Latest News

Monday, May 7, 2018

မုံရွာတက္ကသိုလ်တွင် ဒီပလိုမာ သင်တန်း သုးံခု ဖွင့်ရန် စီစဉ်

မုံရွာတက္ကသိုလ်တွင် ဒီပလိုမာ သင်တန်း သုးံခု ဖွင့်ရန် စီစဉ်

  မုံရွာတက္ကသိုလ်တွင်  ၂၀၁၈-၁၉ ပညာသင်နှစ်၌ ဒီပလိုမာ သင်တန်း သုးံခု ဖွင့်လှစ်နိုင်ရန် စီစဉ်နေကြောင်း ဒုပါမောက္ခချုပ် ဒေါက်တာ သက်နိုင်ဦး ကပြောသည်။

   ဖွင့်လှစ်ရန် ပြင်ဆင်နေသော  သင်တန်းများမှာ  Diploma in International Relations (DIR),Diploma in International Law(DIL),Diploma in Business Law (DBL)တို့ဖြစ်သည်။

“ ပရိုဂရမ်တော့ ဆွဲထားတယ်၊အကောင်အထည်တော့ ဖော်နေပြီပေါ့၊အသေးစိတ်ကတော့ နောက်မှသိရမယ်၊အခက်အခဲတွေတော့အများကြီးပေါ့၊ ဥပဒေနဲ့  နိုင်ငံတကာ ဆက်ဆံရေဌာနတွေက ဒီပလိုမာ သင်တန်းတွေပေါ့၊မြို့က လူတွေ လုပ်ငန်းခွင်မပျက်တက်လို့ရအောင် ကျောင်းချိန်ပြင်ပပေါ့၊စီစဉ်ဆဲ ရှိပါသေးတယ်၊” ဟု ဒေါက်တာ သက်နိုင်ဦးကပြောသည်။

  အဆိုပါ ဒီပလိုမာ သင်တန်းများကို ကျောင်းပိတ်ရက်၊ရုးံပိတ်ရက်များ ဖြစ်သော စနေ၊တနင်္ဂနွေ၊များတွင်လည်းကောင်း၊ မနက်ပိုင်း၊ညနေပိုင်း စသော အချိန်ပိုင်းများတွင် ဖွင့်လှစ်နိုင်ရေး ဆွေးနွေးနေဆဲဖြစ်ကြောင်း သိရသည်။

ကိုသစ္စာ-မုံရွာ

No comments:

Post a Comment