Latest News

Wednesday, May 23, 2018

ရှန်ဟိုင်း SIPG အသင်းရဲ့ ဘရာဇီး ကွင်းလယ် ကစားသမား အော်စကာနှင့် အင်တာဗျူး

မိသားစုဘဝ ရှေ့ရေးအတွက် တရုတ် စူပါလိဂ်မှာ ကစား နေတာပါ

ရှန်ဟိုင်း SIPG အသင်းရဲ့ ဘရာဇီး ကွင်းလယ် ကစားသမား အော်စကာနှင့် အင်တာဗျူး

ဘောလုံးလောကမှာ တရုတ်စူပါလိဂ်ကို ပြောင်းရွှေ့ကစားသွားတဲ့ ကစားသမားတွေကိုဆိုရင် ငွေမက်သူလို့ ကင်ပွန်းတပ်ကြပါတယ်။ အသက်အရွယ်လည်းကောင်းပြီး အောင်မြင်မှု အထိုက်အသင့် ရနေတဲ့ ကစား သမားတစ်ဦးအနေနဲ့ ဥရောပကနေ တရုတ်စူပါလိဂ်ကို သွားမကစားလိုက်နဲ့၊ အဲဒီလိုကစားသမားမျိုး တရုတ် စူပါလိဂ်ကို သွား ကစားပြီဆိုတာနဲ့ မီဒီယာတွေရဲ့ဝေဖန်မှုကိုခံရပြီး ပရိသတ်တွေရဲ့ ရှုတ်ချမှုကိုလည်း ခံရပါတယ်။ လောကမှာ ငွေကြေးက ဘယ်လောက်အထိ အရေးပါလဲ။ ငွေမက်တာ ကရော အပြစ်တစ်ခုလား။ တရုတ်စူပါလိဂ်ကလပ် ရှန်ဟိုင်း SIPG မှာ ကစားနေတဲ့ ဘရာဇီးကွင်းလယ်ကစားသမား အော်စကာရဲ့ ခံယူချက်က ရှင်းပါတယ်။ အော်စကာက ၂ဝ၁၆ ခုနှစ်က ပရီးမီးယား လိဂ်ကလပ် ချယ်လ်ဆီးအသင်းကနေ ရှန်ဟိုင်း SIPG ကိုရောက်လာခဲ့တယ်။

အသက်အရွယ် အရရော အောင်မြင်မှုအရပါ အကောင်းဆုံးကို ရောက်နေတဲ့ အော်စကာ တစ်ယောက် တရုတ်စူပါလိဂ်ကို ရုတ်တရက် ပြောင်းရွှေ့သွားတာက ကမ္ဘာ့ ဘောလုံးလောကကို တုန်လှုပ်စေပါတယ်။ အဲဒီနောက်မှာ အော်စကာလည်း မီဒီယာနဲ့ ပရိ သတ်တွေရဲ့ ဝေဖန်မှုကို အကြီးအကျယ် ခံရပါတော့တယ်။ တရုတ်နိုင်ငံ အခြေစိုက် ဂါဒီးယန့် သတင်းစာနဲ့ ပြုလုပ်ခဲ့တဲ့ အင်တာဗျူးမှာတော့ အော်စကာအနေနဲ့ တရုတ်စူပါ လိဂ်ကို ပြောင်းသွားရတဲ့ အကြောင်းတွေ၊ သူ့ရဲ့ဘဝခံယူချက်နဲ့ အတွေးအမြင်တွေကို ပွင့်ပွင့်လင်းလင်း ဖြေကြားခဲ့ပါတယ်။ ဘဝမှာ ငွေကအရေးပါတဲ့ အကြောင်းကို အော်စ ကာက ဟန်ဆောင်မှုမရှိဘဲ ရိုးရိုးသားသား ဖွင့်ဟခဲ့တာလည်း ဖြစ်ပါတယ်။

ငွေဆိုတာ လူသားတိုင်းအတွက် သည်းခြေကြိုက်

ကမ္ဘာမှာ လူသားတွေက သူတို့ရဲ့မိသားစုတွေ ကောင်းကောင်းမွန်မွန် နေထိုင်နိုင်ဖို့ ငွေကိုရှာကြပါတယ်။ ဘောလုံးသမားတွေလည်း လူသားတွေဖြစ်တဲ့အတွက် အဲဒီလိုပါပဲ။ ကျွန်တော်က ဘရာဇီးမှာ ဆင်းဆင်းရဲရဲနဲ့ ကြီးပြင်းလာခဲ့ရတယ်။ အဲဒါကြောင့် ငွေရဲ့တန်ဖိုးကို ကောင်းကောင်း သိတယ်ဆိုပါတော့။ တရုတ်စူပါလိဂ်မှာ လာကစားနေတဲ့ နိုင်ငံခြားသား ကစားသမားတွေက ထိပ်တန်းအဆင့်ခြေစွမ်းကို ပိုင်ဆိုင်ထားတဲ့ ကစားသမားတွေချည်းပါပဲ။ တရုတ်တွေရဲ့ ငွေကြေးအင်အားက မယုံကြည်နိုင်စရာ ကောင်းေ လာက်အောင် တောင့်တင်းတယ်။ ဒီတော့ သူတို့ရဲ့ကမ်းလှမ်းမှုကို ငြင်းဆန်ဖို့ဆိုတာ ကစားသမားတွေအတွက် ခက်ခဲပါတယ်။ ကျွန် တော်ဒီကိုပြောင်းလာလို့ လူတွေကျွန်ေ တာ့်ကို ဘယ်လိုသဘောထားမလဲဆိုတာ သိပါတယ်။ ဒါပေမဲ့ ကိစ္စမရှိပါဘူး။ ပတ်ဝန်းကျင်ရဲ့အမြင်နဲ့ ကျွန်တော့်ရဲ့ဘဝကို မဆုံးဖြတ်တတ်ဘူး။ တရုတ်စူပါလိဂ်ကို လာက စားလို့ ကမ္ဘာ့ဖလားမှာ ပါဝင်ခွင့်ရဖို့ မသေချာဘူးလို့ ပြောဆိုတာတွေလည်း ရှိပါတယ်။ ဒါပေမဲ့ ကျွန်တော့်ရဲ့ ခံယူ ချက်က ရှင်းရှင်းလေးပါ။ အသက်အရွယ်တွေ ကြီးလာတဲ့ အချိန်မှာ ဆင်းဆင်းရဲရဲနေရပြီး ကမ္ဘာ့ဖလားကန်ဖူး တယ်လို့ ထိုင်မပြောချင်ပါဘူး။ ကျွန်တော့်ရဲ့မိသားစု ချမ်းချမ်းသာသာနဲ့ နေရဖို့အတွက် ကျွန်တော်ငွေရှာဖို့ လိုအပ်ပါတယ်။ လူတွေပြောနေကြသလို ကမ္ဘာ့ဖလားမကန်ရလည်း ပြဿနာမရှိပါဘူး။ ဘဝရှေ့ရေးက ပိုပြီး အရေးကြီးပါတယ်။

အရင်အော်စကာရဲ့ ခြေစွမ်း အတိုင်း ရှိနေဆဲပါ

ကျွန်တော် ဥရောပကို ရောက်တဲ့အချိန်က စောတယ်လို့ပြောရမယ်။ ချယ်လ်ဆီးကိုရောက်တော့ ကျွန်တော့်ရဲ့ အသက်က ၁၉ ၊ ၂ဝ လောက်ပဲ ရှိပါသေးတယ်။ ချယ်လ်ဆီးမှာ ဖြတ်သန်းခဲ့တဲ့ ငါးနှစ်တာအချိန်တွေကိုလည်း သတိရနေပါသေးတယ်။ ချယ်လ်ဆီးနဲ့အတူ အမှတ်တရကောင်းတွေကို ဖန်တီးနိုင်ခဲ့တယ်။ အဲဒီအချိန်တုန်း က ကျွန်တော့် အနေနဲ့ ချယ်လ်ဆီးနဲ့အတူ ပရီးမီးယားလိဂ် ချန်ပီယံဆုကို နှစ်ကြိမ်ရယူနိုင်ပြီး ဘရာဇီးနဲ့လည်း ဆုဖလားတွေရယူနိုင်ခဲ့တယ်။ အဲဒါကြောင့် ကျွန်တော့်အနေနဲ့ အောင်မြင် မှုတွေကို ခပ်စောစောရယူနိုင်ခဲ့ တယ်လို့ ပြောရမယ်။ ကျွန်တော့်အနေနဲ့ တရုတ်စူပါလိဂ်ကိုသွားတဲ့အချိန်က စောလွန်းတယ်လို့ တချို့က ပြောကြတယ်။ ဒါပေမဲ့ ဒီဆုံးဖြတ် ချက်ကို ကျွန်တော်ကိုယ်တိုင်က ကျေကျေနပ်နပ်နဲ့ ပျော်ပျော်ရွှင်ရွှင် ချမှတ်ခဲ့တာပါ။ တရုတ်စူပါလိဂ်မှာ လာကစားလို့ ကျွန်တော့်ရဲ့ ခြေစွမ်းကျဆင်းသွားတယ်လို့ ထင်မြင်သူေ တွရှိနေပေမယ့် ကျွန်တော်ကိုယ်တိုင်ကတော့ ကိုယ့်ကိုယ်ကိုယ် ဘာမှပြောင်းလဲ သွားတယ်လို့ မထင်ပါဘူး။ ဥရောပမှာကစားတုန်းကခြေစွမ်းနဲ့ အခုခြေစွမ်း အတူတူပဲလို့ ထင်ပါတယ်။ ဒါကြောင့် လက်ရွေးစင် အသင်းမှာပါ၊ မပါဆိုတာက နည်းပြရဲ့ဆုံးဖြတ်ချက်နဲ့ပဲ သက်ဆိုင်ပါတယ်။ ဘရာဇီးအသင်းကို အကောင်းဆုံး ဖြစ် အောင်ကြိုးစားရမှာ နည်းပြရဲ့ တာဝန်ဖြစ်ပါတယ်။

ပရီးမီးယားလိဂ် ဖြစ်မလာနိုင်တဲ့ တရုတ်စူပါလိဂ်

တရုတ်စူပါလိဂ်အနေနဲ့ ပရီးမီးယားလိဂ်လို ဖြစ်လာနိုင်လားဆိုရင်တော့ ကျွန်တော် ပွင့်ပွင့်လင်းလင်းပဲ ဖြေ ပါ့မယ်။ လုံးဝဖြစ်မလာနိုင် သလောက်ပါပဲ။ တရုတ်စူပါလိဂ်မှ မ ဟုတ်ပါဘူး။ လာလီဂါတောင်မှ ပရီးမီးယား လိဂ်ကိုမီဖို့မလွယ်ပါဘူး။ ပရီးမီးယားလိဂ်မှာ အသင်းတိုင်းက ခြေစွမ်းကောင်းမွန်ကြပြီး ပြိုင်ဆိုင်မှုကလည်း ပိုပြီးပြင်းထန်ပါ တယ်။ နောက်ပြီး ပရီးမီးယားလိဂ်မှာ အရည်အချင်းရှိတဲ့ လူငယ်ကစားသမားတွေလည်း အများကြီးရှိတယ်။ တရုတ်စူပါလိဂ်အနေနဲ့ လူငယ်ကစားသမားတွေကို ဒီထက်ပိုပြီး မွေး ထုတ်ရပါဦးမယ်။ ဘရာဇီးမှာဆိုရင် အသက် ၁၃ နှစ်၊ ၁၄ နှစ်အရွယ် လောက်ကတည်းကစပြီး ထိပ်တန်းအဆင့် ပြိုင်ပွဲတွေကို ယှဉ်ပြိုင်နိုင်နေပြီ။ တရုတ်မှာကျတော့ ကစားသမားတစ်ဦးက ၁၈ နှစ် ၊ ၁၉ နှစ်လောက်ကျမှ ထိပ်တန်းပြိုင် ပွဲတွေမှာ ဝင်ရောက်ယှဉ်ပြိုင်တယ်။ လူငယ်ကစားသမားတွေ အနေနဲ့ အဲဒီထက် နည်းနည်းသာစောပြီး ထိပ်တန်းပြိုင်ပွဲတွေမှာ က စားခွင့်ရရင် သူတို့ရဲ့အရည်အချင်း ပိုကောင်းလာမယ်လို့ မြင်ပါတယ်။

နွေးထွေးမှုရှိတဲ့ တရုတ် ပရိသတ်များ

တရုတ်နိုင်ငံက ပရိသတ်တွေက နွေးထွေးမှုအပြည့်ရှိပါတယ်။ SIPG မှမဟုတ်ပါဘူး။ ကျွန်တော်ဘယ် နေရာကိုသွားသွား ပရိသတ်တွေက နွေးနွေးထွေးထွေး ဆက်ဆံကြ တယ်။ တရုတ်တွေက ဘောလုံးနဲ့ပတ် သက်လာရင် ဘရာဇီးမှာလောက် ရူးသွပ်မှုမရှိကြပေမယ့် သူတို့ရဲ့ဆက်ဆံပုံကတော့ ကျေနပ်စရာပါ။ ကြေးစားတွေဆီက အကျိုးရှိအောင် သင်ယူပါ ဒီမှာလာကစားနေတဲ့ နိုင်ငံခြားသား ကစားသမားတွေက ထိပ်တန်းအဆင့် ရှိကြပါတယ်။ ကျွန်တော်တို့ အသင်းမှာဆိုရင် ကျွန်တော်ရှိမယ်။ ပြီးတော့ ဟော့ခ်နဲ့အယ်ခီဆန် တို့လို ထိပ်တန်းအဆင့် ခြေစွမ်းရှိတဲ့ကစား သမားတွေလည်းရှိမယ်။ တရုတ်ကစားသမားတွေက ခြေစွမ်းပိုင်း ကောင်းမွန်ကြပါတယ်။ သူတို့အနေနဲ့ ကျွန် တော်တို့လို အတွေ့ အကြုံများတဲ့ နိုင်ငံခြားသား ကစားသမားတွေဆီက သင်ယူတာတွေ ပြုလုပ်ပြီး ကိုယ့်ကိုယ်ကိုယ် တိုးတက်အောင် ပြုလုပ်သင့်ပါတယ်။ ကျွန်တော်ဆိုရင်လည်း အရင်တုန်းက အဲဒီလို ကိုယ့်ထက် ခြေစွမ်းကောင်းတဲ့ ကစားသမားတွေဆီက သင်ယူခဲ့ရတာပါ။

တစ်နေ့တော့ ဥရောပမှာ ကစားဖို့ ရှိပါတယ်

ကျွန်တော် ဒီမှာ အနည်းဆုံးတော့ ကျွန်တော့်ရဲ့ စာချုပ်သက်တမ်းကုန်ဆုံးတဲ့ နောက် နှစ်နှစ်၊ သုံးနှစ် လောက်တော့ကစားဦးမယ်။ အသင်းကိုလည်း ဆုဖလားတွေရရှိအောင် ကူညီပေးမယ်။ တစ်ချိန်ချိန်မှာတော့ ဥရောပရဲ့အသင်းကြီး တစ်သင်းမှာ ပြန်ကစားကောင်း ကစားနိုင်ပါတယ်။ ဘာလို့လဲဆိုတော့ ကျွန်တော်က ထိပ်တန်းအဆင့်အသင်းေ တွမှာ ကစားရတာကို နှစ်သက်လို့ပါ။ ကျွန်တော် SIPG ကို မပြောင်းခင်တုန်းကဆိုရင် အက်သလက်တီကို၊ ဂျူဗင်တပ်စ်၊ အေစီမီလန်တို့လို အသင်းတွေဆီကနေ ကမ်းလှမ်း မှုခံရပါတယ်။ ကျွန်တော့်မိသားစု ရှေ့ရေးကြောင့်သာ တရုတ်စူပါလိဂ်ကို ပြောင်းခဲ့တာပါ။ ဒါပေမဲ့ ကျွန်တော့်အသက်က ငယ်သေးတယ်။ ကျွန်တော်ဥရောပမှာ ကောင်းကောင်း ပြန်က စားနိုင်ပါတယ်။

MWD

No comments:

Post a Comment