Latest News

Wednesday, May 9, 2018

MNL All Star အသင်း လိဒ်ယူနိုက်တက်အသင်းကို အနိုင်ယူ

MNL All Star အသင်း လိဒ်ယူနိုက်တက်အသင်းကို အနိုင်ယူ

ရန်ကုန်     မေ     ၉

မြန်မာနိုင်ငံ၌ရောက်ရှိနေသည့်  လိဒ်ယူနိုက်တက်အသင်း၏ ပထမခြေစမ်းပွဲဖြစ်သည့် MNL All Star အသင်းနှင့် ပွဲကို ယနေ့ ညနေပိုင်းတွင် ရန်ကုန်မြို့ရှိ သုဝဏ္ဏကွင်း၌ကျင်းပရာ MNL All Star အသင်းက ၂ ဂိုး - ၁ ဂိုးဖြင့် အနိုင်ရ ရှိသည်။

လိဒ်ယူနိုက်တက် အသင်းသည် လာမည့် ရာသီအတွက် ကြိုတင်ပြင်ဆင်သည့်အနေဖြင့် မြန်မာနိုင်ငံ၌ လာရောက် ကစားခြင်းဖြစ် သောကြောင့် လူငယ်ကစားသမားများကို အဓိကပွဲထုတ်ကာ ရလဒ်ပိုင်းထက် ပြင်ဆင်မှု အပိုင်းကို ဦးစား ပေးခဲ့သည်။

MNL All Star အသင်းသည် ဘောလုံးအင်အားကြီးနိုင်ငံမှကလပ်အသင်းနှင့် ကစားခွင့်ရ သောကြောင့် အတွေ့အကြုံရရှိသည့်အပြင် ဂျိုးဇက်၊ ခရစ္စတိုဖာတို့၏ သွင်းဂိုးများဖြင့် အနိုင်ရလဒ်ကိုလည်း ရရှိခဲ့သည်။  MNL All Star အသင်းတွင် နိုင်ငံခြားသားကစားသမား ခြောက်ဦးနှင့် ပြည်တွင်း ကစားသမားငါးဦးကို တွဲဖက် အသုံးပြုခဲ့ပြီး ပြည့်ဖြိုးအောင်(ဂိုး)၊ ရဲကိုဦး၊ စည်သူအောင်၊ ခရစ္စတိုဖာ၊ ဝီလျံတို့ဖြင့် ပွဲထွက်ခဲ့သည်။

လိဒ်ယူနိုက်တက် အသင်းသည် အမာခံနှင့် အရန်ကစားသမားများကို တွဲဖက် အသုံးပြုခဲ့ပြီး ခြေစမ်းပွဲဖြစ် သောကြောင့် ပုံမှန်သာ ကစားခဲ့သည်။ MNL All Star အသင်းသည် ပွဲစကတည်းက ဂိုးရရန် ကြိုးပမ်းခဲ့ သောကြောင့် ၂၂ မိနစ်တွင် MNL All Star အသင်းဂိုးစရခဲ့ပြီး စည်သူအောင် ကန်တင်ပေးသောဘောလုံးကို ဂျိုးဇက်က ခေါင်းတိုက် သွင်းယူခဲ့ခြင်းဖြစ်သည်။

ဂိုးပေး လိုက်ရသောကြောင့် လိဒ်ယူနိုက်တက် အသင်းတိုက် စစ်အား ပြန်မြှင့်လာပြီး ၂၅မိနစ်တွင် ပယ်နယ်တီမှတစ်ဆင့် ချေပဂိုးပြန်ရခဲ့သည်။ ယင်းဂိုးကို အသင်း ခေါင်းဆောင် ဆင်မြူရယ်က သွင်းယူခဲ့သည်။ ဒုတိယပိုင်းတွင် နှစ်သင်းစလုံးကစားသမားများ အပြောင်းအလဲပြုလုပ်ခဲ့ပြီး မိနစ် ၆ဝ တွင်လိဒ်ယူနိုက်တက် အသင်းသည် ကစားသမား ကိုးဦးအထိ တစ်ပြိုင်နက် လဲလှယ်အသုံးပြုခဲ့သည်။

လိဒ်ယူနိုက်တက် အသင်းသည် ဒုတိယ ပိုင်းတွင် ကီဗင်၊ အလိုင်းရင်း စသည့် အမာခံ ကစားသမားများကို အသုံးပြုခဲ့သည်။ MNL All Star အသင်း သည် ဒုတိယပိုင်းတွင်လည်း အားထည့်ကစားခဲ့ပြီး ၆၃ မိနစ်တွင် အနိုင်ဂိုးရခဲ့သည်။

ယင်းဂိုးမှာ ခရစ္စတိုဖာကြောင့် ရသည့် ပယ်နယ်တီကို ၎င်းကိုယ်တိုင်ကန်သွင်း ခဲ့ခြင်းဖြစ်သည်။ ယင်းနောက်ပိုင်းတွင် လိဒ်ယူနိုက်တက်အသင်း ချေပဂိုး ရရန်ကြိုးပမ်းခဲ့သော်လည်း MNL All Star နောက်ခံလူများနှင့် ဂိုးသမားပြည့်ဖြိုးအောင်တို့ အမှားအယွင်း မရှိ ဖျက်ထုတ် နိုင်ခဲ့သည်။

ပွဲမစမီ နှစ်ဖက်ဘောလုံး အသင်းအား ကလေးငယ်များက ပန်းစည်းပေးအပ်ပြီး မြန်မာနိုင်ငံဘောလုံးအဖွဲ့ချုပ်ဥက္ကဋ္ဌ ဦးဇော်ဇော်၊ လိဒ်ယူနိုက်တက်အသင်း တာဝန်ရှိသူများက အမှတ်တရစုပေါင်း ဓာတ်ပုံရိုက်ကြသည်။

ပွဲအပြီးတွင် လိဒ်ယူနိုက် တက်ကစားသမားများက ပရိသတ်များအား အင်္ကျီများ လက်ဆောင် ပေးအပ်သည်။ မြန်မာနိုင်ငံဘောလုံးအဖွဲ့ချုပ်ဥက္ကဋ္ဌ ဦးဇော်ဇော်သည် ယနေ့နံနက်ပိုင်းတွင် လိဒ်ယူနိုက်တက် အသင်းသားများအား ရွှေတိဂုံဘုရားသို့ ပို့ဆောင်ပေးခဲ့သည်။

MWD

No comments:

Post a Comment