Latest News

Wednesday, May 30, 2018

ဆိုင္ေဖာက္ခံရ၍ သူခိုးမ်ားလက္သို႔ ပါသြားေသာ ပစၥည္းမ်ားကို အဆင္႔ၿမင္႔နည္းပညာ GPS စနစ္ျဖင့္ ေျခရာခံၿပီး ၿပန္လည္ရရွိ

 
“ဆိုင္ေဖာက္ခံရ၍ GPS စနစ္ျဖင့္ ေျခရာခံၿပီး မိုးခိုရင္း လက္ဘက္ရည္ ေသာက္ေနေသာ သူခိုးမ်ားအား လိုက္လံဖမ္းဆီး၊ သူခိုးမ်ားထြက္ေျပး ပစၥည္းမ်ားသာျပန္ရ

30.5.2018

ကန္႔ဘလူၿမိဳ႕အမွတ္ (၃) ရပ္ကြက္ ကိုမင္းလိႈင္၊မျမင့္ျမင့္ေအး (ေရတမာကုန္စံုဆိုင္) အား ယေန႔မနက္ပိုင္း၌ဆိုင္ေဖာက္ခံရေၾကာင္း ကိုမင္းလိႈင္ ဇနီးမွဖုန္းဆက္အေၾကာင္းၾကားလာပါသည္။

ဆိုင္မွ စကူးဖီး (နက္ေ႐ႊ)တစ္စီး၊ေစ်းေရာင္းရေငြအခ်ိဳ႕ နွင့္ ဖုန္းကဒ္မ်ားပါသြားပါသည္၊ စကူးဖီးဆိုင္ကယ္အား ကိုမင္းလိႈင္မွ GPS တပ္ထားပါသျဖင့္ ဆုိင္ကယ္တည္ေနရာအား ရွာၾကည့္ေသာအခါ ကြၽန္းလွၿမိဳ႕ ျမတ္ေလးေ႐ႊျပည္ လက္ဘက္ရည္ဆိုင္၌ရပ္ထားသည္အားေတြ႕ရိွရသျဖင့္ ကြၽန္းလွၿမိဳ႕ NLD အဖြဲ႕မွကိုေက်ာ္ဇင္ဦး (ခရိုင္အမႈေဆာင္)အားအကူအညီေတာင္း၍သြားရွာဖို႔ ေျပာျပရာ ကိုေက်ာ္ဇင္ဦးနွင့္အဖြဲ႕မွအခ်ိန္မဆိုင္းဘဲ သြားေရာက္ရွာေဖြရာ ျမတ္ေလးေ႐ႊျပည္ လက္ဘက္ရည္ဆိုင္တြင္သူခိုးမ်ားမွ မိုးခိုရင္းလက္ဘက္ရည္မွာေသာက္ေန ခ်ိန္ဝင္ေရာက္စံုစမ္းရာ ထြက္ေျပးလြတ္ေျမာက္သြားခဲ့ပါသည္။

သို႔ေသာ္သူခိုးမ်ားထံမွဆိုင္ကယ္နွင့္အတူမွတ္ပံုတင္ လြယ္အိတ္မ်ားအားသိမ္းဆီးရမိခဲ့ပါသည္၊ အခုလိုကူညီေပးေသာ ကိုေက်ာ္ဇင္ ဦးနွင့္အဖြဲ႕ေက်းဇူးင္ပါသည္။
လင္းေမာင္ NLD။ ျပန္ၾကားေရးတာဝန္ခံ။ ကန္႔ဘလူၿမိဳ႕နယ္။ ျမင့္လြင္


#Unicode Version#
ဆိုင်ဖောက်ခံရ၍ သူခိုးများလက်သို့ ပါသွားသော ပစ္စည်းများကို အဆင့်မြင့် GPS စနစ်ဖြင့် ခြေရာခံပြီး ပြန်လည်ရရှိ

“ဆိုင်ဖောက်ခံရ၍ GPS စနစ်ဖြင့် ခြေရာခံပြီး မိုးခိုရင်း လက်ဘက်ရည် သောက်နေသော သူခိုးများအား လိုက်လံဖမ်းဆီး၊ သူခိုးများထွက်ပြေး ပစ္စည်းများသာပြန်ရ

30.5.2018

ကန့်ဘလူမြို့အမှတ် (၃) ရပ်ကွက် ကိုမင်းလှိုင်၊မမြင့်မြင့်အေး (ရေတမာကုန်စုံဆိုင်) အား ယနေ့မနက်ပိုင်း၌ဆိုင်ဖောက်ခံရကြောင်း ကိုမင်းလှိုင် ဇနီးမှဖုန်းဆက်အကြောင်းကြားလာပါသည်။

ဆိုင်မှ စကူးဖီး (နက်ရွှေ)တစ်စီး၊ဈေးရောင်းရငွေအချို့ နှင့် ဖုန်းကဒ်များပါသွားပါသည်၊ စကူးဖီးဆိုင်ကယ်အား ကိုမင်းလှိုင်မှ GPS တပ်ထားပါသဖြင့် ဆိုင်ကယ်တည်နေရာအား ရှာကြည့်သောအခါ ကျွန်းလှမြို့ မြတ်လေးရွှေပြည် လက်ဘက်ရည်ဆိုင်၌ရပ်ထားသည်အားတွေ့ရှိရသဖြင့် ကျွန်းလှမြို့ NLD အဖွဲ့မှကိုကျော်ဇင်ဦး (ခရိုင်အမှုဆောင်)အားအကူအညီတောင်း၍သွားရှာဖို့ ပြောပြရာ ကိုကျော်ဇင်ဦးနှင့်အဖွဲ့မှအချိန်မဆိုင်းဘဲ သွားရောက်ရှာဖွေရာ မြတ်လေးရွှေပြည် လက်ဘက်ရည်ဆိုင်တွင်သူခိုးများမှ မိုးခိုရင်းလက်ဘက်ရည်မှာသောက်နေ ချိန်ဝင်ရောက်စုံစမ်းရာ ထွက်ပြေးလွတ်မြောက်သွားခဲ့ပါသည်။

သို့သော်သူခိုးများထံမှဆိုင်ကယ်နှင့်အတူမှတ်ပုံတင် လွယ်အိတ်များအားသိမ်းဆီးရမိခဲ့ပါသည်၊ အခုလိုကူညီပေးသော ကိုကျော်ဇင် ဦးနှင့်အဖွဲ့ကျေးဇူးင်ပါသည်။

လင်းမောင် NLD။ ပြန်ကြားရေးတာဝန်ခံ။ ကန့်ဘလူမြို့နယ်။ မြင့်လွင်

No comments:

Post a Comment