Latest News

Sunday, May 13, 2018

ဒါနီအဲလ်ဗက်စ် ဒဏ်ရာရသွားခြင်းကြောင့် ကမ္ဘာ့ဖလားပွဲ လွဲချော်

ဒါနီအဲလ်ဗက်စ် ဒဏ်ရာရသွားခြင်းကြောင့် ကမ္ဘာ့ဖလားပွဲ လွဲချော်

ပဲရစ်     မေ     ၁၂

ပီအက်စ်ဂျီအသင်းမှ ဘရာဇီးဘယ် နောက်ခံကစားသမား ဒါနီအဲလ်ဗက်စ်သည် မေ ၈ ရက်က ဟားဘီးယားစ် အသင်းကို နှစ်ဂိုးပြတ် အနိုင်ရရှိသော  ပြင်သစ်ဖလား ဗိုလ်လုပွဲတွင်  ဒူးအရွတ် ဒဏ်ရာရရှိသွားခြင်းကြောင့် ဘရာဇီးအသင်း၏ ၂ဝ၁၈ ကမ္ဘာ့ဖလားပြိုင်ပွဲ၌ ပါဝင် ကစားနိုင်တော့မည် မဟုတ်ကြောင်း သိရသည်။

ပြင်သစ်တတိယတန်း ကလပ် ဟားဘီးယားစ်နှင့် ပွဲစဉ်ပြီးဆုံးခါနီးတွင် အဲလ်ဗက်စ်သည် အဆိုပါ ဒူးဒဏ်ရာ ရရှိသွားခြင်းကြောင့် ဇွန် ၁၄ ရက်တွင် စတင်မည့် ကမ္ဘာ့ဖလား ပြိုင်ပွဲ၌ ဒဏ်ရာပျောက်ကင်းပြီး ပြန်ကစားနိုင်ရန် မလွယ်ကူတော့၍ ဘရာဇီးနည်းပြ တိုင်တီမှာ ၎င်းအား  လက်ရွေးစင်အသင်းမှ  ချန်လှပ်ခဲ့ရတော့မည် ဖြစ်သည်။

ဘရာဇီးနည်းပြ တိုင်တီသည် မေ ၁၄ ရက်တွင် ရုရှားကမ္ဘာ့ဖလား ပြိုင်ပွဲအတွက် လက်ရွေးစင် ကစားသမား ၂၃ ဦးစာရင်းကို ထုတ်ပြန် မည်ဖြစ်ရာ အဲလ်ဗက်စ် ဒဏ်ရာရသွားခြင်းကြောင့် ကိုရင်သီယန်အသင်းမှ ညာနောက်ခံ ကစားသမား ဖက်ဂ်နာကို အစားထိုး ရွေးချယ်ဖွယ် ရှိနေသည်။

MWD

No comments:

Post a Comment