Latest News

Thursday, May 3, 2018

ပန်းထိမ်မှ ရွှေထည်များ ယူဆောင်ထွက်ပြေးသူများကို ဖမ်းဆီး

ပန်းထိမ်မှ ရွှေထည်များ ယူဆောင်ထွက်ပြေးသူများကို ဖမ်းဆီး

ကြို့ပင်ကောက်    မေ    ၃

ပဲခူးတိုင်းဒေသကြီး သာယာဝတီခရိုင် ကြို့ပင်ကောက်မြို့နယ် ဈေးချိုတောင်ရပ်ကွက် ကသည်းတန်းလမ်းရှိ ဦးမိုးကျော် နေအိမ် ပန်းထိမ်လုပ်ငန်းတွင် စက်ဖြတ်လုပ်ငန်း   လုပ်ကိုင်ရန် ခေါ်ယူစေခိုင်းထားသူနှစ်ဦးမှာ မတ် ၁၉ ရက်က စက်ဖြတ်ရန် အပ်နှံထား သော   ရွှေထည်ပစ္စည်းမျိုးစုံ  ၅$ ကျပ်သား ၇ ပဲ ၅ ရွေးတစ်ခြမ်း ကာလတန်ဖိုး ငွေကျပ် ၄၉၅ဝဝဝဝ ခန့်အား ယူဆောင်ထွက်ပြေးကြောင်း ပန်းထိမ်လုပ်ငန်းရှင်က ကြို့ပင် ကောက်မြို့မရဲစခန်းသို့ တိုင်ကြားခဲ့ကြောင်း သိရသည်။

အမှုနှင့်ပတ်သက်၍ ရဲအုပ် မြင့်မိုး ဦးဆောင်သော တပ်ဖွဲ့ဝင်များက လိုအပ်သည့် စစ်ဆေးမှုများ ဆောင်ရွက်ခဲ့ရာ ပြစ်မှုကျူးလွန်သူများသည် ရန်ကုန်တိုင်း ဒေသကြီး သာကေတမြို့နယ်တွင် ရောက်ရှိနေကြောင်း သတင်းရရှိသဖြင့် သာကေတ မြို့မရဲစခန်း နယ်ထိန်းအဖွဲ့နှင့် ချိတ်ဆက်ပြီး ဖမ်းဆီးရမိရေး ဆောင်ရွက်ခဲ့ရာ ဧပြီ ၂၂ ရက်ညနေ ၆ နာရီခွဲတွင် သက်သေခံပစ္စည်းများနှင့်အတူ တရားခံ ကျော်ထက်လှိုင်နှင့် အောင်ခန့်ဦးတို့အား  ဖမ်းဆီးရမိခဲ့ပြီး   ကြို့ပင်ကောက်မြို့မရဲစခန်းက  အမှုဖွင့်ထား ကြောင်း သိရသည်။              

မြို့နယ် (ပြန်/ဆက်)

No comments:

Post a Comment