Latest News

Monday, May 7, 2018

သေဆုံးသည့်သတင်းမှာ သတင်းမှားသာဖြစ်ကြောင်း ပရိတ်သတ် များကို live လွှင့် ရှင်းပြခဲ့သည့် တေးသံရှင်အဆိုတော် စိုင်းဆိုင်မောဝ်

သေဆုံးသည့်သတင်းမှာ သတင်းမှားသာဖြစ်ကြောင်း ပရိတ်သတ် များကို live လွှင့် ရှင်းပြခဲ့သည့် တေးသံရှင်အဆိုတော် စိုင်းဆိုင်မောဝ်

ပုသိမ်၊ မေ ၈ ရက်။

နိုင်ငံကျော်အဆိုတော်တစ်ဦးဖြစ်သည့် စိုင်းဆိုင်မောဝ်သေဆုံးသည် ဟု ၂၀၁၈ ခုနှစ်၊ မေလ ၈ ရက်နေ့က သတင်းများ  ဖေ့ဘွတ်စ့် စာမျက်နှာပေါ်တွင်ပြန်နှံခဲ့ပြီးနောက် အဆိုတော် စိုင်းဆိုင်မောဝ်က သေဆုံးသည့်သတင်းများမှာ သတင်းအမှာသာဖြစ်ကြောင်းကို ၎င်း၏ဖေ့ဘွတ်စ့်မှတဆင့် ပရိတ်သက်များကို live လွှင့်ပြီး ရှင်းပြ ခဲ့သည်။

အဆိုတော် စိုင်းဆိုင်မောဝ်သည် ကျောက်ကပ်ရောဂါခံစားနေရ သဖြင့် ထိုင်းနိုင်ငံ၊ ဘန်​​ကောက်​မြို့ရှိ ဆူကူဗစ်​​ဆေးရုံတွင်​ ၂၀၁၈ ခုနှစ်၊ ဧပြီလ ၂၅ ရက်နေ့ ညနေ ၆ နာရီတွင် ခွဲစိတ်ကုသမှုခံယူ ခဲ့ပြီး ည ၉ နာရီအချိန်တွင် ခွဲစိတ်မှုအောင်မြင်စွာပြီးဆုံးခဲ့တာ ဖြစ်ကြောင်းသိရသည်။

“ကျနော် သေပြီဆိုတဲ့ သတင်းကို ဖေ့ဘွတ်စ်ကနေတဆင့် သတင်းအမှားဖြန့်တဲ့သူကို မသိပါဘူး၊ ကျနော့်အတွက် စိတ်ပူပေး ခဲ့တဲ့ သူအားလုံးကိုလည ကျေးဇူးတင်ပါတယ်၊ ကျနော်အသက် ရှင်နေပါသေးတယ်၊ မသေ သေးပါဘူး"ဟု ၎င်း၏ ဖေ့ဘွတ်စ့် စာမျက်နှာမှတဆင့် live လွှင့်ချိန်တွင် ပြောခဲ့သည်။

ခွဲစိတ်မှုမပြုလုပ်ခင်အချိန်မှာ အဆိုတော် စိုင်းဆိုင်မောဝ်မှာ ယခင်က ​လေဖြန်းရောဂါခံစားခဲ့ရသဖြင့် အာရုံ​ကြောအတွက်​ ၂၀ ရာခိုင်​နှုန်းထိခိုက်​နိုင်​​ချေရှိသည့်ကြားမှ အရဲစွန့်ခွဲစိတ်ကုသမှုခံရ ခဲ့တာဖြစ်ပြီး ​ကျောက်​ကပ်​ပြွန်​​ရောင်​ရမ်း​သော​နေရာတွင်​ထည့်ထား​သောပိုက်​ကို (၂) ပတ်​ သို့မဟုတ် တစ်​လအတွင်းပြန်​ထုတ်​ရ ဖြစ်ပြီး ​ကျောက်​ကပ်​ပြွန်​​ရောင်​ရမ်း​နေ​သော​နေရာအတွက်​မကြာ ခဏ​ဆေးစစ်​မှုများပြုလုပ်သွားရမှာဖြစ်ကြောင်း သိရှိရသည်။

သတင်း - တန်ခူး (တိုင်းဧရာ)

No comments:

Post a Comment