Latest News

Wednesday, May 23, 2018

တောင်ဥက္ကလာပတွင် အလှပြင်ဆိုင် အမည်ခံ၍ ရေချိုးခန်း၊ အနှိပ်ခန်းနှင့်ပြည့်တန်ဆာလုပ်ငန်း လုပ်ကိုင်သူများကို ဖော်ထုတ်ဖမ်းဆီးရမိ

တောင်ဥက္ကလာပတွင် အလှပြင်ဆိုင် အမည်ခံ၍ ရေချိုးခန်း၊ အနှိပ်ခန်းနှင့်ပြည့်တန်ဆာလုပ်ငန်း လုပ်ကိုင်သူများကို  ဖော်ထုတ်ဖမ်းဆီးရမိ

ရန်ကုန်   မေ  ၂၃

ရန်ကုန်တိုင်းဒေသကြီး တောင်ဥက္ကလာပ မြို့နယ် အမှတ် ၈ ရပ်ကွက် ဝေဇယ္တာ လမ်းတွင်  ဖွင့်လှစ်ထားသည့် Oriental Spa အမည်ဖြင့် အလှပြင်ဆိုင် အမည်ခံ၍ ရေချိုးခန်း၊ အနှိပ်ခန်းနှင့် ပြည့်တန်ဆာ လုပ်ငန်း လုပ်ကိုင်သူများကို ရန်ကုန်တိုင်း ဒေသကြီးရဲတပ်ဖွဲ့က ဖော်ထုတ်ဖမ်းဆီး ရမိခဲ့သည်။

မေ ၂၂ ရက် နံနက် ဝဝး၎ဝ တွင် တောင်ဥက္ကလာပမြို့နယ် ၈ ရပ်ကွက် ဝေဇယ္တာလမ်းတွင်  ဖွင့်လှစ်ထားသည့် Oriental Spa အမည်ဖြင့် အလှပြင်ဆိုင် အမည်ခံ၍ ရေချိုးခန်း၊ အနှိပ်ခန်းနှင့် ပြည့်တန်ဆာလုပ်ငန်း  လုပ်ကိုင်နေ ကြောင်း သတင်းရရှိသဖြင့်  ရန်ကုန်တိုင်း ဒေသကြီးရဲတပ်ဖွဲ့မှူးရုံးမှ မှုခင်းဖော်ထုတ် ရေးတပ်ဖွဲ့ဝင်များက သက်သေများနှင့် အတူ  ဝင်ရောက်စစ်ဆေးရာ  အခန်း အမှတ် ၈၃ဝ၆ တွင် တရုတ်နိုင်ငံ ကွမ်းတုံ မြို့ စမ်းကျားကျေးရွာနေ မလီထင် (၂၂ နှစ်)   အား   အမျိုးသားတစ်ဦးနှင့် ပြည့်တန်ဆာကိစ္စအလို့ငှာ ပျော်းပါနေ ကြောင်း တွေ့ရှိရသည်။

ဆက်လက်၍ ဆိုင်အတွင်းရှိ အခန်း များအား စစ်ဆေးရှာဖွေခဲ့ရာ မှန်အကြည် များကာရံထားသော ရေချိုးခန်းများနှင့် အခန်းအမှတ်  ၈၂ဝ၆  မှ  ၈၃၁၉  အထိ အခန်း (၁၈) ခန်းအတွင်းတွင် တရားမဝင် အနှိပ်ခန်းနှင့် ပြည့်တန်ဆာ လုပ်ငန်းတွင် အသုံးပြုသော အသုံးဆောင်များတွေ့ရှိပြီး ပြည့်တန်ဆာကိစ္စအလို့ငှာလုပ်ကိုင်ရန် စောင့်ဆိုင်းနေသော  တရုတ်နိုင်ငံသူ များဖြစ်သည့် မထောင်းလျန် (၁၈ နှစ်) ပါ ၁၆ ဦးတို့အား တွေ့ရှိခဲ့သည်။

အဆိုပါဆိုင်တွင်  ပြည့်တန်ဆာ လုပ်ငန်းအား စီမံကြီးကြပ်သူ ဆိုင်မန်နေ ဂျာ တရုတ်နိုင်ငံသား ဖုန်းအန်သင်း (၃၉ နှစ်) နှင့် ဆိုင်ဝန်ထမ်း ၁ဝ ဦးတို့အား လုပ်ငန်းလုပ်ကိုင်ရာမှ   ရရှိသည့်ငွေကျပ် ၃၄၅၂၃ဝ၅ဝ$၊ အမေရိကန်ဒေါ်လာ  ၆၄၆၉    ဒေါ်လာ၊ တရုတ်ယွမ်   ၁၁၇ဝဝ ယွမ် တို့နှင့်အတူ တွေ့ရှိဖမ်းဆီးရမိခဲ့သဖြင့် ဖုန်းအန်သင်းပါ ၁၁ ဦးနှင့် ပြည့်တန်ဆာ လုပ်ကိုင်သည့် တရုတ်နိုင်ငံသူ မလီထင် ပါ ၁၇ ဦးတို့ကို ဥပဒေအရ ထိရောက်စွာ အရေးယူ   ဆောင်ရွက်သွားမည်ဖြစ် ကြောင်း သတင်းရရှိသည်။ သတင်းစဉ်

No comments:

Post a Comment