![]() |
ဓါတ်ပုံကိုသက် (ညောင်တုန်း)။ ရိုက် နှက်ခံရသူ ၊ ဦးစောမောင်စိုးအားဆေးရုံတွင် မြင်တွေ့ရစဉ်။ |
ဧရာဝတီတိုင်းဒေသကြီးညောင်တုန်းမြို့ နယ်၊ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် NLDဒုတိယဥက္ကဌလည်းဖြစ်၊ညောင်တုန်းကရင်စာပေနှင့်ယဉ်ကျေးမှု ကော်မတီဒုဥက္ကဌလည်းဖြစ်သည့် ဦးစောမောင်စိုးအားမေလ ၂၀ ရက်နေ့ နံနက် ၁ နာရီ နာရီကျော်အချိန်ခန့်တွင်လူစုလူဝေးဖြင့်ဝိုင်းဝန်းရိုက်နှက်ခံခဲ့ရကြောင်းဒေသခံတစ်ဦးကပြောသည်။
ဦးစောမောင်စိုး ၏နေအိမ်တွင်လာရောက် တည်းခိုနေသည့် ရန်ကုန်တိုင်းဒေသကြီး ရွှေပြည်သာမြို့နယ်တွင် နေထိုင်သူ ကို……အပါအဝင် လူ ၈ ဦးတို့သည် နေအိမ်ခြံတံခါးများကို ရိုက်ချိုးဖျက်ဆီးကာ ဦးစောမောင်စိုးနှင့် သားဖြစ်သူ ဦးအောင်ထိန်စိုးတို့ကိုဝိုင်းဝန်းရိုက်နှက်ခဲ့ကြောင်း၊ ဝိုင်းဝန်းရိုက်နှက်သည့် အမှုတွင်ပါဝင် သူများမှာ ယခုအချိန်ထိထွက်ပြေး လွတ်မြောက်နေကြောင်းလည်း ၄င်းကပြောသည်။
အဆိုပါဖြစ်စဉ်နှငိ့ပတ်သတ်ပြီး ညောင်တုန်းမြို့နယ်၊ ဧရာဝတီတိုင်းဒေသကြီး လွှတ်တော်ကိုယ်စားလှယ်ဒေါ်နီနီမိုးက “ဆရာကြီး(ဦးစောမောင်စိုး) ရဲ့ ခယ်မနဲ့အတူပါလာပြီး အိမ်မှာတည်းနေတာ။ တည်းရင်းနဲ့ဆရာကြီးသမီးကို မဟုတ်တမ်းတရားတွေ လျှောက်ပြောတော့ ဆရာကြီးရဲ့သား(ဦးအောင်ထိန်စိုး)နဲ့ ရန်ဖြစ်ကြတာ ။ရိုက်တဲ့သူတွေက ရန်ဖြစ်ပြီး အိမ်ကထွက်သွားပြီး ညဘက်မှာ ကားနှစ်စီးနဲ့ လူတွေခေါ်လာပြီး ဝင်ရိုက်တာ။ ရဲစခန်းမှုးကိုမေးတော့ ရွှေပြည်သာဘက်မှာ တစ်ယောက်ထဲသွားဖမ်းရမှာမို့ သူတပည့်ကို မလွှတ်သေးတာလို့ပြောတယ်´ဟု ပြောသည်။
ဦးစောမောင်စိုးမှာ ညောင်တုန်းမြို့ဆေးရုံတွင် တက်ရောက် ကုသနေကြောင်း၊ အမှု့ကို မယ်ဇလီနယ်မြေရဲစခန်းက (ပ)၁၉၅/၂၀၁၈ ၊ရာဇသတ်ကြီး ၄၅၂/၃၂၅/၁၁၄အရ အမှုဖွင့်ထားပြီး ပြစ်မှုကျုးလွန်သူများကို အမြန်ဆုံးဖမ်းဆီးရမိရေး ဆောင်ရွက်နေကြောင်း သိရသည်။
ကိုအောင် (ပုသိမ်)
The Asia Heart News
No comments:
Post a Comment