ထားဝယ် မေ ၂၂
တနင်္သာရီတိုင်းဒေသကြီး ထားဝယ်ခရိုင် သရက်ချောင်း မြို့နယ် ကနက်သီရိကျေးရွာ ဘော်ကုန်းရပ်ရှိ နေအိမ် စာကျက်ဝိုင်းတွင် မေ ၂ဝ ရက် ည ၁၁ နာရီ ခွဲခန့်တွင် ကျောင်းသူများ ကြမ်းပိုးဆေးအနံ့ ရှူရှိုက်မိ၍ အသက် ရှူကျပ်ဝေဒနာခံစားနေရသဖြင့် ရငဲကျေးရွာ ရငဲတိုက်နယ် ဆေးရုံမှ ထားဝယ်ဆေးရုံသို့ တင်ပို့ခဲ့ကြောင်း သိရသည်။
ဖြစ်စဉ်တွင် ထိုနေအိမ်၌ (၁ဝ)တန်းကျောင်းသူ ၁၈ ဦး၊ ကိုးတန်းကျောင်းသူ ၁၅ ဦးတို့နှင့် စာကျက်ဝိုင်းဖွင့်ထား ကြောင်း သိရပြီး မေ ၂ဝ ရက် နံနက် ၁ဝ နာရီခန့်တွင် နေအိမ်အပေါ်ထပ်တွင် ကြမ်းပိုးဆေးများ ဖျန်းထားခဲ့ ကြောင်း ည ၈ နာရီခန့်တွင် ကျောင်းသူ များက နေအိမ် အပေါ်ထပ်တွင် စာကျက်နေစဉ် ကျောင်းသူ ၁၉ ဦးတို့မှာ အသက်ရှူကျပ်ဝေဒနာခံစားနေရသဖြင့် ရငဲကျေးရွာ ရငဲ တိုက်နယ်ဆေးရုံမှ ထားဝယ်ဆေးရုံသို့ တင်ပို့ကုသရာ ဆရာမတစ်ဦးနှင့် ကျောင်းသူသုံးဦးမှာ ရငဲတိုက်နယ်ဆေးရုံ တွင် ဆေးကုသမှုခံယူပြီး ကျောင်းသူ ၁၅ ဦးမှာ ည ၁၁ နာရီခွဲခန့်တွင် ထားဝယ်ဆေးရုံသို့ တင်ပို့ဆေးကုသမှုခံယူလျက်ရှိကြောင်း သိရသည်။
ထို့နောက် ရငဲတိုက်နယ်ဆေးရုံတွင် ဆရာမတစ်ဦး နှင့် ကျောင်းသူသုံးဦးတို့သည် ကျန်းမာရေး ပြန်လည် ကောင်းမွန်လာ၍ မေ ၂၁ ရက် နံနက် ၁၁ နာရီခန့်တွင် ဆေးရုံမှဆင်းခွင့်ပြုခဲ့ကြောင်း သိရပြီး ထားဝယ်ဆေးရုံ၌ ကျောင်းသူ ၁၅ ဦးမှာ ကျန်းမာရေးကောင်းလာပြီ ဖြစ်သော်လည်း ဆက်လက်စောင့်ကြည့်ရမည်ဖြစ် ကြောင်း သိရသည်။
ခရိုင်(ပြန်/ဆက်)
No comments:
Post a Comment