Latest News

Monday, May 28, 2018

နှစ်ပေါင်း ၁၂၅ နှစ်သက်တမ်းရှိ Levi's ဂျင်းဘောင်းဘီကို အမေရိကန် ဒေါ်လာ တစ်သိန်းဖြင့် ရောင်းချရ

နှစ်ပေါင်း ၁၂၅ နှစ်သက်တမ်းရှိ Levi's ဂျင်းဘောင်းဘီကို အမေရိကန် ဒေါ်လာ တစ်သိန်းဖြင့် ရောင်းချရ

ဝါရှင်တန် မေ ၂၇

အမေရိကန်ပြည်ထောင်စု မိန်းပြည်နယ်ရှိ လေလံကုမ္ပဏီတစ်ခုက နှစ်ပေါင်း ၁၂၅ နှစ်သက်တမ်းရှိ Levi's ဂျင်းဘောင်းဘီ တစ်ထည်ကို အမေရိကန်ဒေါ်လာတစ်သိန်းဖြင့် ရောင်းချခဲ့ကြောင်း အမေရိကန်သတင်းဌာန တစ်ခုက မေ ၂၆ ရက်တွင်ထုတ်ပြန်သည်။

Levi Strauss & Co ကုမ္ပဏီက ထုတ်လုပ်ထားသည့် ယင်းဘောင်းဘီကို မေ ၁၅ ရက်နှောင်းပိုင်းတွင် အရှေ့တောင်အာရှမှ ဝယ်ယူသူတစ်ဦးထံသို့ ရောင်းချခဲ့ခြင်း ဖြစ်ကြောင်း လေလံကုမ္ပဏီမှ ဒန်နီယယ်ဆူလပ်က ပြောသည်။ အဆိုပါ ဂျင်းဘောင်းဘီအသားကို အရှေ့ကမ်းရိုးတန်းဒေသ နယူးဟမ့်ရှိုင်းယားရှိ စက်ရုံတစ်ခုက ထုတ်လုပ် ခြင်းဖြစ်သော်လည်း ဘောင်းဘီကိုမူ အနောက်ကမ်းရိုးတန်းဒေသ ဆန်ဖရန်စစ္စကိုမြို့၌ ထုတ်လုပ်ခြင်းဖြစ်သည်။

ယင်းဂျင်းဘောင်းဘီကို အရီဇိုးနားပြည်နယ်မှ စတိုးဆိုင်ပိုင်ရှင် ဆိုလိုမွန်ဝါနာက ၁၈၉၃ ခုနှစ်တွင် ပထမဆုံးအကြိမ်ဝယ် ယူခြင်းဖြစ်ပြီး ၎င်းအနေဖြင့် ယင်းဘောင်းဘီကို ဝတ်ရုံမျှသာ ဝတ်ခဲ့ရကာ သေဆုံး သွားခြင်းဖြစ်သည်။

ထို့နောက် ၎င်း၏မိသားစုဝင်များက ယင်းဘောင်းဘီကို နှစ်ပေါင်းများ စွာကြာ လက်ဆင့် ကမ်းအမွေယူခဲ့သည့်အတွက် ဘောင်းဘီမှာ အကောင်းအတိုင်းရှိခဲ့ကြောင်းနှင့် နောက်ပိုင်းတွင် Levi's က ယင်းဘောင်းဘီကို အမေရိကန်ဒေါ်လာ ၅ဝဝဝဝ ဖြင့် ပြန်လည်ဝယ်ယူရန် ကမ်းလှမ်းခဲ့ဖူးကြောင်း သိရသည်။

MWD

No comments:

Post a Comment