ရန်ကုန်-မန္တလေး အမြန်လမ်းမကြီး၌ ဧပြီလအတွင်း ယာဉ်မတော်တဆမှု ၄၄ ကြိမ် ဖြစ်ပွားခဲ့ရာ ၁၂ ဦး သေဆုံးပြီး ၁၃၇ ဦး ဒဏ်ရာရ
နေပြည်တော် မေ ၇
ရန်ကုန်-မန္တလေး အမြန်လမ်းမကြီး၌ ဧပြီလအတွင်း ယာဉ်မတော်တဆမှု ၄၄ ကြိမ် ဖြစ်ပွားခဲ့ရာ အမျိုးသား ရှစ်ဦး၊ အမျိုးသမီး လေးဦး ပေါင်း ၁၂ ဦး သေဆုံးပြီး အမျိုးသား ၆၈ ဦး၊ အမျိုးသမီး ၆၉ ဦး ပေါင်း ၁၃၇ ဦး ဒဏ်ရာရရှိခဲ့ကြောင်း သိရှိရသည်။
ထို့အတူ ရန်ကုန်-မန္တလေး အမြန်လမ်းမကြီး၏ ပလွေး အမြန်လမ်းအပိုင်း မိုင်တိုင် အမှတ် ၁၈၅/၂နှင့် ၃ အကြား ရန်ကုန်ဘက်မှ နေပြည်တော်ဘက်သို့ ဝါးများတင် ဆောင်ပြီး ယာဉ်မောင်းဇော်လွင် မောင်းနှင်လာသည့်FAW အပြာရောင် မော်တော် ယာဉ်မှာ ယမန်နေ့ ည ၇ နာရီခွဲက အရှိန်မထိန်းနိုင်ဘဲ လမ်းဘေး အလူမီနီယံတန်းကို တိုက်ကာ တိမ်းမှောက်ခဲ့သည်။ ဖြစ်စဉ်ကြောင့် ယာဉ်ပေါ်တွင် ယာဉ်မောင်းပါ အမျိုးသား ၁၄ ဦးအနက် လေးဦး သေဆုံးပြီး ရှစ်ဦးဒဏ်ရာရရှိခဲ့သည်။
ဒဏ်ရာရရှိသူများနှင့် သေဆုံးသူ ရုပ်အလောင်း များကို အမြန်လမ်းတပ်ဖွဲ့ပိုင်ယာဉ်ဖြင့် နေပြည်တော် ခုတင် ၁ဝဝဝ ဆေးရုံသို့ ပို့ဆောင် ပေးခဲ့သည်။ ဖြစ်စဉ်နှင့်ပတ်သက်၍ ယာဉ်မောင်း ဇော်လွင်အား သက်ဆိုင်ရာက အမှုဖွင့်အရေး ယူထားကြောင်း သိရသည်။
သန်းဦး(လေးမျက်နှာ)
Monday, May 7, 2018
ရန်ကုန်-မန္တလေး အမြန်လမ်းမကြီး၌ ဧပြီလအတွင်း ယာဉ်မတော်တဆမှု ၄၄ ကြိမ် ဖြစ်ပွားခဲ့ရာ ၁၂ ဦး သေဆုံးပြီး ၁၃၇ ဦး ဒဏ်ရာရ
ရန်ကုန်-မန္တလေး အမြန်လမ်းမကြီး၌ ဧပြီလအတွင်း ယာဉ်မတော်တဆမှု ၄၄ ကြိမ် ဖြစ်ပွားခဲ့ရာ ၁၂ ဦး သေဆုံးပြီး ၁၃၇ ဦး ဒဏ်ရာရ
Reviewed by Ar Ti
on
7:53 PM
Rating: 5

Subscribe to:
Post Comments (Atom)
No comments:
Post a Comment