Latest News

Wednesday, May 23, 2018

ICC အဖွဲ့ဝင်မဟုတ်သည့် မြန်မာနိုင်ငံအား အရေးယူမှုများ ပြုလုပ်ရန် ဆောင်ရွက်လာပါက လက်ခံမည်မဟုတ်

ICC အဖွဲ့ဝင်မဟုတ်သည့်  မြန်မာနိုင်ငံအား အရေးယူမှုများ
ပြုလုပ်ရန် ဆောင်ရွက်လာပါက လက်ခံမည်မဟုတ်

နေပြည်တော်   မေ  ၂၃

ရခိုင်ပြည်နယ် မောင်တောဒေသ ပဋိပက္ခဖြစ်စဉ်များနှင့် စပ်လျဉ်းပြီး ICC အဖွဲ့ဝင်မဟုတ်သည့် မြန်မာနိုင်ငံအား အရေးယူမှုများပြုလုပ်ရန် ဆောင်ရွက်လာပါက လက်ခံမည်မဟုတ်ကြောင်း                      နိုင်ငံတော်အတိုင်ပင်ခံရုံးဝန်ကြီးဌာန ညွှန်ကြားရေးမှူးချုပ် ဦးဇော်ဌေးက ပြောသည်။

ယနေ့ မွန်းလွဲ  ၁ နာရီက နေပြည်တော် ပြန်ကြားရေး ဝန်ကြီးဌာနတွင် ပြုလုပ်သည့်  နိုင်ငံတော်အစိုးရ၏ ပြည်သှူ အတွက် ဒုတိယ(၁)နှစ်တာကာလအတွင်းဝန်ကြီးဌာနများ      ၏ ဆောင်ရွက်ခဲ့မှုနှင့်စပ်လျဉ်းသည့် သတင်းစာရှင်းလင်းပွဲတွင် သတင်းမီဒီယာများ၏ မေးမြန်းမှုနှင့်စပ်လျဉ်းပြီး နိုင်ငံတော် အတိုင်ပင်ခံရုံးဝန်ကြီးဌာန ညွန်ကြားရေးမှူးချုပ် ဦးဇော်ဌေးက ထို့သို့ပြောကြားခဲ့ခြင်းဖြစ်သည်။
ICC နဲ့ပတ်သက်ပြီး နိုင်ငံတကာ စစ်ဘက်သဘော တူညီချက်နဲ့ ပတ်သက်လို့ ကုလသမဂ္ဂက မူချထားတာရှိတယ်၊ အဖွဲ့ဝင်နိုင်ငံတွေအပေါ် သက်ရောက်မှုရှိတယ်၊ နိုင်ငံတကာ စာချုပ် ဗီယင်နာကွန်ဗင်းရှင်းဆိုတာရှိတယ်၊ ဘာကိုဖော်ပြထား သလဲဆိုရင် နိုင်ငံတစ်နိုင်ငံက နိုင်ငံတကာ သဘောတူညီချက်   ၁၂ ခုကို   လိုက်နာဖို့ဆိုတာ ပထမလက်မှတ်ထိုးရတယ်။ အတည်ပြုတယ်၊ ပြီးမှအဖွဲ့ဝင်ဖြစ်တယ်၊  လက်မှတ်မထိုးတဲ့ နိုင်ငံတွေက အသက်ဝင်လားဆိုတော့ မဝင်ဘူး၊  ပွင့်ပွင့် လင်းလင်းပြောရရင် မြန်မာနိုင်ငံသည် ICC အဖွဲ့ဝင်အဖြစ် လက်မှတ်ထိုးမထားဘူး၊ အစဉ်အလာလည်း မရှိဘူး၊ ဥပမာ ဒုက္ခသည်တွေအများကြီး  ဘင်္ဂလားဒေ့ရှ်ကို  ရောက်သွား တဲ့အတွက် မြန်မာနိုင်ငံမှာ တာဝန်ရှိတယ်ဆိုရင် ကမ္ဘာမှာ  EU နိုင်ငံတွေ   ခွဲတမ်းချပြီးယူခဲ့ရတဲ့  ဆီးရီးယားပဋိပက္ခတွေရှိ    တယ်၊ ဆိုလိုတာက ICCအဖွဲ့ဝင်ဖြစ်တဲ့ အဲဒီနိုင်ငံတွေတောင် ဒီလိုကိစ္စတွေမှာ   အရေးယူမှု မရှိခဲ့ဘူး၊   မြန်မာနိုင်ငံနဲ့ ပတ်သက်လာရင်  လက်မခံဘူး''ဟု ညွှန်ကြားရေးမှူးချုပ် ဦးဇော်ဌေးက ပြောသည်။

ဆက်လက်၍၄င်းက ''နိုင်ငံတကာသဘောတူညီချက် သဘောတရားတွေအရ   ရှင်းရမယ်ဆိုရင်   မြန်မာနိုင်ငံက   ICC အဖွဲ့ဝင်မဟုတ်ဘူး၊ICCသည်  မြန်မာနိုင်ငံအပေါ် သက်ရောက်မှုမရှိဘူး၊ ဖြစ်လာတာက ဘာလဲဆိုတော့ မြန်မာ နိုင်ငံမှာ   ပြဿနာတွေဖြစ်ပြီး  ဘင်္ဂလားဒေ့ရှ်နိုင်ငံဘက် ရောက်သွားတယ်၊ ဘင်္ဂလားဒေ့ရှ်သည်ICCအဖွဲ့ဝင်နိုင်ငံ ဖြစ်တယ်၊ ဘင်္ဂလားဒေ့ရှ်နိုင်ငံရဲ့ Observation   ကို တောင်းတယ်၊    ဘင်္ဂလားဒေ့ရှ်နိုင်ငံရဲ့    သဘောထားက         မီဒီယာတွေမှာလည်း ထင်ဟပ်နေတယ်၊ သူကတော့ Observation  တင်မယ်၊ တင်ရင် ICCမှာ တရားသူကြီး ၃ယောက် ထိုင်မယ်။ အဲဒီကနေ ‘ဒီဟာသည် ICCကနေ စစ်ဆေးသင့်၊ မသင့်၊ လက်ခံလား မခံလား၊ လက်ခံတယ်ဆိုရင် ကော်မတီ တစ်ရပ်ဖွဲ့မယ်၊  ဒါကICC Process ပါ၊ ကမ္ဘာမှာICCကနေ အရေးယူတဲ့ နိုင်ငံတွေဖြစ်စဉ်ကို ကြည့်လိုက်ရင် နံပါတ်တစှ်ုဃဃ အဖွဲ့ဝင်မဟုတ်ရင် လုပ်လို့မရဘူး၊ လုပ်လို့မရတာကို လုပ်ရင် လက်မခံဘူး။

''နံပါတ်နှစ် ICC အဖွဲ့ဝင်မဟုတ်ဘူး၊ ‘ဒါပေမယ့် ဘင်္ဂလားဒေ့ရှ်နဲ့ ဆက်နွှယ်ပြီး လုပ်လာမယ်ဆိုရင် ကမ္ဘာပေါ်မှာ မရှိဘူးသော ဖြစ်စဉ် မြန်မာနိုင်ငံမှာ လာဖြစ်တာကို လက်မခံ ဘူး၊ သုံးအချက်က အစပိုင်းက တပ်မတော်ခေါင်းဆောင်တွေ ကို ပစ်မှတ်ထားတယ်၊ အခုအစိုးရခေါင်းဆောင်တွေလည်း ပါလာပြီဆိုတာကို   ပြောချင်တာ၊  ပြည်သူတွေကြားမှာ အများကြီးထွေပြားမှုရှိတယ်၊ ‘ဒါက ကျွန်တော်တို့နိုင်ငံရဲ့ အချုပ်အခြာအာဏာနဲ့ သက်ဆိုင်တယ်၊ နိုင်ငံတိုင်း  နိုင်ငံ တိုင်းဟာ  ကိုယ်ရဲ့အချုပ်အခြာအာဏာကို  ကိုယ်ပိုင်ပါတယ်၊ ဘယ်နိုင်ငံမှ စော်ကားလို့မရဘူး၊UN Charter မှာပါတယ်၊ သို့သော် အကြောင်းရင်းတွေကြောင့်ဖြစ်လာတဲ့ ဒီကိစ္စတွေက ဥပမာ  အကြမ်းဖက်အဖွဲ့အစည်းက တိုက်သွားတယ်၊ ပြည်သူ တွေ၊ မြိုတွေ၊ သက်တွေ၊ ရခိုင်တွေ သေတယ်၊ ထွက်ပြေးရတယ်၊ ဟိန္ဒူတွေ  အသတ်ခံရတယ်၊ တပ်မတော်အဖွဲ့အစည်းတွေ ဝင်လာပြီး  ကာကွယ်ရတယ်၊  တပ်မတော်အဖွဲ့အစည်းတွေ လုံခြုံရေးတပ်ဖွဲ့တွေမရှိရင်    အကုန်ဒုက္ခရောက်ပြီ၊   ဒီလို        အနေအထားမျိုးမှာ နိုင်ငံတိုင်းနိုင်ငံတိုင်းမှာ Right  of    De-fence  ဆိုတာရှိတယ်၊ ကိုယ့်ရဲ့ပြည်သူလူထု အကြမ်းဖက် သတ်ဖြတ်မှုခံရတယ်ဆိုရင် ကာကွယ်ရမှာပဲ''ဟု ပြောသည်။

သတင်း-မင်းသစ် (MNA)၊ ဓာတ်ပုံ-ကျော်ရဲဆွေ

No comments:

Post a Comment