Latest News

Tuesday, May 22, 2018

School Ferry အများပိုင် ကုမ္ပဏီဖွဲ့၍ အခြေခံပညာ ကျောင်းများအတွက် ကျောင်းကားလုပ်ငန်း လုပ်ကိုင်နိုင်ရန် စတင်စီစဉ်

School Ferry အများပိုင် ကုမ္ပဏီဖွဲ့၍ အခြေခံပညာ ကျောင်းများအတွက် ကျောင်းကားလုပ်ငန်း လုပ်ကိုင်နိုင်ရန် စတင်စီစဉ်

ရန်ကုန် မေ ၂၁

ကျောင်းဖွင့်ရာသီတွင် ရန်ကုန်မြို့ရှိ အခြေခံပညာ ကျောင်းများ၌ ကျောင်းကား ပြေးဆွဲမှုကို School Ferry အမည်ဖြင့် အများပိုင် ကုမ္ပဏီဖွဲ့စည်းကာ လုပ်ကိုင်ခွင့် ရရှိရန် စီစဉ်နေကြောင်း ကျောင်းကား လုပ်ငန်း လုပ်ကိုင်သူများထံမှ သိရသည်။

''လောလောဆယ်တော့ အများပိုင် ကုမ္ပဏီဖွဲ့စည်းခွင့်အတွက် မြန်မာနိုင်ငံ ရင်းနှီးမြှုပ်နှံမှု ကော်မရှင် (MIC) ကို တင်ပြလျှောက်ထားပါတယ်။ Logo ရော နာမည်ပါ အကုန် တင်ပြထားတယ်။ ရန်ကုန်တိုင်းဒေသကြီး သယ်ယူပို့ဆောင်ရေး ကြီးကြပ်ကွပ်ကဲမှု အာဏာပိုင်အဖွဲ့ (YRTA) နဲ့ ဆွေးနွေးပြီး အခုလိုဆောင်ရွက်တာ ဖြစ်ပါတယ်'' ဟု အများ ပိုင်ကုမ္ပဏီဖွဲ့စည်းရန် လုပ်ဆောင်နေသော ကျောင်းကားပိုင်ရှင် ဦးဇင်လင်း အောင်ကပြောသည်။

ယခုပညာသင်နှစ်တွင် ကျောင်းကားများ ပြေးဆွဲရန်စီစဉ်ထားသည့် Golden Hand ကုမ္ပဏီမှ ယာဉ်များကို အစိုးရထံ ပြန်လည်အပ်နှံထားခြင်းကြောင့် အများပိုင် ကုမ္ပဏီတစ်ခု ဖွဲ့စည်း၍ လက်ရှိလုပ်ကိုင်နေသည့် ယာဉ်ပိုင်ရှင်များအား ပါဝင်စေကာ ကျောင်းကားစနစ်တစ်ခုကို စတင်ရန်စီစဉ်ထားခြင်းဖြစ်ကြောင်း ရန်ကုန် တိုင်းဒေသကြီး သယ်ယူပို့ေ ဆာင်ရေး ကြီးကြပ်ကွပ်ကဲမှု အာဏာပိုင်အဖွဲ့မှ သိရသည်။

 ''လောလောဆယ်တော့ MIC ကနေပြန်မကျသေးတဲ့အတွက် ရှယ်ယာကို ဘယ်လိုပုံစံနဲ့ သွားမယ်ဆိုတာ ပြောလို့မရသေးဘူး''ဟု ဦးဇင်လင်းအောင်က ပြောသည်။ လတ် တလောတွင် ရန်ကုန်တိုင်း ဒေသကြီး သယ် ယူပို့ဆောင်ရေး ကြီးကြပ်ကွပ်ကဲမှု အာဏာပိုင်အဖွဲ့က ကျောင်းကားမောင်းနှင်မည့် သူများကို လျှောက်လွှာခေါ်ယူလျက်ရှိသည်။ ကျောင်းကားလုပ်ငန်းကို ၂ဝ၁၈-၂ဝ၁၉ ပညာသင်နှစ်မှစ၍ ရန်ကုန်မြို့ရှိ ကျောင်းတချို့၌ ပြေးဆွဲရန် စီစဉ် ထားပြီး ပြည်ပမှ တင်သွင်းထားသည့် ယာဉ်တချို့ကို အသုံးပြုမည် ဖြစ်ကြောင်း သိရသည်။

 ''ညာမောင်းကား တွေကို ဒီနှစ်မှာ ဖြေလျှော့ပေးတဲ့ အနေနဲ့ ခွင့်ပြုတယ်ဆိုတာပဲ ကျွန်မတို့သိရတယ်။ ကျန်တာတော့ အကြောင်း မကြားသေးပါဘူး။ ကျွန်မတို့အနေနဲ့လည်း YRTA နဲ့ ဆွေးနွေးမှာပါ''ဟု စမ်းချောင်းမြို့နယ် အမှတ်(၂) အခြေခံပညာ အထက်တန်းကျောင်း၏ ကျောင်းကားလုပ်ငန်း ကော်မတီဥက္ကဋ္ဌ ဒေါ်လတ် လတ်က ပြောသည်။ ပြည်ပမှ တင်သွင်းထားသည့် ယာဉ်များဖြင့် ကျောင်းကားစနစ်ကို ရန်ကုန်တိုင်းဒေသကြီး ကမာရွတ်မြို့နယ်ရှိ လေ့ကျင့်ရေး အထက်တန်းကျောင်းနှင့် ရန်ကင်းမြို့နယ်ရှိ လေ့ ကျင့်ရေး အထက်တန်းကျောင်းတို့၌ အစီးရေ ၁ဝဝ အသုံးပြုပြေးဆွဲနိုင်ရန် YRTA မှ စီစဉ်ထားကြောင်း သိရသည်။

MWD

No comments:

Post a Comment