Latest News

Wednesday, May 16, 2018

တပ်မတော်သား တိုင်းဒေသကြီးလွှတ်တော် သို့မဟုတ် ပြည်နယ်လွှတ်တော် ကိုယ်စားလှယ် ၂၇ ဦး အစားထိုးပြောင်းလဲ

တပ်မတော်သား တိုင်းဒေသကြီးလွှတ်တော် သို့မဟုတ် ပြည်နယ်လွှတ်တော် ကိုယ်စားလှယ် ၂၇ ဦး အစားထိုးပြောင်းလဲ


ပြည်ထောင်စုသမ္မတ မြန်မာနိုင်ငံတော် ပြည်ထောင်စု ရွေးကောက်ပွဲ ကော်မရှင် ကြေညာချက်အမှတ် (၆၃/၂ဝ၁၈) ၁၃၈ဝ ပြည့်နှစ်၊ နယုန်လဆန်း ၁ ရက် (၂ဝ၁၈ ခုနှစ်၊ မေလ ၁၅ ရက်) တပ်မတော်သား တိုင်းဒေသကြီး လွှတ်တော် သို့မဟုတ် ပြည်နယ်လွှတ်တော် ကိုယ်စားလှယ် ၂၇ ဦး အစားထိုး ပြောင်းလဲခြင်း

၂ဝ၁၅ ခုနှစ်၊ နိုဝင်ဘာလ ၈ ရက်နေ့တွင် ကျင်းပခဲ့သည့် ဒုတိယအကြိမ် ပါတီစုံဒီမိုကရေစီ အထွေထွေ ရွေးကောက်ပွဲတွင် တပ်မတော် ကာကွယ်ရေး ဦးစီးချုပ်က အမည်စာရင်း တင်သွင်းထားသော တပ်မတော်သား တိုင်းဒေသကြီး လွှတ်တော် သို့မဟုတ် ပြည်နယ်လွှတ်တော် ကိုယ်စားလှယ် ၂၇ ဦးကို အမည်စာရင်း ပြောင်းလဲလိုကြောင်း တိုင်းဒေသကြီး လွှတ်တော် သို့မဟုတ် ပြည်နယ်လွှတ်တော် ရွေးကောက်ပွဲ ဥပဒေပုဒ်မ ၃၃ နှင့်အညီ အကြောင်းကြားချက်အရ ပြည်ထောင်စု ရွေးကောက်ပွဲ ကော်မရှင်က စိစစ်ပြီး

၁၈.၁.၂ဝ၁၆ ရက်စွဲပါ ကော်မရှင်၏ ကြေညာချက်အမှတ် (၃/၂ဝ၁၆)၊ ၁၄.၁၁.၂ဝ၁၆ ရက်စွဲပါ ကော်မရှင်၏ ကြေညာချက်အမှတ် (၂၈/၂ဝ၁၆)၊ ၁၆.၅.၂ဝ၁၇ ရက်စွဲပါ ကော်မရှင်၏ ကြေညာချက်အမှတ် (၁ဝ/၂ဝ၁၇)နှင့် ၃ဝ.၁ဝ.၂ဝ၁၇ ရက်စွဲပါ ကော်မရှင်၏ ကြေညာချက် အမှတ်(၂၆/၂ဝ၁၇)တွင် ဖော်ပြထားသည့် အောက်ဖော်ပြပါ တပ်မတော်သား တိုင်းဒေသကြီး လွှတ်တော် သို့မဟုတ် ပြည်နယ်လွှတ်တော် ကိုယ်စားလှယ် ၂၇ ဦးတို့အား ယှဉ်တွဲပါအတိုင်း အစားထိုး ပြောင်းလဲလိုက်သည်

MWD

No comments:

Post a Comment