ပွဲစဉ်များကို မေ ၁၁ ရက်တွင် ဆက်လက်ကျင်းပ မည်ဖြစ်ပြီး မြန်မာယူ-၁၆ နှင့် လာအို ယူ-၁၆၊ ထိုင်း ယူ-၁၆ နှင့် ဗီယက်နမ်ယူ-၁၆ အမျိုးသမီး အသင်းတို့ ယှဉ်ပြိုင် ကစားကြမည် ဖြစ်ကြောင်း သိရသည်။

MWD

No comments:

Post a Comment