စပိန်နိုင်ငံလက်ရွေးစင်အသင်းသည် ရုရှားနိုင်ငံတွင် ကျင်းပမည့် ၂ဝ၁၈ ကမ္ဘာ့ဖလားပြိုင်ပွဲအတွက် ကစားသမား ၂၃ ဦး ရွေးချယ်ပြီးစီးမှုစာရင်းကို ကြေညာလိုက်ပြီဖြစ်ရာ အဆိုပါနောက်ဆုံးစာရင်းတွင် ချယ်လ်ဆီးတိုက်စစ်မှူး မိုရက်တာ ပါဝင်လာခဲ့ခြင်းမရှိခဲ့ပေ။
အခြားသော ပရီမီယာလိဂ်ကြယ်ပွင့်ကစားသမား များဖြစ်ကြသည့် ဒေးဗစ်ဒီဂီယာ၊ ဒေးဗစ်ဆေးလ်ဗား၊ အက်ပီလီကူတာ၊ နာချိုမွန်ရီးယဲလ်တို့သည် ဘာစီလိုနာ အသင်းနှင့် လမ်းခွဲတော့မည့် ကွင်းလယ်ကစားသမား အင်နီယေစတာနှင့်အတူ စပိန်လက်ရွေးစင်အသင်းတွင် ပါဝင်လာခဲ့ကြောင်း သိရသည်။
ထို့အပြင် စပိန်လက်ရွေးစင်အသင်းတွင် ဂျရတ် ပီကေး၊ ဆာဂျီယိုရာမို့စ်၊ ဂျော်ဒီအယ်လ်ဘာ၊ ဆာဂျီယိုဘတ် စကွက် စသည့်ကစားသမားများလည်း ပါဝင်လာခဲ့သည်။ ရီးယဲလ်မက်ဒရစ်အသင်းမှ ချယ်လ်ဆီးအသင်းသို့ ပြောင်းရွှေ့သွားခဲ့ပြီးနောက်ပိုင်း ပုံမှန်ခြေစွမ်းပျောက်ဆုံးနေ ခဲ့ခြင်းကြောင့် မိုရက်တာကို ရွေးချယ်ခဲ့ခြင်း မရှိကြောင်း လည်း သိရသည်။
ယင်းသို့ မိုရက်တာကို ရွေးချယ်ခဲ့ခြင်းမရှိခဲ့သည့် အပြင် စပိန်လက်ရွေးစင်အသင်း၏ တိုက်စစ်ပိုင်းတွင် လီဗာပူးကစားသမားဟောင်း လာဂိုအက်စပက်နှင့် ဗလင် စီယာကစားသမား မိုရီနိုတို့ကို တိုက်စစ်မှူး ဒီယေဂို ကော်စတာနှင့် တွဲဖက်ကစားနိုင်ရန် ရွေးချယ်ခဲ့သည်။
စပိန်လက်ရွေးစင်အသင်းတွင် မိုရက်တာအပါအဝင် မိုရက်တာနှင့် ချယ်လ်ဆီးကစားဖော် မားကို့စ်အလွန်ဆို၊ အာဆင်နယ်ကစားသမား ဘယ်လာရင်၊ အက်သလက်တီကို မက်ဒရစ် ကွင်းလယ်ကစားသမား ဗီတိုလိုတို့ကိုလည်း ရွေးချယ်ခဲ့ခြင်းမရှိခဲ့ပေ။
ချယ်လ်ဆီးကွင်းလယ်ကစားသမား ဖာဘရီဂတ်စ်မှာ လွန်ခဲ့သည့်တစ်နှစ်ကတည်းက လက်ရွေးစင်အသင်းမှ အနားယူခဲ့သူဖြစ်ပြီး ရီးယဲလ်မက်ဒရစ်ကစားသမား ကာဗာဂျယ်၊ နာချိုတို့သည် ၄င်းတို့၏ ကစားဖော်များ ဖြစ်ကြသည့် အဆန်စီယို၊ အစ္စကို၊ လူကတ်ဗက်စကွက်ဇ် တို့နှင့်အတူ စပိန်လက်ရွေးစင်အသင်းတွင် ပါဝင်လာ ခဲ့သည်။
စပိန်လက်ရွေးစင်အသင်းအတွက် ရီးယဲလ်မက်ဒရစ် အသင်းမှ ကစားသမားခြောက်ဦးအထိ ရွေးချယ်ခဲ့ပြီး ဘာစီလိုနာအသင်းမှ လေးဦး ရွေးချယ်ခဲ့သည်။ စပိန် လက်ရွေးစင်အသင်းအတွက် ရွေးချယ်ထားသည့် ကစား သမား ၂၃ ဦးစာရင်းမှာ ဂိုး-အရီဇာဘာလာဂါ၊ ဒီဂီယာ၊ ပီပီရေနာ၊ နောက်တန်း-ကာဗာဂျယ်၊ အိုဒရီယိုဇိုလာ၊ ရာမို့စ်၊ ဂျော်ဒီအယ်လ်ဘာ၊ ပီကေး၊ နာချို၊ နာချိုမွန်ရီးယဲလ်၊ အက်ပီလီကူတာ၊ ကွင်းလယ်-ဘတ်စကွက်၊ ဆောနီဂတ်ဇ်၊ ကိုကီ၊ သီယာဂိုအယ်လ်ကန်တာရာ၊ အင်နီယေစတာ၊ ဆေးလ်ဗား၊ အစ္စကို၊ အဆန်စီယို၊ လူးကက်ဗက်စကွက်၊ ရှေ့တန်း-လာဂိုအက်စပက်၊ မိုရီနို၊ ဒီယေဂိုကော်စတာတို့ ဖြစ်ကြသည်။
ငွေကြယ်(ကြေးမှုံ)
No comments:
Post a Comment