Latest News

Tuesday, May 22, 2018

မုံရွာမြို့ အဓိက နေရာကြီး ၁၂ နေရာတွင် CCTV ကင်မရာများ တပ်ဆင်

မုံရွာမြို့    အဓိက နေရာကြီး ၁၂ နေရာတွင်   CCTV  ကင်မရာများ  တပ်ဆင်

မုံရွာ မေ ၂၂

ယာဉ်စည်းကမ်း၊   လမ်းစည်းကမ်းနှင့် မြို့လုံခြုံရေးဆိုင်ရာများကို အထောက်အကူဖြစ်စေရန် မုံရွာမြို့မီးပွိုင့်များအပါအဝင် အဓိကနေရာကြီး ၁၂ နေရာတွင် CCTV ပုံရိပ်ဖမ်းကင်မရာ ၄၈ လုံးတပ်ဆင်
မှုလုပ်ငန်းများ စတင်နေပြီဖြစ်သည်။

မုံရွာမြို့တွင်းရှိ တမာတန်းမီးပွိုင့်၊ မြို့လယ်မီးပွိုင့်၊ မြို့ပတ်လမ်းမီးပွိုင့်၊ ကျောက်ကာလမ်းမီးပွိုင့်၊   သာစည်လမ်းမီးပွိုင့်နှင့် ရန်ကင်းမီးပွိုင့်အပါအဝင် ဗိုလ်ချုပ်ကြေးရုပ်အဝိုင်း နာရီစင် ညောင်တစ်ပင်
လမ်းနှင့်အတူ အဝိုင်းကြီးများဖြစ်သည့်ကျောက်ကာလမ်းဆွမ်းအုပ်အဝိုင်း၊ အောင်မင်္ဂလာအဝိုင်း၊ ဘိုးဘွားရိပ်သာအဝိုင်းစသည့် နေရာ ၁၂ နေရာတွင် တစ်နေရာလျှင်  CCTV  ကင်မရာ လေးလုံးစီကို တပ်ဆင်သွားမည်ဖြစ်ကြောင်း သိရသည်။

''အဓိကကျတဲ့ ပွိုင့်ခုနစ်ပွိုင့်ကို အရင် တပ်ဆင်သွားဖို့ စီစဉ်ထားပါတယ်။ အခုဦးဆုံးက ဗိုလ်ချုပ်ကြေးရုပ်အဝိုင်းမှာတပ်နေပါပြီ။ ပြီးရင်ကျောက်ကာလမ်းမီးပွိုင့်မှာတပ်မှာပါ။ စောင့်ကြည့်တဲ့ ကွန်ထရိုးခန်း
ကိုတော့ မုံရွာမြို့မရဲစခန်းထဲမှာ ထားပြီးအမြဲစောင့်ကြည့်သွားမှာပါ။

အဓိက ကတော့ မှုခင်းဖြစ်စဉ်တွေကို ခြေရာခံလိုက် နိုင်အောင်ရယ်၊ မကြာခဏဖြစ်နေတဲ့လုယက်မှုဖြစ်စဉ်တွေကို ထိန်းချုပ်နိုင် ဖို့အပြင်   နေ့စဉ်လိုဖြစ်နေတဲ့  ယာဉ်တိုက်မှုနဲ့ ယာဉ်လမ်းစည်းကမ်းဖောက်တာတွေ စောင့်ကြည့်ထိန်းချုပ်နိုင်အောင် CCTV ကင်မရာတွေကို တိုင်းဒေသကြီးအစိုးရအစီအမံနဲ့ တပ်ဆင်နေတာပါ'' ဟု မုံရွာခရိုင်ရဲတပ်ဖွဲ့မှူး ဒုတိယရဲမှူးကြီးသန်းဝင်းက ပြောကြားသည်။

မုံရွာမြို့၏  အဝေးပြေး လမ်းမကြီးအဖြစ် မြို့လယ်မှ ဖောက်လုပ်ထားသော ပြည်ထောင်စုလမ်းနှင့် ကျောက်ကာလမ်းတို့မှ ခိုးဝင်သယ်ဆောင်လာသော တရားမဝင်ပစ္စည်းများကိုခြေရာခံဖမ်းဆီးနိုင်
ရန်၊ မဝင်ရသတ်မှတ်ထားသော ကားကြီးများခိုးဝင်လာနေမှုများကို ဖမ်းဆီးနိုင်ရန်စသည့် မှုခင်းဖြစ်စဉ်များကို စောင့်ကြည့်သွားနိုင်ရန် ဃဃွှဠများကို စတင်တပ်ဆင် အကောင်အထည်ဖော်ခြင်းဖြစ်ကြောင်း သိရသည်။

''အခုလောလောဆယ်   ဗိုလ်ချုပ် ကြေးရုပ်မှာ  လေးလုံး၊  ဒုတိယပွိုင့်က ပြည်ထောင်စုလမ်းနဲ့ ကျောက်ကာလမ်းဆုံမီးပွိုင့်မှာ      လေးလုံးတပ်သွားမှာပါ။ လျာထားတာကတော့ ၁၂ နေရာမှာ ၄၈ လုံးတပ်ဖို့ လျာထားထားပါတယ်။ တိုင်းဒေသကြီး အစိုးရအစီအစဉ်နဲ့ တပ်ဆင်နေတာပါ။ အရင်က မုံရွာလမ်းတွေမှာ CCTV တပ်တာမရှိပါဘူး။ ဒါပထမဆုံး တပ်တာပါ။ စစ်ကိုင်းတိုင်းဒေသကြီးမှာ အများနဲ့သက်ဆိုင်တဲ့နေရာ  CCTV  တပ်ဖူးတာကတော့ စစ်ကိုင်းတံတားမှာ တပ်ဖူးပါတယ်။ ယာဉ်စည်းကမ်း၊ လမ်းစည်းကမ်းနဲ့ ညပိုင်းမှာ ဖြစ်ပွားလေ့ရှိတဲ့ မှုခင်းကျဆင်းရေးအတွက် အဓိကထားတပ်တာလို့ သိရပါ တယ်။ ကျောက်ကာလမ်းတစ်လျှောက်မှာ တပ်တာကတော့ ညအချိန်ခိုးဝင်တဲ့ ကားတွေ၊ မဝင်ရတဲ့ကားတွေ ဝင်လာတာသိရအောင်လို့ တပ်တာလို့ဆိုပါတယ်။ တပ်တဲ့ကင်မရာတိုင်းက နက်ဝပ်ကင်မရာတွေပါ။ဆက်သွယ်ရေးလမ်းကြောင်းက ဖိုက်ဘာဆက်ကြောင်းနဲ့သွားပြီး မုံရွာမြို့မ ရဲစခန်းကနေ ထိန်းချုပ်စစ်ဆေးမှာပါ။ နောက်ပိုင်းတပ်ပြီးရင် ကွန်ထရိုးခန်းမှာ တာဝန်ယူမယ့်သူကို လိုအပ်တဲ့နည်းပညာတွေ  သင်ပေးမှာပါ'' ဟုITC Network  & CCTV  တာဝန်ရှိသူ ကိုသန်းမင်းဦးက ပြောသည်။                

မျိုးဝင်းထွန်း(မုံရွာ)​ကြေးမှုံ

No comments:

Post a Comment