Latest News

Wednesday, May 30, 2018

မိုးကုတ်မြို့ စိန်အင်းကျေးရွာတွင် ဖြစ်ပွားခဲ့သည့် လေးလောင်းပြိုင် လူသတ်မှုမှ ပြစ်မှုကျူးလွန်သူများအား ဖော်ထုတ်ဖမ်းဆီးအရေးယူထား



နေပြည်တော် မေ ၂၉

မန္တလေးတိုင်းဒေသကြီး မိုးကုတ်မြို့ စိန်အင်းကျေးရွာနေ မောင်ရန်စီးတက် (ခ)အားတေ့(၃၇ နှစ်)သည် မေ ၁၇ ရက် နံနက် ၈ နာရီကျော်ခန့်တွင် စိန်အင်းကျေးရွာနေအိမ်မှ မိဘညီအစ်ကိုမောင်နှမများနေထိုင်ရာ စိန်အင်းကျေးရွာ၏ အရှေ့ဘက် ၁၀ မိုင်ခန့် ဝေးကွာသော တောင်ယာ/ခြံထဲသို့ သွားရောက်ခဲ့ရာ ခြံတဲအတွင်းရှိ အိပ်စင်ပေါ်၌ ဖခင်ဖြစ်သူ ဦးရန်တား၊ မိခင်ဒေါ်စံလူမီး၊ ညီဖြစ်သူ မောင်အလေးနှင့် ညီမ မအာဝူမီးတို့တွင် ပြတ်ရှဒဏ်ရာများဖြင့် သေဆုံးနေသည်ကိုတွေ့ရှိရ၍ ကျူးလွန်သူများကို စုံစမ်းဖော်ထုတ် အရေးယူပေးရန် တိုင်တန်းချက်အရ ကျပ်ကျပ်ပြင်နယ်မြေရဲစခန်းက (ပ) ၅၁/ ၂၀၁၈၊ရာဇသတ်ကြီး ပုဒ်မ၃၀၂ ဖြင့် အမှုဖွင့်စစ်ဆေးခဲ့သည်။

ပြစ်မှုကျူးလွန်သူများအား ဖမ်းဆီးရမိရေးအတွက် ရဲတပ်ဖွဲ့ဝင်များက လိုက်လံစုံစမ်းဆောင်ရွက်ခဲ့နေစဉ် အမှုမှမသင်္ကာသူ အောင်ဗဒါန်းကျေးရွာနေ အောင်ဘန်း(ခ) ဘရန်လတ် (၂၈နှစ်) အား ဖမ်းဆီးစစ် ဆေးခဲ့ရာ မေ ၁၆ ရက် ည ၈ နာရီက တစ်ရွာတည်းနေ ဦးမာလွန်၏ မင်္ဂလာဆောင် နေအိမ်မှ ပြန်လာစဉ် ရေကော်မတီအဖွဲ့ဝင်များ ဖြစ်သည့် အောင်ဗဒါန်းကျေးရွာနေ ဦးဒွဲလှ(၅၇ နှစ်)၊ တစ်ရွာတည်းနေ ဇော်လတ် (၃၃နှစ်)၊ ဦးလရိန်၊ ဦးဘရန်နူး(ခ)ယောဟန် (၃၄နှစ်)တို့အား ကားလမ်းဘေးရှိ ညောင်ပင်အောက်တွင် တွေ့ရှိရပြီး ဦးဒွဲလှက ဆိုင်ကယ်ကိုတားပြီး ဦးရန်တား တောင်ယာတဲသို့သွား၍ တောင်ယာဆက်မခုတ်ရန် တားမြစ် မည်ဖြစ်ကြောင်း၊ ဦးဒွဲလှ၏ သံပရာခြံမှာ ရေဦးဘက်တွင် ရောက်နေ၍ ဆက်လက်မခုတ်ရန်၊ မီးမရှို့ရန် တားမြစ်မည် ဖြစ်ကြောင်း၊ ၎င်းမှာ ရေကော်မတီဝင်တစ်ဦးဖြစ်နေ၍ လိုက်ခဲ့ ရန်ပြောဆိုခဲ့ကြောင်း။


 ထို့နောက် သမီးဖြစ်သူအား နေအိမ်တွင် သိပ်ထားပြီး လေးခွတစ်လက်ယူဆောင်၍ ဒေါ်ဒွဲလှနှင့်တွေ့ ဆုံခဲ့သည့် ညောင်ပင်ကြီးအောက်သို့ သွားရောက်ရာ ဦးဒွဲလှ၊ ဘရန်နူး(ခ)ယောဟန်၊ ဇော်လတ်(ခ) ဇကေး(၃၀နှစ်)၊ ဇော်လတ်(ရွာဆော်)၊ နော်အောင် (၄၁နှစ်)၊ ဦးလွမ်းဇယ်၊ ဦးလရိန်တို့ရောက်ရှိနေပြီး လက်ထဲတွင် လေးခွ၊ ဓားမ၊ ဓားဦးချွန်၊ ဓားမြှောင်များ ကိုင်ဆောင်ထားသည်ကို တွေ့ရှိရ ကြောင်း။

 ၎င်းတို့မှာ ဦးရန်တား တောင်ယာတဲသို့ ထွက်လာ ခဲ့ပြီး နံနက် ၅ နာရီခန့်တွင် ရောက်ရှိခဲ့စဉ် ဦးရန်တားတို့ မိသားစုမှာ အိပ်ပျော်နေကြောင်း၊ ဦးဒွဲလှ၊ ဘရန်နူး (ခ) ယောဟန်၊ ဇော်လတ် (ရွာဆော်)၊ ဦးလွမ်းဇယ် ၊ ဦးနော်အောင်၊ ဦးလရိန်တို့ တဲအတွင်းသို့ ဝင်ရောက်သွားပြီး ဦးရန်တားနှင့် စကားများရန်ဖြစ်ခဲ့ကြောင်း၊ ဦးဒွဲလှက ဦးရန်တားအား ဓားဖြင့်ခုတ်ခဲ့ကြောင်း၊ ဘရန်နူး(ခ)ယောဟန်၊ ဇော်လတ် (ရွာဆော်)၊ ဦးလွမ်း ဇယ်၊ ဦးနော်အောင်၊ ဦးလရိန်တို့က ဒေါ်စံလူမီး၊ မောင်အလေး၊ မအာဝူမီး တို့အား အသင့်ယူဆောင် လာသည့် ဓားများဖြင့် ခုတ်ခဲ့ကြောင်း၊ စစ်ဆေး ဖော်ထုတ်နိုင်ခဲ့ သောကြောင့် လိုက်လံဖမ်းဆီးခဲ့ရာ ဦးဒွဲလှ၊ ဇော်လတ်၊ အောင်ဘန်း(ခ)ဘရန်လတ်၊ ဘရန်နူး(ခ) ယောဟန်၊ ဇော်လတ် (ခ)ဇကေးနှင့် နော်အောင်တို့ အား ဖမ်းဆီးရမိ၍ အမှုဖြင့် စစ်ဆေးလျက်ရှိကြောင်းနှင့် ပြစ်မှုကျူးလွန်သူများအား ဖမ်းဆီးရမိရေး ဆောင်ရွက်လျက် ရှိကြောင်း သတင်းရရှိသည်။

MOI Webportal Myanmar
https://www.facebook.com/MOIWebportalMyanmar/

No comments:

Post a Comment