Latest News

Wednesday, May 23, 2018

မြန်မာ့လက်ရွေးစင် ဘောလုံးအသင်း တရုတ်နှင့်ခြေစမ်းပွဲ အတွက် ကစားသမား ၂ဝ ဦး ခေါ်ဆောင်သွားမည်

မြန်မာ့လက်ရွေးစင် ဘောလုံးအသင်း တရုတ်နှင့်ခြေစမ်းပွဲ အတွက် ကစားသမား ၂ဝ ဦး ခေါ်ဆောင်သွားမည်

ရန်ကုန်   မေ   ၂၃

မြန်မာ့လက်ရွေးစင်ဘောလုံးအသင်းသည်  တရုတ်လက်ရွေးစင် ဘောလုံးအသင်းနှင့် ယှဉ်ပြိုင်ကစားမည့် ခြေစမ်းပွဲ အတွက် ကစားသမား ၂ဝ ဦး ခေါ်ဆောင်သွားမည်ဖြစ်သည်။ မြန်မာ့လက်ရွေးစင်ဘောလုံး အသင်းသည် မူလက ကစားသမား ၂၂ ဦးဖြင့်  ယှဉ်ပြိုင်ရန် စီစဉ်ထားသော်လည်း ကစားသမားနှစ်ဦးမှာ လေ့ကျင့်ရေးကွင်း၌ ဒဏ်ရာရခဲ့ သောကြောင့် ၂ဝ ဦးဖြင့်သာ ယှဉ်ပြိုင်ရန် ဆုံးဖြတ်ခဲ့ခြင်းဖြစ်သည်။

ခြေစမ်းပွဲယှဉ်ပြိုင်ကစားမည့် မြန်မာ့လက်ရွေးစင်ဘောလုံးအသင်းတွင်  အုပ်ချုပ်သူ- ဦးဘုန်းနိုင်ဇော်၊  နည်းပြချုပ်-အန်တွမ်နီဟေး၊ လက်ထောက်နည်းပြ-ဟာလက်၊ ဦးစိုးမြတ်မင်း၊ ဂိုးနည်းပြ-ကာဇတန်၊ အသင်းအတွင်းရေး မှူး- ဦးမိုးဝေအောင်၊ ဂိုး-ကျော်ဇင်ထက်(ရန်ကုန်)၊ ကျော်ဇင်ဖြိုး(မကွေး)၊ နောက်တန်း- ဇော်မင်းထွန်း၊ မင်းကျော်ခန့် (ရန်ကုန်)၊ ထိုက်ထိုက်အောင်၊ ဒေးဗစ်ဒန်း(ရှမ်း)၊ သိန်းသန်းဝင်း၊ ရဲရင့်အောင်(ရတနာပုံ)၊ စိုးမိုးကျော်(အား/ ကာ သိပ္ပံ)၊ အလယ်တန်း- လှိုင်းဘိုဘို၊ ရဲကိုဦး၊ မျိုးကိုထွန်း၊ စည်သူအောင်(ရတနာပုံ)၊ မောင်မောင်စိုး (မကွေး)၊ မောင် မောင်လွင်၊ ကျော်ဇင်ဦး (ရန်ကုန်)၊ ရန်နိုင်ဦး(ရှမ်း)၊ ရှေ့တန်း- အီစိုး(ရန်ကုန်)၊ ဒွေးကိုကိုချစ်(ရှမ်း)နှင့် အောင်မြင့် ထွန်း (မကွေး)တို့ပါဝင်ကြသည်။

တိုက် စစ်မှူး ဇင်မင်းထွန်းနှင့် ကွင်းလယ် ကစားသမား ဝေယံဦးသည် လေ့ကျင့်ရေး ကွင်း၌ ရရှိခဲ့သည့် ဒဏ်ရာကြောင့် လူစာရင်းမှ ချန်လှပ်ခံခဲ့ရခြင်း ဖြစ်သည်။ မြန်မာ့ လက်ရွေးစင်ဘောလုံး အသင်းသည် မေ ၂၄ ရက်(ယနေ့) နံနက် ၁ နာရီတွင် ရန်ကုန်မြို့မှ တရုတ်နိုင်ငံ  နန်ကျင်းမြို့ သို့ ထွက်ခွာသွားသည်။ တရုတ်လက်ရွေးစင် အသင်းနှင့် မြန်မာ့ လက်ရွေးစင် အသင်းသည် မေ ၂၆ရက် မြန်မာစံတော်ချိန် ည ၆ နာရီ ၅ မိနစ်တွင် ခြေစမ်းပွဲ ယှဉ်ပြိုင်ကစားမည်ဖြစ်ပြီး ၂ဝဝ၄ ခုနှစ်နောက်ပိုင်း တရုတ်နိုင်ငံ၌ ခြေစမ်းပွဲယှဉ် ပြိုင်ကစားခြင်း ဖြစ်သည်။

MWD

No comments:

Post a Comment