Latest News

Sunday, May 13, 2018

ကစားသမားဘဝ လက်ကျန်အချိန်များတွင် MMA ပြိုင်ပွဲများကိုသာ ယှဉ်ပြိုင်တော့မည်ဟု ဖိုးသော်ဖွင့်ဟ

ကစားသမားဘဝ လက်ကျန်အချိန်များတွင် MMA ပြိုင်ပွဲများကိုသာ ယှဉ်ပြိုင်တော့မည်ဟု ဖိုးသော်ဖွင့်ဟ

ရန်ကုန် မေ ၁၂

မြန်မာ့ရိုးရာလက်ဝှေ့နှင့် MMA ကစားသမား ဖိုးသော်သည် ကစားသမားဘဝ လက်ကျန် အချိန် များတွင် MMA ပြိုင်ပွဲများကိုသာ ယှဉ်ပြိုင်တော့မည် ဖြစ်ကြောင်း သိရသည်။ ဖိုးသော်သည် မြန်မာ့ရိုးရာလက်ဝှေ့ကို စတင်ယှဉ်ပြိုင်ကာ တိုက်ခိုက်ရေး အားကစားနည်း လောကသို့ ဝင်ရောက်ခဲ့ပြီး MMA ပြိုင်ပွဲများတွင် အောင်မြင်မှုများရရှိကာ လူကြိုက်များသော တိုက်ခိုက်ရေး ကစားသမားတစ်ဦး ဖြစ်လာသည်။

''လက်ရှိမှာ သင်တန်းလည်း ဖွင့်ထားတယ်ဆိုတော့ ဒီထက်ပိုလေ့လာပြီး စိတ်ပါဝင်စားမယ့် သူ တွေကို သင်တန်းမှာ ကျွန်တော်တတ်ထားတဲ့ ပညာရပ်တွေ မျှဝေပေးမှာပါ''ဟု ဖိုးသော်က ပြောသည်။ ဖိုးသော်သည် မြန်မာလက်ခမောင်းကုမ္ပဏီက ကျင်းပလျက်ရှိသော WLC-1 နှင့် WLC-2 ပြိုင်ပွဲ များတွင် ပါဝင်ယှဉ်ပြိုင်ခဲ့သော်လည်း WLC-5 ပြိုင်ပွဲတွင် ပါဝင်တော့မည် မဟုတ်ကြောင်း အတည်ပြုခဲ့သည်။

ထို့ပြင် ဇွန်လအတွင်း ကျင်းပမည်ဖြစ်သော MMA ပြိုင်ပွဲ၌ ၎င်း၏ တွဲဆိုင်း ပါဝင်လာဖွယ် ရှိသောကြောင့် ပြင်ဆင်မှုများ ပြုလုပ်လျက်ရှိကြောင်း သိရသည်။ ဖိုးသော်သည် MMA ပြိုင်ပွဲ Local Tournament ပြိုင်ပွဲ၏ ချန်ပီယံ တစ်ဦးဖြစ်သည်။

MWD

No comments:

Post a Comment