စစ်ကိုင်းတိုင်းအတွင်းမြို့နယ် ၁၈မြို့နယ်တွင် လေပြင်းတိုက်၊ ကနီမြို့နယ် တွင် အိမ်ခြေ ၁၀၀ ကျော်ပျက်စီး၍ စေတီသုးံဆူ ထီးတော်မြေခ
စစ်ကိုင်းတိုင်းတိုင်းဒေသကြီး အတွင်းမြို့နယ် ၁၈ မြို့နယ်တွင် မေလ ၉ ရက်နေ့ ညနေ ၅ နာရီပတ်ဝန်းကျင်က လေပြင်း တိုက်ခတ်မှု တစ်ပြိုင်နက်ဖြစ်ပွားခဲ့ပြီး ချင်းတွင်းမြစ် အနောက်ဖက်ကမ်း ယင်းမာပင်ခရိုင် ကနီမြို့နယ်တွင် ပျက်စီးဆုးံရှုးံမှု အများဆုးံဖြစ်ခဲ့ကြောင်း တိုင်းဒေသကြီးအစိုးရ အဖွဲ့ရုးံမှ သတင်းရရှိသည်။
ကနီမြို့နယ် တွင် ကင်းရွာ၊မိချောင်းတွင်းရွာ၊ရေသာရွာသစ်၊နံစုရွာ၊အထက်ကင်းရွာ၊ကုန်းသာရွာ၊ကဲတောင်ရွာတို့တွင် လူနေအိမ် ၁၂၃ လုးံအမိုးလန်ခြင်း၊ ဌာနဆိုင်ရာအဆောက်ဦ ၃လုးံ၊စာသင်ကျောင်း ၁ကျောင်း ၊အခြားအဆောက်အဦ ၅ခု၊သာသနိက အဆောက်အဦ ၅ ခုတို့ ပျက်စီးခဲ့သည်။ ၄င်းတို့ထဲတွင် အဆိုးရွားဆုးံမှာ ကင်းကျေးရွာဖြစ်ပြီး အိမ်၈၂လုးံ လုးံဝပြိုကျခြင်း၊ကျေးရွာတွင်း စေတီသုးံဆူမှာ ထီးတော်မြေခခြင်း၊ပိန္နဲတိုင်ပျက်ကျခြင်းများ ဖြစ်ပေါ်ခဲ့ကြောင်း ကနီမြို့နယ် အုပ်ချုပ်ရေးမှူးရုးံစာရင်းများ အရသိရသည်။
"အစိုးရအဖွဲ့ဝန်ကြီးနှစ်ပါးလည်း ပြန်လည် ထူထောင်ရေးအတွက် ကွင်းဆင်းကြည့်ပြီးမှာခဲ့ပါပြီ၊တစ်ချို့ပျက်စီးတဲ့စာရင်းတွေ ခုထိ လာပေးတုန်းပါ၊သွားကြည့်ပြီးအမှန်တကယ်ပျက်စီးရင် ထောက်ပံ့ပေးဖို့ပါ "ဟု ကနီမြို့နယ် အုပ်ချုပ်ရေးမှူး ဦးသိုက်စိုးထွန်း ကပြောသည်။
တစ်ညနေခင်းတွင် တပြိုင်နက် လေပြင်း ဒဏ်ကို မုံရွာ၊ဘုတလင်၊စစ်ကိုင်း၊ရွှေဘို၊ဒီပဲယင်း၊ရေဦး၊တန့်ဆည်၊ခင်ဦး၊ကန့်ဘလူ၊မင်းကင်း၊ကလေး၊တမူး၊ဖောင်းပြင်၊မော်လိုက်၊ကသာ၊ကောလင်း၊၊ယင်းမာပင်၊ကနီမြို့နယ်တို့တွင်လည်း ခံစားခဲ့ရပြီး
လမ်းဘေး သစ်ပင်များ လဲပြိုခြင်း၊ကားလမ်းများပိတ်ဆို့ခြင်းများဖြစ်ပေါ်ခဲ့ကြောင်း သိရသည်။
လေပြင်းဒဏ်ခံရသော ကနီမြို့နယ် ကင်းရွာသို့ စစ်ကိုင်းတိုင်းအစိုးရအဖွဲ့ဝင် စိုက်ပျိုးရေးမွေးမြူရေးနှင့်ဆည်မြောင်းဝန်ကြီး ဦးကမ်ဇာမုံ ၊ချင်းတိုင်းရင်းသားရေးရာဝန်ကြီး ဦးလာလ်ထောင်ထန်းတို့ သွားရောက် စစ်ဆေးခဲ့ကြသည်။
ကနီမြို့နယ်သည် ယမန်နှစ် ၂၀၁၇ ကတည်း လေပြင်းဒဏ် လေးကြိမ်ထိခံစားခဲ့ရပြီး အိမ်ခြေ ထောင်ချီပျက်စီးကာ လူနှစ်ဦးသေဆုးံခဲ့ကြောင်း တိုင်းဒေသကြီးဘေးအန္တရာယ်စီမံခန့်ခွဲမှုဦးစီးဌာန မှတ်တမ်းများအရ သိရသည်။
စစ်ကိုင်းတိုင်းတွင် ယခုနှစ်၂၀၁၈ ဇန်န၀ါရီမှ မေလ ၈ ရက်နေ့အထိ လေဘေး ၃၇ ကြိမ် ကျရောက်ကာ အိမ်ခြေ နှစ်ထောင်ကျော်ပျက်စီး၍ လူ ၃ ဦးသေဆုးံခဲ့ကြောင်း လူကယ်ပြန် ရုးံမှတ်တမ်းများတွင်ဖော်ပြထားသည်။
ကိုသစ္စာ-မုံရွာ
Sunday, May 13, 2018
စစ်ကိုင်းတိုင်းအတွင်းမြို့နယ် ၁၈မြို့နယ်တွင် လေပြင်းတိုက်၊ ကနီမြို့နယ် တွင် အိမ်ခြေ ၁၀၀ ကျော်ပျက်စီး၍ စေတီသုးံဆူ ထီးတော်မြေခ
စစ်ကိုင်းတိုင်းအတွင်းမြို့နယ် ၁၈မြို့နယ်တွင် လေပြင်းတိုက်၊ ကနီမြို့နယ် တွင် အိမ်ခြေ ၁၀၀ ကျော်ပျက်စီး၍ စေတီသုးံဆူ ထီးတော်မြေခ
Reviewed by Ar Ti
on
12:20 PM
Rating: 5

Subscribe to:
Post Comments (Atom)
No comments:
Post a Comment