Latest News

Thursday, May 10, 2018

နာဂျစ်ရာဇက်နှင့် မဟာသီယာမိုဟာမက်တို့၏ ပြိုင်ဆိုင်မှု ပြင်းထန်သည့် မလေးရှား အထွေထွေ ရွေးကောက်ပွဲ အပြီးသတ် ကျင်းပနိုင်

နာဂျစ်ရာဇက်နှင့် မဟာသီယာမိုဟာမက်တို့၏ ပြိုင်ဆိုင်မှု ပြင်းထန်သည့် မလေးရှား အထွေထွေ ရွေးကောက်ပွဲ အပြီးသတ် ကျင်းပနိုင်

ကွာလာလမ်ပူ မေ ၉

မလေးရှားနိုင်ငံ ဝန်ကြီးချုပ်ဟောင်းနှင့် အတိုက်အခံ ခေါင်းဆောင် မဟာသီယာမိုဟာမတ်နှင့် လက်ရှိဝန်ကြီးချုပ် နာဂျစ်ရာဇက်တို့အကြား ပြိုင်ဆိုင်မှုပြင်းထန်သည့် အထွေထွေ ရွေးကောက်ပွဲကို မေ ၉ ရက်တွင် အပြီးသတ် ကျင်းပနိုင်သည်။

နိုင်ငံအတွင်းရှိ မဲရုံများကို ဒေသစံတော်ချိန် နံနက် ၈ နာရီမှစတင်ဖွင့်လှစ်ခြင်းဖြစ်ပြီး ပြည်သူ ၁၄ ဒသမ ၄ သန်းကျော် လာရောက် မဲပေးကြောင်း သိရသည်။

ထို့နောက် မဲရုံများကို ဒေသစံတော်ချိန် ညနေ ၅ နာရီတွင်ပိတ်ပြီး မဲပေးခွင့်ရှိသူ ၆၉ ရာခိုင်နှုန်းက လာရောက်မဲပေးကြောင်း ရွေးကောက်ပွဲ ကော်မရှင်က ထုတ်ပြန်သည်။ လက်ရှိဝန်ကြီးချုပ် နာဂျစ် ရာဇက်သည် နိုင်ငံကို ၁၉၈၁ ခုနှစ်မှ ၂ဝဝ၃ ခုနှစ်အထိ ဝန်ကြီးချုပ် အဖြစ်အုပ်ချုပ်ခဲ့သည့် အသက်၉၂ နှစ်ရှိ မဟာသီယာမိုဟာမတ်နှင့် ထိပ်တိုက်ရင်ဆိုင် ရခြင်းဖြစ်သည်။

မဟာသီယာမိုဟာမတ်သည် ယခင်က ဘာရီဆန်နေရှင်နယ် ညွန့်ပေါင်းအဖွဲ့နှင့် ပူးပေါင်းခဲ့သော်လည်း ထိုအဖွဲ့က အကျင့်ပျက်ခြစားမှုကို အားပေးနေသည်ဟုဆိုကာ ၂ဝ၁၆ ခုနှစ် တွင် နုတ်ထွက်သွားခြင်း ဖြစ်သည်။ မဟာသီယာမိုဟာမတ်သည် နောက်ပိုင်းတွင် ကိုယ်ပိုင်နိုင်ငံရေး အဖွဲ့အစည်းဖြစ်သည့် ပါတီပရီဘူမီ ဘာဆက်တူကို တည်ထောင်ခဲ့ပြီး အ တိုက်အခံ ပါကာတန်ဟာရာပန် ညွန့်ပေါင်းအဖွဲ့နှင့် ပူးပေါင်းသွားခြင်း ဖြစ်သည်။

အသက် ၆၄ နှစ်ရှိနာဂျစ်သည် ဒေါ်လာဘီလီယံနှင့်ချီသည့် အကျင့်ပျက်ခြစားမှု အရှုပ်တော်ပုံတွင် ပါဝင်မှုဖြင့် ဖိအားပေးခြင်း ခံနေရသော်လည်း ၎င်း၏ဝန်ကြီးချုပ် တတိယ သက်တမ်းအတွက် ရွေးကောက် ပွဲတွင် ပါဝင်ယှဉ်ပြိုင်ခြင်း ဖြစ်ကြောင်း သိရသည်။

MWD

No comments:

Post a Comment