Latest News

Monday, May 28, 2018

ဘားအံမြို့နယ်​တွင်​အမည်နေရပ်လိပ်စာမသိ အမျိုးသားတစ်ဦး ဆိုင်​ကယ်​ဖြင့်​​ညောင်​ပင်​ဝင်​တိုက်​မိ၍ ​သေဆုံး

ဘားအံမြို့နယ်​တွင်​အမည်နေရပ်လိပ်စာမသိ အမျိုးသားတစ်ဦး ဆိုင်​ကယ်​ဖြင့်​​ညောင်​ပင်​ဝင်​တိုက်​မိ၍ ​သေဆုံး

ဘားအံ   မေ၂၈

ကရင်ပြည်နယ်ဘားအံမြို့နယ်အိန္ဒဲကျေးရွာအုပ်စု၊ ​ကေါ့ဝုန်းကျေးရွာအနီးအိန္ဒု - ဘားအံကားလမ်းဘေးရှိညောင်ပင်(နတ်စင်နှင့်တွဲလျှက်)အား ​မေလ ၂၇ရက်​​နေ့ညပိုင်းက အမည်​​နေရပ်​လိပ်​စာ(စုံစမ်းဆဲ)အမျိုးသားလူငယ်​တစ်​ဦးတည်း ​မောင်းနှင်​လာ​သော MSX အမျိုးအစား အနီရောင်ဆိုင်ကယ် (လိုင်စင်စီစစ်ဆဲ)က အရှိန်မထိန်းနှိုင်ဘဲဝင်​ရောက်​တိုက်​၍ ဆိုင်​ကယ်​တိမ်း​မှောက်​ကာဆိုင်​ကယ်​​မောင်းသူ အမျိုးသား ​သေဆုံးသွား​ခဲ့​​ကြောင်းသတင်းရရှိသည်​။

ဖြစ်​စဉ်​မှာ ​မေလ ၂၇ရက်​​နေ့ည ၈နာရီအချိန့်​ ဘားအံမြို့နယ်​၊ အိန္ဒဲကျေးရွာအုပ်စုကေါ့ဝုန်းကျေးရွာအနီအိန္ဒု-ဘားအံကားလမ်းတွင်​ယာဉ်​တိမ်း​မှောက်​မှုဖြစ်​ပွား​ကြောင်း သတင်းအရ အိန္ဒုနယ်​​မြေရဲစခန်း နယ်​ထိန်း​ခေါင်း​ဆောင်​ဒုရဲအုပ်​ ​အောင်​​ကျော်​ကိုဦးစီးအဖွဲ့မှ သက်​​သေများနှင့်​အတူ သွား​ရောက်​စစ်​​ဆေးခဲ့ရာ အိန္ဒု-ဘားအံကားလမ်းအတိုင်း အိန္ဒုမှ ဘားအံဘက်​သို့ အမည်​​နေရပ်​လိပ်​စာ(စုံစမ်းဆဲ)အသက်​ ၁၈ နှစ်​ခန့်​ အမျိုးသားလူငယ်​တစ်​ဦး​တည်း ​မောင်းလာ​သော နံပါတ်မပါ MSX အမျိုးအစားအနီရောင်ဆိုင်ကယ် သည်​ တစ်ဦးတည်းမောင်နှင်လာစဉ်​  ဘားအံမြို့နယ်အိန္ဒဲကျေးရွာ အုပ်စုကေါ့ဝုန်းကျေးရွာအနီးအ​ရောက်​ အိန္ဒု-ဘားအံကားလမ်းဘေး ရှိ ​ညောင်ပင်(နတ်စင်နှင့်တွဲလျှက်)အားအရှိန်​မထိန်းနိုင်​ဘဲ ဝင်​​ရောက်​တိုက်​မိကာ ဆိုင်​မှာ ကယ်​တိမ်း​မှောက်​သွားခဲ့ခြင်းဖြစ်​သည်​။

ဆိုင်​ကယ်​တိမ်း​မှောက်​ခြင်း​ကြောင့်​ အမည်နေရပ်လိပ်စာမသိ အမျိုးသားလူငယ်​တွင်​ နဖူးချိုင့်ဝင်ဒဏ်ရာ၊ ဝဲမျက်ခုံးပေါက်ပြဲဒဏ်ရာ ၊နှာခေါင်းသွေးထွက်ဒဏ်ရာ၊ နှုတ်ခမ်းပေါက်ပြဲဒဏ်ရာ၊ ပါးစပ်သွေးထွက်ဒဏ်ရာ၊ ဝဲလက်ဖျံရိုးကျိုးဒဏ်ရာ(စိုးရိမ်ရ/သတိမရ) ရရှိခဲ့သဖြင့်ဘားအံပြည်သူ့ဆေးရုံကြီးသို့မှုခင်းဆေးစာနှင့်အတူပို့ဆောင်ခဲ့ပြီး ​ဆေးကုသမှုခံယူ​နေစဉ်​ အခင်းဖြစ်စဉ်ရရှိခဲ့သောဒဏ်ရာ များ​ကြောင့်​ ​သေဆုံးသွားခဲ့ကြောင်းသိရသည်​။ဖြစ်​စဉ်​နှင့်​ပတ်​သက်​ပြီး အိန္ဒုနယ်​​မြေရဲစခန်းက ဥပ​ဒေနှင့်​ ဆက်​လက်​စစ်​​ဆေးလျှက်​ရှိ​ကြောင်း သတင်းရရှိသည်​။

မြန်​မာ့အလင်း၊မင်းသူ/ထွန်းထွန်း​ထွေး(ဘားအံ)

No comments:

Post a Comment