Latest News

Tuesday, May 22, 2018

ဘာစီလိုနာတွင် မိမိနှလုံးသား ထာဝရ ရှိနေမည်ဟု အင်နီယေစတာ နှုတ်ဆက် စကားဆို

ဘာစီလိုနာတွင် မိမိနှလုံးသား ထာဝရ ရှိနေမည်ဟု အင်နီယေစတာ နှုတ်ဆက် စကားဆို

ဘာစီလိုနာ မေ ၂၁

ဘာစီလိုနာအသင်းသည် ယမန်နေ့က ဆိုစီဒက်ကို တစ်ဂိုးတည်းဖြင့် အနိုင်ရသော စပိန်လာလီဂါ ရာသီ သိမ်းပွဲစဉ်တွင် အသင်း၌ ၂၂ နှစ်ကြာ ကစားခဲ့သည့် အဓိက ကွင်း လယ် ကစားသမား အင်နီယေစတာ ဂုဏ်ပြုနှုတ်ဆက်မှုကို ပွဲကစားနေချိန်အတွင်းနှင့် ပွဲအပြီးတွင် ပြုလုပ်ရာ အင်နီယေစတာမှာ တစ်သက်လုံး ကစားခဲ့သည့် အသင်းကို ခွဲရတော့မည်ဖြစ်၍ မျက်ရည်ကျခဲ့ရသည်။

စီနီယာ အသင်းကြီး ကစားသမားအဖြစ် ၁၅ နှစ်ကြာ ကစားခဲ့ပြီး နူးကမ့်ကွင်းကြီး၌ ဘောလုံးပေးပို့မှုပေါင်း သန်းချီပြုလုပ်ပေးနိုင် ခဲ့သော ဂနဝ္ထင် စာရင်းဝင် အင်နီယေစတာကို အသင်းဖော်များက လေထဲမြှောက်ကာ ဂုဏ်ပြုမှုများ ပြုလုပ်ကြသကဲ့သို့ ဝန်းရံပြီး ပရိသတ်အား နှုတ်ဆက်စကား ပြောကြားစေ ရာတွင် အင်နီယေစတာက မျက်ရည်များ ကျဆင်းပြီး နှုတ်ဆက်ခဲ့သည်။

''မယုံနိုင်ဖွယ်ရာအဖြစ်ကို ဒီမှာ ၂၂ နှစ်ကြာ ဖြတ်သန်းခဲ့ရတယ်။ ဒီအသင်းအတွက် ကစားပေးခဲ့ရတာ ဂုဏ်ယူစရာ အရမ်းကောင်းတယ်။ ကျွန်တော့်အတွက်တော့ ကမ္ဘာမှာ အကောင်းဆုံး အသင်းက ဘာစီလိုနာပါပဲ။ အသင်းဖော်အားလုံးနဲ့ ပရိသတ်အားလုံးကို ကျေးဇူးတင်ပါတယ်။ ကျွန်တော် ဒီကနေ အသက် ၃၄ နှစ် အရွယ်မှာ ထွက်ခွာခဲ့ရ တာဖြစ်ပြီး နှလုံးသားထဲမှာ ဘာစီလိုနာက ထာဝရ ရှိနေမှာပါ''ဟု အင်နီယေစတာက ပြောသည်။

MWD

No comments:

Post a Comment