စစ်ပွဲအလိုမရှိကြောင်းပြဇာတ် တွင် သားဖြစ်သူပါဝင်သောကြောင့် လူမှုကွန်ရက်၌ Live လွှင့်ခဲ့သူကို တရားရုံးမှ ထောင်ဒဏ်၃လချမှတ်
ပုသိမ် မေ၇ရက်
ဧရာဝတီတိုင်းဒေသကြီး ပုသိမ်မြို့ရှိ ပုသိမ်ဟိုတယ်တွင် ၂၀၁၇ ဇန်နဝါရီ၉ရက်နေ့က စစ်ပွဲ အလိုမရှိကြောင်းပြဇာတ်ကပြခဲ့ရာ ပြဇာတ်တွင် သားဖြစ်သူ ပါဝင်သောကြောင့် လူမူကွန်ရက်၌Live လွှင့်ခဲ့သူ ဦးထွန်းထွန်းဦးကို ယနေ့မေ၇ရက်နေ့တွင် ပုသိမ်မြို့နယ်တရားရုံးမှ ဆက်သွယ်ရေးဥပဒေပုဒ်မ၆၆ဃဖြင့် ထောင်ဒဏ် ၃လချမှတ်ခဲ့ကြောင်းသတင်းရ ရှိသည်
အဆိုပါအမှူကို ပုသိမ်မြို့နယ် တရားရုံးက ၂၀၁၇ ခုနှစ် မေလ ၂၃ ရက်နေ့က
စတင် စစ်ဆေးခဲ့တာဖြစ်ပြီးအမူ့ စစ်ဆေးချိန် တစ်နှစ်နီးပါးအကြာမှ ယခုလိုအမိန့် ချမှတ်ခဲ့တာပါ
လူမှုကွန်ရက် ဖေ့ဘွတ်ခ်စာမျက်နှာမှာ Live လွှင့်ခဲ့တာဟာ လူအများသိရှိမူ့မြန်ဆန်စေသောကြောင့်၎င်း တပ်မတော်မိသားစုဝင်တွေဖြစ်တဲ့
စစ်သားတွေနဲ့ယင်းတို့ ဇနီးမယားတွေရဲ့  ဂုဏ်သိက္ခာ ထိခိုက်စေခဲ့တဲ့ ပြဇာတ်ပြကွက်တချို့ ပါဝင်ခဲ့သော်ကြောင့်၎င်း အနောက်တောင်တိုင်း စစ်ဌာနချုပ်မှ စစ်ဦးစီးမှူး ပထမတန်းဒုတိယဗိုလ်မှူးကြီး အောင်မျိုးခိုင်က တရားစွဲဆိုခဲ့ခြင်းဖြစ်ပါသည်
ဦးထွန်းထွန်းဦးရဲ့ လူမှုကွန်ရက်ပေါ် Live လွှင့်ခဲ့သည့် လုပ်ရပ် ဟာလည်း လူအများပိုမိုကျယ်ပြန့်စွာ သိရှိအောင် ဖြန့်ဝေခဲ့တာမျိုး ထင်ရှားစေသော်ကြောင့် ယခုလို ထောင်ဒဏ် ချမှတ်ခဲ့တာဖြစ်ကြောင်း ပုသိမ်မြို့နယ်တရားသူကြီး ဦးဝင်းအောင်ထံမှသိရသည်
“ပြဇာတ်မှာသုံးတဲ့ စကားလုံးလေးတွေကျတော့ တပ်မတော်နဲ့ တပ်မတော်မိသားစုဝင် တွေဖြစ်တဲ့ စစ်သားတွေနဲ့ စစ်သားတွေရဲ့ ဇနီးမယားတွေ အသရေပျက်စေတယ်လို့ စွပ်စွဲတာပေါ့ စစ်ကြည့်တဲ့ အခါမှာလည်း အဲ့ဒီပြောဆိုချက်တွေ တကယ်ပြောဆိုခဲ့တယ် ကိုထွန်းထွန်းဦးက
လည်း ဒါကိုသူရဲ့ဖေ့ဘွတ်ခ်လူမှုကွန်ရက်မှာ လွှင်တင်ခဲ့တယ်ဒါကြောင့် သူ့မှာလည်း တာဝန်ရှိ တယ်လို့ ဆုံးဖြတ်ပြီး အခုလို
အမိန့်ချမှတ်ခဲ့တာပါ"ဟု ပုသိမ်မြို့နယ်
တရားသူကြီး ဦးဝင်းအောင်က ပြောပါတယ်။
အခန်းတွင်းမှာပြဇာတ်ကပြခြင်းသည် အခန်းတွင်းက လူတွေပဲ သိနိုင်တာဖြစ်ပြီး လူမှုကွန်ရက်တင်ခြင်းသည် ကောင်းတာလုပ်တာမှန်ပေမဲ့ အများကြီးပျံ့နှံ့သွားခဲ့သောကြောင့်တစ်ဖက်ကသူကိုလည်း မထိခိုက်စေရဘူးဆိုတဲ့ မက်ဆေ့ကိုပေးချင်တာလည်း ပါသည်ဟု ၎င်း က အဆိုပါအမိန့်ချတာနှင့်ပက်သက်ပြီး ယခုလိုရှင်းပြခဲ့သည်
အဆိုပါ ပြဇာတ်ကပြခဲ့သည့် ကျောင်းသား ၉ ဦးနှင့် လူမှုကွန်ရက်ပေါ် Live လွှင့်ခဲ့သည့် ဦးထွန်းထွန်းဦးကို အနောက်တောင်တိုင်း
စစ်ဌာနချုပ်မှစစ်ဦးစီးမှူး ပထမတန်းဒုတိယဗိုလ်မှူးကြီး အောင်မျိုးခိုင်ကပဲ အသရေဖျက်မှုပုဒ်မ ၅၀၀ /၃၄ဖြင့် ၎င်း ဆက်သွယ်ရေးဥပဒေပုဒ်မ၆၆ဃဖြင့်၎င်းတရားစွဲဆိုခဲ့ခြင်းဖြစ်သည်
ပြီးခဲ့သည့် ဧပြီလ ၄ ရက်နေ့က ပြဇာတ်ကပြခဲ့သည့် ကျောင်းသား ၉ ဦးပုသိမ်မြို့နယ်တရားရုံးမှ
ဒဏ်ငွေ အသီးသီးချမှတ်ခဲ့သည်
ယခုလို ဦးထွန်းထွန်းဦးအား ပုသိမ်မြို့နယ်တရားရုံးမှ ဆက်သွယ်ရေးဥပဒေပုဒ် မ ၆၆ဃဖြင့် ထောင်ဒဏ် ၃လ ချမှတ်ခဲ့သည့်အပေါ် ပြည်သူလူထုများမှပုဒ်မ၆၆ဃ နှင့်ပက်သက်ပြီးဝေဖန်မူ့များမြင့်တက်နေသည်ကို တွေ့ရသည်
သတင်း=ရွှေရည်ဝင်း(တိုင်းဧရာ)
Monday, May 7, 2018
စစ်ပွဲအလိုမရှိကြောင်းပြဇာတ် တွင် သားဖြစ်သူပါဝင်သောကြောင့် လူမှုကွန်ရက်၌ Live လွှင့်ခဲ့သူကို တရားရုံးမှ ထောင်ဒဏ်၃လချမှတ်
စစ်ပွဲအလိုမရှိကြောင်းပြဇာတ် တွင် သားဖြစ်သူပါဝင်သောကြောင့် လူမှုကွန်ရက်၌ Live လွှင့်ခဲ့သူကို တရားရုံးမှ ထောင်ဒဏ်၃လချမှတ်
Reviewed by Ar Ti
on
9:06 AM
Rating: 5

Subscribe to:
Post Comments (Atom)
No comments:
Post a Comment