Latest News

Wednesday, May 9, 2018

မိုးကောင်းမြို့နယ်တွင် လေပြင်းတိုက်ခတ်မှုကြောင့် စာသင်ကျောင်း၊ ဆေးပေးခန်းနှင့် လူနေအိမ်အချို့ ပျက်စီးဆုံးရှုံး

မိုးကောင်းမြို့နယ်တွင် လေပြင်းတိုက်ခတ်မှုကြောင့် စာသင်ကျောင်း၊ ဆေးပေးခန်းနှင့် လူနေအိမ်အချို့ ပျက်စီးဆုံးရှုံး

မိုးကောင်း    မေ    ၉

ကချင်ပြည်နယ်  မိုးကောင်းမြို့နယ်အတွင်း  မေ ၈ ရက် ညနေ ၅ နာရီ ၁၅ မိနစ်က ရုတ်တရက်  လေပြင်းတိုက်ခတ်ကာ   မိုးသည်းထန်စွာ ရွာသွန်းခဲ့၍   မြတောင်                    ကျေးရွာအုပ်စု၊ လမ်းခွကျေးရွာအုပ်စု၊ မရမ်းကျေးရွာအုပ်စုနှင့် နမ္မတီးမြို့တို့တွင်  လူနေအိမ်အချို့နှင့်  အစိုးရပိုင်အဆောက်အအုံများ ပျက်စီးဆုံးရှုံးခဲ့ကြောင်း သိရသည်။
လေပြင်းတိုက်ခတ်မှုကြောင့် လူနှင့်တိရ္ဆာန်များ ထိခိုက်ဒဏ်ရာရရှိမှု မရှိ         သော်လည်း လူနေအိမ်သုံးလုံး ပြိုကျပျက်စီးကာ နေအိမ်  အလုံး ၃ဝ အမိုးလန်ပျက်စီး ရသည်။  ကံလှကျေးရွာရှိ အမှတ် ၂  အခြေခံပညာမူလတန်းကျောင်း အမိုးလန် ပျက်စီးပြီး ဆက်သွယ်ရေးဖုန်းတိုင်သုံးတိုင် ကျိုးပဲ့လဲကျကာKBCခရစ်ယာန် ဘုရားကျောင်းဧည့်ခန်းဆောင် ပြိုကျပျက်စီးခဲ့သည်။

အလားတူ မြို့လှရပ်ကွက်ရှိ ပြည်သှူအားကစားကွင်း အုတ်တံတိုင်းပြိုလဲခဲ့ကာ နမ္မတီး သကြားစက်ဝင်းအတွင်းရှိ ဆေးပေးခန်းဟောင်းမှ သွပ်အချပ် ၅ဝ မှာလည်း အမိုးလန်ဆုံးရှုံးခဲ့ကြောင်း သိရသည်။ အဆိုပါ လေပြင်းတိုက်ခတ်ခဲ့၍ ပျက်စီးဆုံးရှုံး ခဲ့သည့် နေရာများသို့ ပြည်နယ်လွှတ်တော်ကိုယ်စားလှယ် ဒေါ်မြသွေးစံနှင့်  တာဝန် ရှိသူများက  ရှာဖွေကယ်ဆယ်ရေးနှင့် လိုအပ်သည်များ ကူညီဆောင်ရွက်ပေးခဲ့ ကြကြောင်း သိရသည်။        
                                           
ဝင်းနိုင် (ကချင်မြေ)

No comments:

Post a Comment